Part 5

129 16 3
                                    

ကျွန်တော်မိုးလင်းပေါက်ထိ မေးခွန်းများစွာနဲ့အိပ်မပျော်ခဲ့ဘူး ကျွန်တော်သူ့အပေါ်မေတ္တာပိုနေတာသိလိုက်ရတယ် ကျွန်တော်ကဖုံးကွယ်တတ်တဲ့လူဖြစ်တာကြောင့် သူ့ကိုကျွန်တော်ချစ်တာတောင်လက်မခံနိုင်ပဲဖြစ်နေတယ်
ပျင်းတိပျင်းရွဲလမ်းထွက်လျှောက်ခဲ့တယ်
"ဖက်ထုပ်လေးးး"
"ဟမ်"
ကျွန်တော့်အပြုံးတွေမဖုံးနိုင်စွာနဲ့နောက်ကိုလှည့်ကြည့်ခဲ့တယ်
သူဘယ်မှာလဲ သူကျွန်တော့်ကိုခေါ်လိုက်တာလေ နားနဲ့ဆက်ဆက်ကြားပါတယ်
နားကြားမှားတာဖြစ်မှာပါ ဆက်လျှောက်လာခဲ့ပေမယ့် ကျွန်တော်ခေါင်းတွေရှုပ်နေပြီ သူအဆင်ပြေရဲ့လား သူဘာတွေဖြစ်နေတာလဲ
"ဟာ"
မနေ့ကလူပြန်ရောက်လာပြန်ပြီ
"ခဗျားဘာလာရှုပ်ပြန်လာလဲ အေးဆေးနေပါဗျာ"
"ဖက်ထုပ်လေးကို ကို လာရှုပ်တာမဟုတ်ပါဘူး"
"အဲ့နာမည်လာမခေါ်နဲ့နော် ခဗျားခေါ်ချင်တိုင်းခေါ်ရအောင် ခဗျားနဲ့ကျွန်တော်ဘာမှမတော်ဘူး"
"KIM TAEHYUNGကရော ဖက်ထုပ်လေးနဲ့ဘာတော်လို့လဲ"
ခက်ရဲ့ရဲ့အပြုံး လှောင်ရီသလိုအသံမျိုးနဲ့ကျွန်တော့်ကိုလာမေးတယ်
စိတ်ညစ်ရတဲ့ကြားထဲ ဒီလူကတစ်မျိုး
"သူနဲ့ကျွန်တော်ကသူငယ်ချင်းလေ ခဗျားထက်ပိုရင်းနှီးတယ် သူ့ဘာသာခေါ်ပိုင်ခွင့်ရှိတယ်"
"သူငယ်ချင်းတော့မဟုတ်ဘူး သူငယ်ဂျင်းပဲဖြစ်မှာ ဟဟ ဟိုကောင်ကမင်းကိုသူ့သူငယ်ချင်းလို့ရောသတ်မှတ်လို့လား လစ်ရင်လစ်သလိုမင်းကိုအခွင့်ရေးယူနေတာ မင်းကအရမ်းတွေဖြူစင်နေပေမယ့်သူ့ဘက်ကရောဖြူစင်တယ်လို့မင်းထင်နေတာလား ဟ"
ကျွန်တော်ကြောင်တောင်တောင်ဖြစ်နေတယ်
"Yaa jiminah"
ဟယ် မနေ့ကတစ်နေကုန်ပျောက်နေတဲ့ကျွန်တော့်လူရောက်လာပြီ ‌ကျွန်တော်ပခက်အခဲဖြစ်တိုင်းရောက်လာတတ်လွန်းလို့ ကျွန်တော့်မှာအံ့ဩနေသည်
ဟဲဟဲ Mr Kimကကျွန်တော့်လူပါ
ကျွန်တော်ကသူ့အချစ်ဦးကျနေတာပဲ ရောက်လာတာနဲ့ ကျွန်တော့်ပုခုံးဖက်ပြီး ဟိုလူကိုရန်တွေ့နေတာများ
"ခဗျားရောက်လာပြန်ပြီ ကွယ်ရာမှကျွန်တော့်$တင်းတုတ်မနေနဲ့‌ေယာက်ျားဆိုဒဲ့ရှင်း"
အမယ် ရန်တွေ့တာကြီးက
ကျွန်တော်မပြုံးမိအောင်ထိန်းထားရတယ်
"Park Jiminကကျွန်တော့်အပိုင်"
ဟင် ကျွန်တော်မျက်လံုးအပြူးသား
Taehyungကိုသာကျွန်တော်ကြောင်တောင်တောင်ကြည့်‌မိနေသည်
ဟိုလူကို‌လက်ညိုးတစ်ထိုးထိုးနဲ့ပြောနေ‌တဲ့Kim Taehyungရဲ့ဒေါသထွက်နေတဲ့မျက်နှာက တစ်မျိုးကြည့်ကောင်းနေပြန်ရော အရင်ဘဝကဘာတွေများလုပ်ခဲ့လို့ဒီလောက်‌ကြည့်ကောင်းရတာလဲ
