Part 2

144 15 0
                                    

သိပ်ချစ်ဖို့ကောင်းတဲ့လူသားလေးနဲ့ဆုံခဲ့ရတာ ကျွန်တော်အရမ်းကံကောင်းတယ်သိလား ဖက်ထုပ်လေး။
နှူတ်ခမ်းလေးဆူပြီး ပန်းနုရောင်သန်းနေတဲ့ပါးမို့မို့လေးကို ကျွန်တော် ဘယ်လိုမေ့လို့ရမှာလဲ လက်ဖောင်းဖောင်းနုနုလေးတွေကိုလည်းတစ်ခေါက်လောက်ဖြစ်ဖြစ်ကိုင်ချင်ပါသေးတယ် ဖက်ထုပ်လေးကိုမိနစ်‌ပိုင်းလောက်ပဲ မျက်နှာချင်း‌ဆိုင်ဆုံတွေ့လိုက်ရပေမယ့် ဖက်ထုပ်လေးရဲ့ချစ်ဖို့ကောင်းတဲ့ အစိတ်အပိုင်းလေးတွေက ကျွန်တော့ခေါင်းထဲအလွတ်ရပြီးသား
ည ၂နာရီတောင်ထိုးပြီ ကျွန်တော်အိပ်သင့်နေပြီ ကျွန်တော်ထပ်တွေးနေရင်သူ့လျှာတွေကိုက်မိနေမှဖြင့်...
နောက်တစ်နေ့မနက်......
  "ကလင် ကလင်" Alarmမြည်သံကြောင့် ကျွန်တော်လန့်နိုးသွားတယ်
ညကတော်တော်နဲ့မအိပ်ခဲ့လို့အတန်းမမှီရင်ဒုက္ခ
  အိမ်ထဲကအမြန်ပြေးထွက်လာခဲ့တာ ထီးတောင်မြေခဲ့တဲ့အဖြစ် ကျန်တဲ့အချိန်‌ဆိုစိုးမရိမ်ပေမယ့် ရာသီဥတုကသိပ်မမှန်တော့ကျောင်းကိုအမြန်သွားလိုက်ရတယ်။
     -----------------
ကျောင်းဝန်းထဲပြေးလာရင်းလူတစ်ယောက်ကိုဝင်တိုက်မိပြီထင်ပါရဲ့ ကျွန်တော် လည်ထွက်ပြီး မြေပြင်ပေါ်လဲကျသွားတယ်။
"အားးးး"
ကျွန်တော်အရမ်းနာနေပေမယ့် ကျွန်တော်တိုက်မိလိုက်တဲ့လူကိုတောင်းပန်ဖို့ဘေးဘက်ကိုကြည့်လိုက်တဲ့အချိန်မှာ "ဖက်ထုပ်လေး"
ဟာ ကျွန်တော်သူ့ကိုဝင်တိုက်လိုက်တာသူတော်တော်နာသွားမှာပဲ သူ့လက်နုနုလေးတွေပွန်းသွားခဲ့ပေမယ့် မြေပြင်ပေါ်မှာပြန့်ကြဲသွားတဲ့ စာရွက်တွေကိုခေါင်းလေးငုတ်ပြီးကောက်နေရှာတယ်။ ကျွန်တော်ကတော့ပက်လက်အတိုင်းသာ။
ကျွန်တော်အမြန်ထပြီး သူ့ရဲ့စာရွက်တွေကူကောက်ပေးလိုက်တယ်။ စာ‌ရွက်တွေကောက်အပြီးသူဟာအမြန်ထွက်သွားဖို့လုပ်နေတဲ့အချိန်
"ငါတောင်းပန်ပါတယ် မင်းတော်တော်နာသွားလား"
ကျွန်တော်တောင်းပန်လိုက်တဲ့အချိန်ထိနောက်ကျောပေးပြီးရပ်နေခဲ့ပေမယ့်ကျွန်တော့စကားအဆုံးမှာ သူကျွန်တော့ကိုလှည့်တောင်မကြည့်ပဲထွက်သွားခဲ့ပါတယ်။ ဖက်ထုပ်လေးကတကယ့်အလှလေးဗျာ....
      ----------------
"အဲ့ဒီKim Taehyungဆိုတဲ့တစ်ယောက်ကတော့တကယ်ပါပဲ"
ကျွန်တော်ရေရွတ်နေတုန်း လက်တွေလည်းတော်တော်နာနေတယ်။ စာတောင်လိုက်မရေးနိုင်ခဲ့ဘူး။
      ----------------
မိုးကလည်းအငြိုးကြီးလိုက်တာ ကျောင်းဆင်းချိန်ကျမှရွာရလားဟ
လက်ကလည်းနာနေပေမယ့် ထီးမဆောင်းရင်ဒီထက်ပိုဖျားမယ်ဆိုတဲ့အသိဝင်ပြီး လက်နာနာနဲ့ထီးဖွင့်ဆောင်းလိုက်ရတယ်။
"ဟ ထပ်တွေ့ပြန်ပြီ"
