မိုးတွေအုံဆိုင်းနေတဲ့ရာသီဥတုလေး အေးချမ်းနေတဲ့နေရာလေးမှာ လမ်းလျှောက်ထွက်ရတဲ့အရာသာက ဘာနဲ့မှမလဲနိုင်ဘူး။ အတေးတွေနဲ့လမ်းလျှောက်လာတဲ့လမ်းမှာ လေလေးတွေတစ်ဖြူးဖြူးနဲ့ဘတစ်ချက်တစ်ချက်တိုးဝင်လာတဲ့ဘအေးစက်တဲ့ လေတွေရှူရှိူက်ရတာကိုကျွန်တော်နှစ်သက်တယ်။ ၁၆နှစ်သားအရွယ်ရဲ့ပျော်ရွှင်မှူကရိုးရိုးလေးပါ။
"ဟေး ဟိုရှေ့ကတစ်ယောက်"
နောက်ကနေ လျပ်တစ်ပြက်ခေါ်လိုက်တဲ့အသံကြောင့် အတွေးတွေရပ်ပြီး လှည့်ကြည့်မိလိူက်တယ်။ ကျွန်တော်ရပ်လိုက်တဲ့အချိန်မှာ ခုနကကျွန်တော့်ကိုခေါ်လိုက်တဲ့ ထောင့်ကျကျမျက်နှာနဲ့ ကြွေရုပ်လေးအလား ဆွဲဆောင်မှူရှိတဲ့ အမျိုးသားက ကျွန်တော့ဆီတစ်လှမ်းချင်းလျှောက်လာခဲ့တယ်။ ကျွန်တော်သူ့ကိုမမြင်ဖူးပါဘူး။ ဘာလို့ကျွန်တော့ကိုခေါ်တာလဲ။ ကျွန်တော်တွေးနေတုန်း
"မင်းကငါတို့ကျောင်းကထင်တယ် တွေ့ဖူးသလိုရှိလို့လှမ်းခေါ်လိုက်တာ"
ကျွန်တော်ကတော့ကြောင်တောင်တောင်ဖြစ်နေတုန်းပဲ
"မင်းနာမည်သိလို့ရလား"
အရမ်းစကားများတာပဲ ကျွန်တော်ရေရွတ်နေမိတယ်။
"ဟိတ် ငါမေးတာဖြေအုံးလေ" ကျွန်တော်လန့်ပြီး ကျွန်တော့်နာမည်ပြောမိသွားတယ် " Park Jimin ပါ"
"ဖက်ထုပ်လေး"
"မဟုတ်ဘူး ကျွန်တော့်နာမည် Park Jimin" "ဖက်ထုပ်လေးလို့ပဲခေါ်မယ်လေ" ဖက်ထုပလေးတဲ့ ဘာနာမည်ကြီးတုန်းဟ ဒီနာမည်တစ်ခါမှမကြားဖူးဘူး
"ဟူး..."
သက်ပြင်းတစ်ချက်ချလိုက်တယ်။
"စိတ်မဆိုးပါနဲ့ မင်းကဖက်ထုပ်လေးလိုသေးသေးလုံးလုံးလေးမို့လို့ ဟီးဟီး စတာ ငါက Kim Taehyung ငါ့ကိုရော nicknameပေးချင်လား"
"မပေးတော့ပါဘူး Kim Taehyungလို့ပဲခေါ်မယ်"
"မင်းကအရမ်းအေးတာပဲ မင်းမှာသူငယ်ချင်းမရှိဘူးလား" "ငါ...ဟို....ကျွန်တော်.."
"ရပါတယ်ငါလို့ပဲပြောပါ"
"ငါကတစ်ယောက်တည်းနေရတာကြိုက်လို့ပါ သွားစရာရှိလို့သွားပြီနော်"
ကျွနိတော်ထွက်လာခဲ့ပေမယ့်ကြွေရုပ်လေး....အဲ...Kim Taehyungကတော့ အဲ့နေရာကနေ ကျွန်တော်ထွက်သွားတာကိုပြုံးပြီးရပ်ကြည့်နေတုန်း မုန်းစရာကြီး သူများကိုနာမည်တွေဇွတ်မေး ပေးချင်တဲ့ nicknameတွေပေးနေတယ်။
____________________
Part 2 မျှော်
YOU ARE READING
"Dumpling"
أدب الهواةစတွေ့တဲ့နေ့ထဲက အူကြောင်ကြောင်လေးနဲ့ချစ်ဖို့ကောင်းတဲ့ Park Jimin ကြွေရုပ်အလားဆွဲဆောင်မှူရှိပြီးကြည့်ကောင်းတဲ့ Kim Taehyung typeမတူတဲ့သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်ခဲ့ပြီး နောက် ကြားထဲဘာအနှောင့်အယှက်တွေဝင်လာမလဲ.....