Part 4

67 12 0
                                    

ကျွန်တော်တို့နှစ်ယောက်လုံး မိုးမစိုတော့တာကိုသတိထားမိပြီး အမဲရောင်ထီးနဲ့မိုးပေးထားတဲ့ခန့်ညားတဲ့လူကိုလှည့်ကြည့်လိုက်တယ်
"ခဗျား ခဗျား ဘယ်လိုရောက်လာတာလဲ"
အဲ့ဒီလူကိုဖက်ထုပ်လေးသိနေတဲ့အကြည့်တွေ ကြောက်နေတဲ့အသံတုန်တုန်ယင်ယင်နဲ့ ပြောလိုက်တယ်
"ဖက်ထုပ်လေးဖျားတော့မှာပဲ"
ဟမ် ဖက်ထုပ်လေး
"ခွက်"(ထိုးတဲ့အသံလို့မှတ်လိုက်🥴)
ဟုတ်ပါတယ် ကျွန်တော်အဲ့လူခေါ်လိုက်တဲ့နာမည်ကကျွန်တော်မြတ်နိုးလွန်းလို့ပေးထားတဲ့ဖက်ထုပ်လေးဆိုတဲ့နာမည်ကြောင့် ကျွန်တော်သူ့ကိုထိုးလိုက်ပါတယ်
"ခဗျားဘယ်သူလဲ ဘာလို့သူ့ကိုပိုင်စိုးပိုင်နက်နဲ့ ဒီနာမည်ကိုခေါ်ရဲတာလဲ"
ကျွန်တော့်ဖက်ထုပ်လေးအရမ်းကြောက်ပြီး‌ကျွန်တော့နောက်မှရှိုက်ကြီးတငင်ငိုနေပြီ
ဟိုလူကလည်း သိပ်တည်ငြိမ်လွန်းတယ်
"စိတ်ထိန်းပါ လောလောဆယ်နှစ်ယောက်လုံးဖျားတော့မယ် ရော့ ထီးယူသွား"
"မယူနိုင်ပါဘူး ခဗျားဘယ်သူလဲလို့မေးနေတယ်လေ"
ကျွန်တော်သူ့ကိုမေးခွန်းတွေထပ်အောင်မေးနေပေမယ့် သူကအေးဆေးတည်ငြိမ်လွန်းတယ် တစ်ခွန်မှပြန်မဖြေဘူး ဒါပေမယ့်နောက်‌ဆုံးတော့ ကျွန်တော် ကတ်လေးတစ်ကတ်ပေးပြီးထွက်သွားခဲ့တယ်
ဘာကတ်လဲဆိုတာ ကျွန်တော်အာရုံမစိုက်နိုင်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်နောက်မှာပုန်းနေတဲ့ဖက်ထုပ်လေးတစ်ယောက်တုန်ယင်ပြီးချမ်းနေပြီ
ဟိုလူပေးခဲ့တဲ့ကတ်ကိုဘောင်းဘီအိတ်ထဲထည့်ပြီး ဖက်ထုပ်‌ေလးကိုပွေ့ချီကာ အဆောင်ထိလိုက်ပို့လိုက်တယ်
သူစကားတောင်မပြောနိုင်ရှာဘူး ဒီကလေးချမ်းလည်းကြောက်လည်းကြောက်နေတယ်ထင်တယ်
"မဖြစ်သေးပါဘူး"
ကျွန်တော်သူ့ကိုစိတ်မချတာနဲ့ ကျွန်တော့်အဆောင်ကိုသာခေါ်လာလိုက်တော့တယ်
     ----------------
မျက်လုံးတွေမူးဝေနေတုန်း တစ်ဖြည်းဖြည်းမျက်လုံးဖွင့်ကြည့်လိူက်တယ်
"ဟင်" ငါဘယ်ရောက်နေတာလဲ
ကိုယိ့ကိုယ်ကိုလဲပြန်ကြည့်တော့ သံပရာကိုယ်သင်းရနံ့နဲ့လူထက်နှစ်ဆလောက်ကြီးတဲ့ရှပ်အကျီလက်ရှည်ကြီး ဟမ် ငါ့အကျီလည်းမဟုတ်ဘူး ကျွန်တော်ထိုင်တွေးနေဆဲ ထိုစဉ်
"မင်းနိုးလာပြီလား သက်သာလား ကိုယ်ပူလည်းမကျသေးဘူး"
ကျွန်တော်ပါးစပ်အဟောင်းသား
ကျွန်တော် KIM TAEHYUNGရဲ့အဆောင်မှာရှိနေတာပဲ
"ဒါဘယ်သူ့အကျီကြီးလဲ"
"ငါ့အကျီလေ ဘာလို့လဲ မင်းနဲ့ကအကြီးကြီးဖြစ်နေတယ်"
သူနဲ့ကျွန်တော်နဲ့က Typeကတစ်စက်လေးမှမတူတာပါ
"ဟမ် နေပါဦး ငါ့ကိုအဝတ်အစားဘယ်သူလဲပေးတာတုန်း"
"ငါလေ"
"ဘာ...."
"ဟဲ့ ဖြည်းဖြည်းအော်ပါဟ လန့်လိုက်တာ ဘာဖြစ်လဲ ဘာဖြစ်လဲ ယောက်ျားလေးအချင်းချင်းပဲကို"
