Pg-16

3.4K 299 13
                                    

{Unicode}

ပါပါးရဲ့စျာပနအပြီး ၁ပတ်ကြာတော့ koreaကိုပြန်ဖို့ပြင်ဆင်လိုက်တယ်

Korea နိုင်ငံကို Italy မှလေယာဉ်၁၄နာရီလောက်ဆက်တိုက်စီးပြီးတော့ ရောက်လာခဲ့ပြီ

လေဆိပ်ကိုkoreaမှသူ့လူတွေကလာကြိုတော့အဆင်သင့်ကားထဲဝင်ထိုင်လိုက်ရင်း

"သခင်လေး အိမ်ကိုတန်းပြန်မယ်မလား"
"နေရာတစ်ခုကိုဝင်ပေးပါ "

အလိုရှိရာ အစ်ကို့ရဲ့အိမ်ရှေ့ကိုတော့ရောက်လာပြီ
ခရီးပန်းခဲ့တာတောင် အိမ်ကိုတန်းမသွားနိုင်ပါ
မျက်နှာလေးဖြစ်ဖြစ် မြင်ချင်သေးသည်
လူချင်းတော့ရင်ဆိုင်မတွေ့နိုင်သေးပါ ရင်ဘတ်ထဲကဒဏ်ရာတွေကနာကျင်နေတုန်းဘဲလေ မျက်နှာချင်းဆိုင်သာတွေ့ရရင် ကျွန်တော်ရူးသွားမလားဘဲ

ကားထဲကနေသာ အစ်ကို့ရဲ့အိမ်ကိုငေးကြည့်နေမိတယ်အစ်ကို့ရဲ့အိမ်ထဲကနေထွက်လာတဲ့Yoonjiကြောင့်
Jeonကားမှန်ကိုအမြန်ပိတ်လိုက်ရင်း

"သူတောင်ဆေးရုံကဆင်းလာပြီဘဲ"

Yoonjiက လက်ထဲက ကလေးလေးနဲ့အတူအိမ်ရှေ့ထွက်လာရင်း အိမ်ရှေ့မှာရပ်ထားတဲ့ကားကို သတိထားမိတယ်သူထွက်ထွက်လာချင်း ကားမှန်ကိုပိတ်လိုက်တဲ့လူရဲ့မျက်နှာကိုလည်း နဲနဲမြင်လိုက်ရတယ်

"မြင်ဖူးသလိုလိုဘဲ "

ဘယ်သူဘဲဖြစ်ဖြစ်သူ့ကိစ္စမဟုတ်သည့်အတွက် အိမ်ရှေ့မှာအမှိုက်ထုတ်ကိုချရင်း အိမ်ထဲကိုသာပြန်ဝင်လာလိုက်တော့တယ်

"Tae ရေ ဒီနေ့ကျောင်းပိတ်တယ်မလား "

Sofaပေါ်မှာထိုင်နေတဲ့Tae HyungအားYoonjiလှမ်းမေးလိုက်တော့

"ဘာလို့လဲ"

"ကလေးအသုံးအဆောင်တွေဝယ်ရအုန်းမှာမို့
အဖော်လိုက်ခဲ့ပေးပါလား Tae Hyungအပြင်အကူအညီတောင်းစရာလူလည်းမရှိလို့"

"အင်း ရပါတယ် ဒါနဲ့လေnonnaရဲ့မိဘတွေဆီမသွားချင်ဘူးလား သူတို့လည်းမြေးလေးရပြီဆိုတော့တွေ့ချင်မှာဘဲnonnaကိုခွင့်မလွှတ်နိုင်ရင်တောင် ကလေးလေးကအပြစ်မှမရှိတာ ချစ်ကြမှာဘဲ"

"အော် မင်းက ငါ့ကိုဒီမှာမနေစေချင်တော့လို့ဒီလိုတွေပြောနေတာလား "

Sugar Baby[Completed]Donde viven las historias. Descúbrelo ahora