အပိုင်း ၉

1.3K 68 5
                                    

Uni

ပြောလိုက်သည့်စကားလုံးတွေကအပြစ်ကင်စင်တဲ့ကလေးတစ်ယောက်ကချွဲသည့်အသံလို။ဒါပေမယ့်ပြီးစလွယ််ပြောလိုက်တာကြောင့်စိတ်ထဲကမပါဘူးဆိုတာသိသာလှသည်။ထိုသို့သိသော််လည်းအနှီးစကားသံလေးကြောင့်မူးယစ်အားရင်ထဲယားကျိကျိဖြစ်စေသည်။

တကယ်တော့မူးယစ်ဘဝမှာဖန်ပြွန်ထဲကနေယခုအချိန်ထိတိုင်ထိုစကားလုံးနှင့်မရင်းနှီးခဲ့ပေ။သူ့ကိုဦးသုခ၊ဒေါ်နေလင်းလတ်တို့ရဲ့သားအငယ်အဖြစ်လူတွေကသိကြသော်လည်းအမှန်တကယ်ကဦးသုခဖန်တီးထားသည့်လက်နက်များထဲမှတစ်ခုသာ။

သူလိုချင်သည့်အဆင်မြင့်အလ်ဖာကိုမရသည့်အတွက်ထပ်ကြိုးပန်းကြသော်လည်း‌ဒေါ်နေလင်းလတ်ကအားနည်းလွန်လှသည့်သာမန်အိုမီဂါဖြစ်တာကြောင့်ထပ်ပြီးကလေးမရရှိခဲ့ပေ။

ဒါကြောင့်ဦးသုခကသူနှင့်ဒေါ်နေအလင်းတို့နှစ်ယောက်၏ဒီအန်အေ၊စပန်းနှင့်အက်ကိုအသုံးပြုပြီးမျိုး‌အောင် အောင်ဖန်တီးကာအလိုရှိသည့်ဖန်ပြွန်သန္ဓသားပြုလုပ်ခဲ့သည်။

လိုသလိုပုံသွင်းပြီးသူအဖေ၏လက်နက်၊သူ့အကိုရဲ့ဒိုင်း၊သူ့အ‌ မေရဲ့လျစ်လျူရှုခံအဖြစ်စည်းကမ်းတင်းကြပ်စွာအနှစ်နာခံရစွာဖြင့်ကြီးပြင်းခဲ့ရသည်။

ငယ်စဉ်ကတည်းကသူအမှားလုပ်တိုင်းရိုက်ခံရသည်။သူ့အကိုထိခိုင်မိတိုင်းလည်းမကာကွယ်ရကောင်းလားဆိုပြီးရိုက်ခံရသည်။

သူ့အကိုအဆင့်၁က‌နေ၂ဖြစ်ရင်လည်းသူဖျက်စီး၍ဆိုပြီးရိုက်ခံရပါသည်။တကယ်ကသူထိုသို့မလုပ်ခဲ့ပါ။သူ့အကိုတောင်းဆို၍ကစားကွင်းသို့ရံဖန်ရံခါလိုက်ကူခြင်းဖြစ်သည်။

သူ့အကိုကကာစီကာစီလုပ်ပေးသော်လည်းပိုအရိုက်ခံရသာကြီးသာ။သူ့အမေကတော့မရိုက်ပေမယ့်သေသေရှင်ရှင်ဂရုမစိုက်ပေ။သူအားဂရုစိုက်သည်ကအကိုကြီးသာဖြစ်သည်။

အဲ့အချိန်ကလေးဘဝကနည်းနည်းတော့နားမလည်သေးပေမယ့်ခံရခက်ကာနာကျင်စွာမတရားသလိုခံစားခဲ့ရသည်။သို့‌သော််ဘာပဲဖြစ်ဖြစ်သူ့မိိသားစုမို့ကြာလာ‌တော့စိတ်ထဲမထား‌ပေ။

Mr.PoliteWhere stories live. Discover now