အပိုင်း ၇

1.4K 84 3
                                    

Uni

သူ့နားထံမှ‌ခြေလက်များလှုပ်ရှားမှုကြောင့်တချွင်းချွင်းမည်သံ၊ထိုနေရာများမှချုပ်ထားခံရသည့်အေးစက်စက်အထိအတွေ့ကြောင့်နိုးထလာခဲ့သည်။

မူးယစ်သူ့ကိုယ်ပေါ်ကခြုံပေးထားသည့်စောင်ကိုဖယ်ရှားလိုက်တော့တွေ့ရသည်ကသူ့အားကုတင်တိုင်များနှင့်တွဲချည်ထားသည့်သံကြိုးများ။

"ဟက်! ကလေးအကွက်တွေ တကယ့်ကလေးလေပဲ"

မူးယစ်သူ့ဘယ်ဘက်နားမှနားကပ်၏အဖျားချွန်ချွန်လေးဖြင့်သူ့အားချည်နှောင်ထားသည့်သံကြိုးများ
ရဲ့ခတ်ထားသည့်နေရာများကိုထိုအရာသုံး၍လှည့်ဖွင့်လိုက်ရာပွင့်သွားပြီးထမည်အပြု

"မရပါဘူး! ကျေးဇူးပြုပြီးပြန်ဝတ်ထားပါ masterရဲ့မူး masterကမှာသွာပါတယ် ပြန်လာလို့ဖြုတ်ထားတာမြင်ရင်တစ်ညလုံးမအိပ်ရအောင်လုပ်ပစ်မှာပါတဲ့"

မူးယစ်အသံလာရာကိုကြည့်လိုက်တော့သူ့ဒူးလောက်ပဲရှိသည့်အိမ်သုံးစက်ရုပ်တစ်ရုပ်။တော်တော်အရှက်မရှိတာပဲ။ဒီလိုစကားမျိုးကိုမှာထားစရာလား။တော်တော်အရှက်မရှိတဲ့ဟာ။

မူးယစ်လည်းမကြောက်ပေမယ့်ပြောရင်ပြောတဲ့တိုင်လုပ်တတ်သူကြောင့်သံကြိုးတွေပြန်ခတ်ပြီးတစ်ဖက်ကကုတင်ဘက်ကသံကြိုးများကိုဖြုတ်ကာသံကြိုးတွေတန်းလှန်းဖြင့်အိပ်ခန်းထဲမှဆောင့်ကြီးအောင့်ကြီးထွက်လာခဲ့တော့သည်။

အခန်းအပြင်မရောက်ခင်ဘလက်ပန်တာလိုလိုလိုဘာလိုလိုက

‌"masterရဲ့မူး ဘာလုပ်မလို့လဲခင်ဗျ
masterကိုတွေချင်လို့ရှာနေတာလားဗျ
masterကညနေမှပြန်လာမှာ အိပ်ယာပေါ်မှာပဲစောင့်နေပါလား အောက်ထပ်မှာစောင့်စရာမလို...

"ပါးစပ်ပိတ်ထား!!ဘယ်သူကတွေချင်နေလို့လဲ! ထပ်ပြောရင်ဘက်ထရီ‌ဆွဲဖြုတ်ပြီးလွင့်ပစ် ပစ်မယ်!"
ဆိုကာမူးယစ်တံခါးကိုဆောင့်ပိတ်ပစ်သည်။

ဘန်း!!

အခန်ထဲမှာကျန်ခဲ့တဲ့ကျားသစ်စက်ရုပ်လေးtroboကတော့

"အာ masterရဲ့မူးကရှက်သွားတာလား"

မူးယစ်အောက်ထပ်ရောက်တော့စိတ်တိုတိုနဲ့ ရေခဲသေတ္တာထဲကတွေ့သမျှဘီယာဘူးတွေ၊ထမင်းစားပွဲ‌ပေါ်ကကြက်ကြော်တွေယူပြီးတီဗွီ ရှေ့ထိုင်ကာစားသောက်လိုက်သည်။

Mr.PoliteWhere stories live. Discover now