လွင်-(၇)

860 128 13
                                    

Unicode

လွင်-အပိုင်း()

||မီးပျက်သွားတာကို စိတ်မပူပါနဲ့။
အစ်ကို့ရင်ခွင်ထဲမှာတော့ လွင့်အတွက်
အချစ်မီးတွေထွန်းထားပေးမယ်||

မှောင်ရီဖျ၊ပိတ်ပိတ်မှောင်နေသည့် ညအချိန်
အလယ်၌ ခွေးများက အူနေကြသည်။
​ဖုန်းမြည်သံကျယ်ကျယ်မှာကား အခန်းထဲ
ပျံ့လာလျက် ကြည်ဇေချမ်းက လန့်နိုးလာ​၏။
အခန်းမီးများက အလင်းရောင်မရှိစွာ မှောင်ပိန်း
လို့နေသည်။သူရုတ်တရက် ငိုက်မြည်းအိပ်ပျော်
မသွားစဉ်က အခန်းမီးအား ထ၍မပိတ်မိခဲ့ပေ။
ယခုလို မှောင်နေသည်က မီးပျက်ခြင်းကြောင့်
မှန်း သူသိလိုက်ရသည်။

ဖုန်းသံက ဆက်လက်မြည်နေဆဲလည်းဖြစ်
တော့ မျက်နှာအားပွတ်သပ်ကာ ဖုန်းသို့ဆွဲ
ယူလိုက်သည်။

"လွင်"ဟုမှတ်ထားသော အမည်နာမကိုတွေ့
သည့်အလျောက် ကျွန်တော်ခါးပင်မတ်ခနဲ
ထထိုင်မိလိုက်သည်။ဖုန်းရှိ နာရီဂဏန်းက ညဆယ့်နှစ်နာရီတိတိကိုပင်ပြနေ​ချေ၏။
ဘာများဖြစ်သလဲဆိုကာ ထူပူလာ၍ ဖုန်းအား
အလျင်ကိုင်မိရသည်။

"လွင် ဘာများဖြစ်လို့လဲ"

"လွင်တို့အိမ်ကိုသူခိုးကပ်လို့အစ်ကို၊အဲ့တာ
ခဏလောက်လာခဲ့ပေးပါလားဟင်"

"လာခဲ့မယ်လွင်..အစ်ကိုအခုပဲလာခဲ့မယ်"

လွင်​၏အသံလေးက အနည်းငယ်တိုးဖျနေ
သည်။ဒီကနေ့ည မီးများပျက်၍လည်း သူခိုး
အကြိုက်ဖြစ်သွားသည်ဟုထင်သည်။
ကျွန်တော် ဖုန်းသို့မချခင် လွင့်ကိုထပ်ခေါ်မိ
လိုက်သည်။

"လွင်"

"ဗျာ"

"ကြောက်နေသလား.."

"အစ်ကိုမြန်မြန်လာခဲ့"

စိတ်အစဉ်က လွင့်ဆီကိုသာအလျင်ရောက်ရန်
စေ့ဆော်မှုဖြင့် ဓာတ်မီးအားယူကာ အိမ်တံခါး၊
ခြံတံခါး သေချာသော့ခတ်ပိတ်လျက် ထွက်
လာမိတော့သည်။လမ်းတစ်လျှောက် မှောင်မဲ
လို့နေသည်။မီးပျက်နေလျက်၊ညဉ့်နက်ချိန်
လည်းဖြစ်တော့ ဓာတ်မီးတစ်ချောင်းနှင့်ခပ်
သုတ်သုတ်လမ်းလျှောက်လာနေသောကျွန်တော့် အား ခွေးများက ဝိုင်းဟောင်နေကြသည်။တော်သေးသည်က လိုက်တော့မဆွဲကြပေ။

လွင်(လြင္)||Completed||Donde viven las historias. Descúbrelo ahora