တမင်သက်သက်များ ကျွန်တော့နောက်လိုက်နေလား‌ေတာင်ထင်ရမယ် ဒါပေမယ့်ထူးဆန်းတာက သူ့မှာထီးမပါတဲ့ပုံပဲ မိုးရေတွေလဲစိုရွှဲလို့ မနက်ကဝင်တိုက်မိတဲ့တံတောင်ဆစ်ကဒဏ်ရာကလည်းသွေးတွေမတိတ်သေးဘူး ဟာ..ငါကသူနဲ့ဘာတော်လို့သူ့အကြောင်းတွေးနေရတာလဲ ငါနဲ့လည်းမဆိုင်ဘူး
အတွေးတွေရပ်ပြီးဆက်လျှောက်ခဲ့တယ်။
"အောင်မလေး"
ဘေးကအေးစက်စက်အထိအတွေ့ကြောင့်ကျွန်တော်လန့်သွားတယ် ဘယ်သူဖြစ်မလဲကြည့်လိုက်တော့"Kim Taehyung" ကျွန်တော်ရေရွတ်လိုက်ပေမယ့် အသံကျယ်သွားတယ်ထင်တယ်
"မင်းငါ့နာမည်မှတ်မိနေတာလား"
"မင်းဘာလို့ငါ့နောက်ပဲလိုက်နေတာလဲ" "ငါတောင်းပန်ပါတယ် ငါမင်းကိုခင်ချင်လို့ပါ ငါ့မှာသူငယ်ချင်းလည်းမရှိလို့ သူငယ်ချင်းမရှိတဲ့မင်းနဲ့လည်းခင်ချင်လို့ မင်းကငါ့ကိုစကားပြန်မပြောလို့ဝမ်းနည်းနေတာ အခုမင်းငါ့ကိုစကားပြောတယ်ဆိုတော့ပျော်လိုက်တာ"
"အရူး"
ကျွန်တော့်ကိုအရူးလို့ပြောလိုက်ပေမယ့်
နူတ်ခမ်းဆူဆူလေးနဲ့တော့ဆိုတော့ ဘယ်လိုနေနေချစ်ဖို့ကောင်းမှူတွေနဲ့ပြည့်နှက်နေတော့ ကျွန်တော်မျက်နှာပိုးသတ်မရတော့ဘူးဗျာ။
"ငါ့မှာထီးမပါလို့ မင်းနဲ့ကပ်ဆောင်းမယ်နော်"
ကျွန်တော်ကြောင့်ဖျားတယ်ဆိုပြီးဖြစ်သွားမှာမလိုလားလို့ကျွန်တော်လက်ခံလိုက်တယ်။
"ထီးကမင်းဆိုဒ်နဲ့တိုင်းပြီးဝယ်ထားတာလား"
"ဟ ခွေးကောင် သူများထီးလည်းဆောင်းသေးတယ် မဆောင်းချင်ရင်ပြန်ပေး"
"စတာ စတာ ဟီးးး"
ဟုတ်လည်းဟုတ်တာပဲ ထီးသာဆောင်းနေတာ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်တစ်ခြမ်းကစိုရွှဲနေရော။
     ----------------
သူကျွန်တော့်အဆောင်နားထိလိုက်ပို့တယ်
"မင်းကျတော့ဘယ်လိုပြန်မှာတုန်း"
"ရပါတယ် ငါကမင်းနဲ့ခင်ချင်လို့သာ
မလုံ့တစ်လုံထီးလေးဆောင်းလာတာငါ့ဘာသာပြန်လို့ရတယ်အေးဆေး"
ပြောတဲ့ပုံကိုကပြောင်စပ်စပ်နဲ့ သူများထီးလည်းဆောင်းသေးတယ်
"ဒါဆိုတာ့တာ ငါသွားပြီ"
သူနှူတ်ဆက်ပြီးနောက်ကျွန်တော်လဲအဆောင်ထဲဝင်တော့မလို့လုပ်ရင်း
"ဖက်ထုပ်လေးး"
အဝေးကနေလှမ်းခေါ်သံ
ကျွန်တော်လှည့်ကြည့်လိုက်တော့ မိုးစတွေကြားထဲက အဖြူရောင်ရှပ်လက်ရှည်လေးနဲ့ မိုးတွေစိုနေတာတောင်လှနိုင်လွန်းတဲ့ Kim Taehyungရဲ့အသံ
လက်တွေဝှေ့ယမ်းပြရင်း
"မင်းနဲ့ငါနဲ့သူငယ်ချင်းဖြစ်သွားပြီနော်"
ဟ ဇွတ်ဟေးး
"အေး အေး"
ဟိုက် ကျွန်တော်ယောင်ပြီး ပြန်တုံ့ပြန်မိပြီ ရှက်ရှက်နဲ့အဆောင်ထဲပြေးဝင်ပြီးအဝတ်အစားလဲ မနက်ကဒဏ်ရာတွေကိုဆေးထည့်ပြီးအနားယူတော့မယ်
ဟိုလူKim Taehyungကသူ့အရပ်ရှည်ရှည်နဲ့ထီးလေးဘာလေးမကိုင်ပေးဘူး ငါ့မှာတော့လက်တွေတောင်ပြုတ်တော့မယ်သူ့အရပ်ရှည်ကြီးလိုက်မိုးပေးနေရတာ
အာာ တွေးနေမိပြန်ပြီ အဲ့ကောင်အကြောင်း အိပ်တာပဲကောင်းတယ်
                      -------------------------------------

"Dumpling"Where stories live. Discover now