Zawgyi (3)

790 67 48
                                    

Thiha Minn San

ဖွင့်မပြောလို့ကလည်းမဖြစ်တော့တဲ့အခြေအနေမှာအားတင်းလို့ဖွင့်ဟဝန်ခံခဲ့လိုက်ခြင်းတွင် မျှော်မှန်းထားတာနှင့်ကွဲလွဲလို့စိတ်လိုက်မာန်ပါဖြစ်သွားခြင်းကြောင့် နီးလျှက်နှင့်ဝေးရပါတော့သည်။ တမင်တကာရှောင်ဖယ်ပြေးနေသူကြောင့်ရင်တွေလည်းနာလှပါတော့သည်။

သူငယ်ချင်းတွေနှင့်ဆုံတွေ့ချိန်တိုင်းတော့ဟန်မပျက်နေခဲ့ရင်း သူလည်းဆိုင်တစ်ဆိုင်နှင့်အလုပ်တွေရှုတ်နေခဲ့သလို ကျွန်တော့်မှာလည်းတာဝန်ကျရာနေပြည်တော်ပေါင်းလောင်းကိုထွက်လာခဲ့ရပါတော့သည်။ 

နေရာသစ် ပတ်ဝန်းကျင်အသစ်မှာ စာတွေ့ကိုလက်တွေ့အ​ဖြစ်အသုံးချရင်းမအားမလပ်ဖြစ်နေသည်ကြားဖုန်းနှင့်အဆက်အသွယ်လည်းမပြတ်ခဲ့ပါဘူး။

အဖြေလည်းပြန်မပေး စကားလည်းအစမခံ တမင်ကိုရှောင်ဖယ်လို့ဥ​ပေက္ခာတရားလက်ကိုင်ထား​နေသူကြောင့် ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေမျိုးနှင့်ကြုံနေရပါတော့သည်။ 

ပေါင်းလောင်းမှာတာဝန်ကျနေရင်းမျက်ပေတုံးရဲ့ခြေလှမ်းတွေကိုလည်းစောင့်ကြည့်နေရပြန်၏။ စီးပွားရေးလုပ်ကတည်းကဘယ်မိန်းကလေးဘက်ကိုမှခြေဦးမလှည့်တော့သည့်အပြုအမူတွေကြောင့်တစ်ဖက်ကလည်းစိတ်အေးနေရသလို သူတို့မိသားစုရဲ့ထုံးစံအတိုင်းစပ်ဟပ်ပြီးအိမ်ထောင်ချပေးတာမျိုးလည်းရှိနေပြန်ခြင်းကြောင့်အခြားတစ်ဖက်ကလည်းပူပန်နေရပြန်၏။ 

လူကိုသူငယ်ချင်းတွေအရှေ့မှာကျအရင်လိုရင်းရင်းနှီးနှီးနေပြတတ်ပြီး နှစ်ယောက်ထဲတွေ့ရန်ခွင့်မပေးတော့သလို သူငယ်ချင်းတွေကွယ်ရာရောက်လျှင်တည်တင်းသွားတတ်သောမျက်နှာပေးကရုပ်ကလေးနှင့်မှမလိုက်အကြောကခပ်တင်းတင်း။ 
ကိုယ်ကလည်းသိပ်စိတ်ရှည်တဲ့ကောင်မဟုတ်လေတော့ တွေ့လိုက်တိုင်းလည်းတကျက်ကျက်ဖြစ်နေသလို ယောက်ျားချင်းဖြစ်နေတော့လည်းအိညှက်အိညှက်နှင့်မပြောတတ်ခဲ့ပါ။ လူပုံကလေးဖြူနွဲ့နွဲ့နှင့်သောက်ကြောတင်းချက်ကလည်းကျွန်တော်နှင့်နင်လားငါလားအပြိုင်ပါ။ 

သူငယ်ချင်း...ချစ်သူWhere stories live. Discover now