ဟိုလူရဲ့တုန့်ပြန်မှူကိုစောင့်မနေပဲ သူကျွန်တော့်ကိုဆွဲခေါ်ပြီး ပြန်လှည့်လာခဲ့တယ်
"ဟကောင် လွှတ်ဦး လက်နာတယ်ဟ မင်းဘာလို့အဲ့လောက်တောင်စိတ်ဆိူးနေရတာလဲ"
"စိတ်မဆိုးလို့ရမလား မင်းကငါ့..."
"ငါကမင်းရဲ့ဘာဖြစ်လဲဆက်ပြောလေ"
"ဟို မင်းကငါ့သူငယ်ချင်းလေ"
ကျွန်တော်မအောင့်နိုင်ပဲရီချလိုက်တယ်
"ဟ ဘာရီတာလဲ"
"Taehyungမင်းမှန်မှန်ဖြေ"
"ဘာလဲ"
"ဟိုနေ့က တွေ့တဲ့ကောင်မလေးကိုမင်းမကြိုက်ဘူးမှတ်လား ငါကြိုက်တယ်ပြောလို့လိုက်ပြောတာမှတ်လား"
"ဘာဆိုင်လို့လဲ ကြိုက်လို့ကြိုက်တယ်ပြောတာလေ"
"လိမ်နေပြန်ပြီ"
ကျွန်တော်လိမ်တာဘယ်လိုသိရပြန်တာတုန်း
"ဟဲ့"
နောက်ကနေခန္ဓာကိုယ်သေးသေးလေးရဲ့သိုင်းဖက်လိုက်မှူကြောင့်ကျွန်တော်လန့်လဲလန့်သွားသလို ရင်ထဲမှာလဲဝုန်းဒိုင်းကြဲနေပြီ
"မင်းဘာလုပ်တာလဲ လွှတ် ငါလမ်းလျှောက်လို့မရတော့ဘူး"
"မင်းကိုသဘောကျမိနေပြီထင်တယ်"
ဘာ ကျွန်တော်အိမ်မက်မက်နေတာလား
သူအတည်ကြီးတွေပြောနေတာပဲ
ကျွန်တော့်နောက်ကိုသိုင်းဖက်ထားတဲ့ခန္ဓာကိုယ်သေးသေးလေးဘက်လှည့်ကာ
"မင်းတကယ်ကြီးတွေပြောနေတာလား"
"လက်မခံနိုင်သေးဘူး"
"ဟမ်"
"ဟုတ်တယ် ငါ့ကိုယ်ငါလက်မခံနိုင်သေးတာ"
"ငါတော့ပွင့်လင်းတယ် ငါမင်းကိုသဘောကျနေပြီ"
"သဘောကျရုံပဲမှတ်လား"
ကျွန်တော်ဖြေစရာမရှိတော့ဘူး
ဟုတ်လည်းဟုတ်တာပဲ ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မမေးမိဘူး
"ငါပြောရရင်မင်းရဲ့အနားမှာအမြဲနေချင်တယ် မင်းကိုသဝန်တိုမိတယ် သူငယ်ချင်းအနေနဲ့ပဲလည်းဆက်ရှိချင်တယ် ပိုင်လည်းပိုင်ဆိုင်ချင်တယ် အဲ့ဒါ‌မင်းငါ့ကိုကူညီပေးနိုင်မလား"
ချစ်တယ်လို့ခေါ်လို့ရပြီလားဒါက ကျွန်တော်မသိဘူး ခုနကသူ့ကိုကျွန်တော်ပြောလိုက်တာအကုန်ပဲ
"ငါ့ကိုယ်ငါသိလာတဲ့တစ်နေ့ကိုမင်းကိုပြောပြပါ့မယ်"
လက်ရှိတော့သူငယ်ချင်းအဖြစ်နှစ်ဦးသဘောတူနေလိုက်ကြပါတယ်
ဒီလိုပြောလိုက်မှပေါ့သွားသလိုခံစားလိုက်ရတယ် အဲ့နေ့တော့ညနေစောင်းတဲ့ထိဖြစ်သွားပေမယ့် နှစ်ယောက်လုံးရင်ဖွင့်ခဲ့ပြီးပျော်ရွှင်ခဲ့ရသလို ပိုပြီးလည်းရင်းနှီးလာခဲ့တယ်။
                   --------------------------------

You've reached the end of published parts.

⏰ Last updated: Nov 08, 2021 ⏰

Add this story to your Library to get notified about new parts!

"Dumpling"Where stories live. Discover now