{Unicode}
နှိုးစက်အသံကြောင့် Tae Hyung တစ်ယောက် နိုးလာခဲ့သည် သူ့လက်မောင်းပေါ် အရာတစ်ခုတင်နေတာကို သတိထားမိပြီး ကြည့်လိုက်တော့ ခေါင်းလုံးလုံးလေး
"ဟုတ်သားဘဲ သူငါ့လက်မောင်းပေါ်မှာအိပ်ပျော်သွား
တာဘဲ နှိုးစက်မြည်တာတောင် သူမနိုးဘူးဘဲ"ဒါကြောင့်Jkကိုလည်းမနိုးစေချင်တာကြောင့် ခေါင်းလေးကိုအသာအယာ သူ့လက်မောင်းပေါ်ကနေ ခေါင်းအုံးပေါ်ကိုတင်ပေးလိုက်တော့
"တော်သေးတာပေါ့ မနိုးဘူး"
Tae တစ်ယောက် ကုတင်ပေါ်မှJkမသိအောင်တိုးတိုးတိတ်တိတ်ဆင်းရန်ကြံစည်ပြီး ထလိုက်ခါမှ
အနောက်ကနေ ခါးကိုသိုင်းဖက်လာသောလက်တစ်စုံကြောင့်"အစ်ကို မသွားပါနဲ့ ကျွန်တော်နဲ့ခဏလောက်တူတူထပ်နေပေးပါ အစ်ကို့ ကိုယ်သင်းနံ့လေးတွေကြားထဲမှာနေချင်သေးတယ် ဖက်ထားပေးပါ"
Jkပြောစကားကြောင့် Taeရှက်သွားမိတာအမှန်ပါ
"အမ် ထရတော့မယ်လေ မနက်စာစားရမယ် အခုချိန် ကားအမြန်မောင်းရင်ကျောင်းကိုအချိန်မှီသေးတယ်"
"ဟင့်အင်း မထချင်ဘူး ဒီတစ်ခုလေးတော့ဖြည့်ဆည်းပေးပါ အစ်ကိုရာ နော်"
ထိုကောင်လေး ငယ်ငယ်တုန်းကအတိုင်း တစ်ပုံစံထဲဘဲ
လိုချင်တာဆို ကျွန်တော့်ကိုမရရအောင်တောင်းတက်တာကျွန်တော်ကလည်းသူတောင်းဆိုတာမှန်သမျှ မငြင်းနိုင်ဘူးဆိုတာ သူသိနေတယ်လေ ဒါ့ကြောင့်လည်း အနိုင်ယူနေတာနေမှာ"ဟုတ်ပြီ ဟုတ်ပြီ ခဏဘဲနော်"
ရင်ခွင်ထဲတိုးဝင်လာတဲ့ ယုန်ပေါက်လေးကို ကျွန်တော်ဖက်ထားပေးမိတယ် ခဏဆိုပေမဲ့ သူရင်ခွင်ထဲက မထွက်မချင်း ကျွန်တော်လည်းဖက်ထားပေးနေမိတယ်
ရင်ခွင်ထဲကကောင်လေးက ခေါင်းလေးမော့ကာကျွန်တော့်ကိုစကားပြောလာတယ်
"အစ်ကိုမှတ်မိသေးလား ငယ်ငယ်က ကျွန်တော့်အဖေ
ကျွန်တော့်ကိုရိုက်ပြီဆို အစ်ကိုအမြဲကာကွယ်ပေးခဲ့တာလေ အစ်ကိုတ်ို့အိမ်ပြောင်းသွားပြီးတဲ့နောက်ပိုင်း အရမ်းလွမ်းနေခဲ့တာ အရမ်းအထီးကျန်တယ် ကာကွယ်ပေးမဲ့သူလည်းမရှိခဲ့ဘူး"
![](https://img.wattpad.com/cover/180089299-288-k954526.jpg)
VOUS LISEZ
Sugar Baby[Completed]
Roman d'amour# You Are My Sugar Baby #JJK X KTH Male pregnancy 🍓 #TaeKook #🐯🐰 Completed-4.12.2021