{Unicode}
ကျွန်တော့်အချစ်ဆုံးလေးနဲ့မdateရတာ တော်တော်တောင်ကြာပြီဗျ ဘာလို့ဆို သူကအိပ်ခန်းထဲမှာဘဲခွေနေတာလေအပြစ်မမြင်ရက်ပါဘူး ကိုယ်ဝန်ဆောင်တယ်ဆိုတာမိန်းကလေးတွေအတွက်တောင် မလွယ်ကူတာ ကျွန်တော့်အချစ်ဆုံးက ယောက်ကျားလေးဖြစ်တာမို့ ပိုလို့တောင်သူ့အတွက်စိတ်ပူရသေးသည်
ရေကူးကန်ဘေးနားမှာ သစ်သားစားပွဲဝိုင်းလေးနဲ့ထိုင်ခုံနှစ်ခုသာထားထားပြီး ရိုးရိုးရှင်းရှင်းလေးပြင်ဆင်ထားသည် ဝိုင်တူတူသောက်ရန်ဝယ်လာသော်လည်း ကျွန်တော့်ရဲ့အချစ်ဆုံးလေးက ကျွန်တော့်သွေးသားလေးကိုလွယ်ပေးထားတာမို့ဝိုင်သောက်လို့မဖြစ်ပေ။
"အချစ်ဆုံးကလည်းကြာလိုက်တာ"
ဘယ်လောက်တောင်ပြင်ဆင်နေလဲမသိ။ ည၈နာရီတောင်ကျော်ပြီ အခုထိ အောက်ထပ်ကိုမဆင်းလာသေး။ရေကူးကန်ဒိတ်မို့လို့ ဂျွန်ကဘောင်းဘီအမဲရောင် အတိုလေးသာဝတ်ထားသည်။
"မောင်"
အချစ်ဆုံးရဲ့ခေါ်သံကြားတာနဲ့လှည့်ကြည့်လိုက်တော့
စကားတွေပါဆွံ့အသွားရသည်။ ခန္ဓာကိုယ်သွယ်သွယ်လေးမှာ ဇာအနီရောင် အပေါ်ထပ်လေးသာဝတ်ဆင်ထားသည်။ ဘောင်းဘီကလည်းတိုတိုလေးဖြစ်တာကြောင့် ပေါင်သားအလှက တော်တော်လေးကိုပေါ်လွင်နေသည်။တစ်သားမွေးတစ်သွေးလှဆိုတဲ့အတိုင်း မွေးတောင်မမွေးရသေးဘဲနဲ့ကျွန်တော့်သွေးသားလေးကိုလွယ်ပေးထားတဲ့ အချစ်ဆုံးဟာ တကယ့်ကိုအလှနတ်ဘုရားအလား။
"လှလိုက်တာ အချစ်ဆုံးရယ်"
မျက်တောင်မခတ်ဘဲ မျက်လုံးအဝိုင်းသားနဲ့ သူ့ကိုကြည့်နေတဲ့မောင်က တကယ်ကိုချစ်စဖွယ်
"မောင်အဲ့လောက်စိုက်ကြည့်နေရင် သွားလဲလိုက်
တော့မှာနော်"ဂျွန့်ရဲ့လည်ပင်းကိုသိုင်းဖက်ပြီး နှုတ်ခမ်းလေးထော်ကာ ချွဲနေတဲ့အချစ်ဆုံးကို အသဲယားလာတာကြောင့် ခါးသွယ်သွယ်လေးကို ပြန်ဖက်လိုက်ပြီး အနမ်းတွေပေးဖို့စတင်ပြင်ဆင်လိုက်တော့တယ်။
"အွန်း..အွန်း"
ဖွဖွလေးမနမ်းတက်ဘဲ အားရပါးရနမ်းတက်တဲ့ဂျွန်ကြောင့်သူ့အနမ်းတွေကိုတုန့်ပြန်ဖို့ အမှီလိုက်ရသေးသည်။
ESTÁS LEYENDO
Sugar Baby[Completed]
Romance# You Are My Sugar Baby #JJK X KTH Male pregnancy 🍓 #TaeKook #🐯🐰 Completed-4.12.2021