ဟ ဒီကောင်ပြောင်စပ်စပ်နဲ့ နည်းနည်းပါးပါးလိမ်မပြောဘူး မျက်နှာတွေပူလိုက်တာ
"ကဲပါ ရော့ဆေးသောက်လိုက် မင်းညနေကမိုးတော်တော်မိသွားတယ် ပြီးရင်ငါအဆောင်ပြန်လိုက်ပို့ပေးမယ်"
ကျွန်တော့်ဖက်ထုပ်လေးကို ဖက်ထုပ်ပူပူလေးကျွေးပြီးဆေးတိုက်လိုက်တယ်
ည6နာရီထိုးနေပြီ အန္တရာယ်လည်းများတော့ ဖက်ထုပ်လေးကိုအဆောင်ပြန်ပို့ဖို့တာဝန်ကျပြီ
အဆောင်ရှေ့
"မင်းနောက်တစ်ခါ ထီးယူသွားနော် မိုးမိတာနှစ်ခါရှိနေပြီ ရော့ ဒီမှာသောက်ရမယ့်ဆေးတွေ တစ်ခုခုဆိုငါ့ဆီဖုန်းဆက်နော် ဟမ်နေဦး မင်းနဲ့ငါသူငယ်ချင်းဖြစ်ပြီး တစ်‌ယောက်နဲ့တစ်ယောက်ဖုန်းနံပါတ်တောင်မသိကြဘူး ဒီဟာ ငါ့ဖုန်းနံပါတ်ပဲ တစ်ခုခုဆိုဖုန်းဆက်"
ကျွန်တော်သူ့ကိုစိတ်ပူလို့တစ်တွတ်တွတ်မှာနေခဲ့တယ် သူလည်းခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ကျွန်တော့်အကျီကြီးဝတ်ပြီးအကျီထဲနစ်ဝင်နေတဲ့ခန္ဓာကိုယ်လေးကိုဆွဲကိုင်ပြီးဖက်ပစ်ချင်လိုက်တာ
ကျွန်တော်မှာစရာရှိတာမှာ၊သူအဆောင်ထဲဝင်သွားတဲ့ထိကျွန်တော်စောင့်ကြည့်နေခဲ့တယ်
အဲ့နောက်ကျွန်တော်တစ်ယောက်ထဲ အေးဆေးပြန်လာခဲ့တယ် အခုမှသတိတရနဲ့ဟိုလူပေးသွားတဲ့ကတ်လေးကိုထုတ်ကြည့်ဖို့ပြင်လိုက်တယ်
အော် လိပ်စာကတ်ပဲ ဘာလို့ငါ့ကိုသူကဒီလိပ်စာကတ်လာပေးရတာလဲ
ကျွန်တော်စဉ်းစားရင်းဆက်လျှောက်လာခဲ့တယ် အိပ်ခါနီးခုနကလိပ်စာကတ်ကိုထပ်ထုတ်ကြည့်လိုက်တယ် ပြီးတော့ကျွန်တော်မနက်ဖြန်အဲ့လိပ်စာတိုင်းသွားဖို့ဆုံးဖြတ်လိုက်တယ်
      --------------
ဟာ ဒီနေ့လည်း ဟိုကောင်ကျောင်းမလာပြန်ဘူးထင်တယ် ကျွန်တော်ဖျားနေပေမယ့် Taehyungကိုတွေ့ချင်လို့ ကျောင်းကိုလာခဲ့တာပါ ကျောင်းဆင်းချိန်ထိသူ့ကိုမတွေ့ဘူး
"ခွမ်း"
"အမလေး"ကျွန်တော်သောက်နေတဲ့အအေးပုလင်းလက်ကလွတ်ကျပြီးကွဲသွားတယ် ဟာ အလွတ်ကြီးကျသွားတာဟ
တကယ်ပါပဲ
"ဒီနေ့ထီးယူလာတော့လည်း သောက်မိုးကမရွာတော့ပြန်ဘူး"
ဒါပေမယ့်မိုးလေးအုပ်နေတော့ ကျွန်တော်ထီးဆောင်းပြီးပြန်ခဲ့တယ်
ကျွန်တော်ကျောင်းဆင်းခဲ့ပေမယ့်စိတ်ထဲမှာပေါ့ သူလာအကြိုကိုမျှော်နေဆဲပဲ
သူဖျားနေတာလား ဒါမှမဟုတ် ကိစ္စတစ်ခုကြောင့်မလာတာလား ကျွန်တော်မေးခွန်းတွေထပ်ပြီးဗျာများနေခဲ့ပေမယ့်အဆောင်ရောက်တဲ့ထိသူ့အရိပ်အယောင်တစ်စက်ကလေးမှမတွေ့ခဲ့ပါဘူး သူဘယ်တွေများသွားနေတာလဲ ဖုန်းခေါ်ချင်ပေမယ့် ကျွန်တော့ကိုယ်ကျွန်တော်လက်မခံနိုင်သေးလို့ဖုန်းမခေါ်ပဲနေခဲ့တယ်
စိတ်ပူတာတော့ပြောမပြတတ်အောင်ပဲ
အဲ့ညတော့ကျွန်တော်အိပ်လို့လုံးဝမပျော်ခဲ့ပါဘူး
       ---------------

"Dumpling"Where stories live. Discover now