Zawgyi (1)

1.5K 83 20
                                    

2012 ခုနှစ်၊ TTU (သံလျင်) ကျောင်းသင်္ကြန်ပွဲ

ရေတွေနစ်နေသောတီရှပ်ကိုခေါင်းကနေလှန်ကာဆွဲချွတ်လိုက်ရင်းညှစ်ချလိုက်ပြီးမှ လည်ပင်းနှင့်ခန္ဓာကိုယ်ပေါ်တွင်ရှိသောရေစက်ရေမှုန်တို့ကိုကုန်စင်သွားအောင်ပွတ်သပ်လိုက်ရပြန်၏။

ကျောပိုးအိတ်ထဲတွင်မမေ့မလျော့ထည့်ယူလာခဲ့သောမေဂျာတီရှပ်အဖြူတစ်ထည်ကိုပြောင်းလဲဝတ်ဆင်လိုက်ပြီးမှ ပုဆိုးစိုကိုချွတ်လို့ဂျင်းပန်တစ်ထည်နှင့်ပြောင်းဝတ်လိုက်ရပြန်၏။

ယနေ့တွင်TTUကျောင်း၏မေဂျာပေါင်းစုံကျောင်းသင်္ကြန်ပွဲနေ့ဖြစ်ခြင်းကြောင့် တစ်ကျောင်းလုံးလည်းဆူညံပွက်လောရိုက်ရင်းမြူးတူးပျော်ပါးနေကြသည်မှာစိတ်လွတ်ကိုယ်လွတ်။

ဌားရမ်းထားသော Music Band အဖွဲ့နှင့်ကိုမိုက်ခဲ မမိုက်ခဲများလည်းရှိနေကြသလို ရေစိုစိုနှင့်ဒွန့်နေကြသူတို့ကလည်းမနည်းမနော။

ဆိုဖို့လည်းစိတ်မပါ 'က'ရန်လည်းစိတ်မဝင်စားသည့်ကျွန်တော်တို့လိုလူအနည်းစုကတော့လူရှင်းနေသည့်စာသင်ခန်းတစ်ခုထဲတွင် ဒိုင်လျှိုကလေးနှင့်သောက်စားလို့နောက်ဆုံးနှစ်ဆိုသည့်အချိန်အ ခါလေးကိုလွတ်လွတ်လပ်လပ်ဖြတ်သန်းနေဖြစ်ကြ၏။

မေဂျာတူသူငယ်ချင်းတစ်စုနှင့်ဘီယာစုသောက်နေရင်း ကျောင်းကန်တင်းမှာအမြည်းအတွက်ဖွယ်ဖွယ်ရာရာလေးသွားဝယ်စဉ် လမ်းတွင်တွေ့သမျှလူတွေရဲ့ရေပက်လိုက်ခြင်းကြောင့်လူလည်းရွှဲရွှဲစိုခဲ့ရ၏။

ခြောက်သွေ့သောအဝတ်တို့ကိုလဲလှယ်လိုက်ပြီးမှ ခပ်လှမ်းလှမ်းတွင်ဝိုင်းဖွဲ့သောက်စားနေသောလူတစ်စုရှိရာဆီလှမ်းလာခဲ့ရင်း စားပွဲအလယ်တွင်စုပုံတင်ထားသေားဗူးပေါင်းများစွာထဲက Tiger Can တစ်ဗူးကိုဆွဲယူဖွင့်ဖောက်လို့မော့သောက်လိုက်ရင်းခုံတန်းအစွန်တွင်ဝင်ထိုင်လိုက်ချိန်...။

"ဟန်လေး...မင်းကဘီယာပဲလား၊ ဒီမှာ Grand ရှိတယ်လေကွာ"

ဖြိုးမာန်က Grand အပြာပုလင်းကိုထောင်ပြလို့အပြင်းကိုင်ဖို့ပြောလာပေမယ့်ခေါင်းကိုရမ်းပြလိုက်ရင်း...။

သူငယ်ချင်း...ချစ်သူWhere stories live. Discover now