part 2

4.6K 461 26
                                    

Jeon လုပ်ငန်းစုဆိုတာနဲ့ ဘယ်သူမှမသိသူမရှိ လောက်အောင်ကို Jeonလုပ်ငန်းစုက အရမနာမည်ကြီးလှသည်။ Jeonလုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုကတွေက နေရာတိုင်းလိုလို Jeonလုပ်ငန်းစုနဲ့အတူ Jeon Jungkook ဆိုတဲ့ အသက် 32အရွယ်အမျိုးသားဟာလဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။မဆွတ်ခင်ထဲကညွတ်ချင်နေကြတဲ့သူတွေက ဒုနဲ့ဒေး။
Jeon Jungkookရဲ့အချစ်ကိုမရရင်တောင် Jeon Jungkookဆိုတဲ့လူနဲ့ Partyတို့မဂ်လာပွဲတို့ဖြစ်ဖြစ် တွဲတက်ရရင်ကိုပဲ သူတို့မှာအရှုံးမရှိ။ထူးဆန်းတာက Jeon Jungkookက လောက်လှလှဘယ်လောက်ဆွဲဆောင်မှာရှိရှိစိတ်မဝင်စားတာပါပဲ။စီးပွားရေးအတွက်ပဲ ပတ်သက်မှုသာရှိသည်။

-----------------

"Chim လေး နိုးပီလား"

"အင်း! ကိုကိုရော"

"အော် သခင်ကြီးက chimလေးမနိုးခင်ကမှပြန်သွားတာ တစ်ညလုံး chimလေးကိုစောင့်နေပေးတာ"

"တကယ်ကြီး! ကိုကိုကလေ"

"တကယ်ပါဆို"

"အိမ်တော်ထိန်းကြီးနော် ညာမပြောနဲ့"

"အော် ဒီကလေး‌ေနာ် လူကြီးက ညာစရာလားကွယ်"

"တကယ်နော် သွားမေးမှာ"

"ဟဲ့ ဟဲ့ မျက်နှာအရင်သစ်လိုက်ပါဦး Chimလေးရယ် မျက်နှာမသစ်လို့ဆူနေဦးမယ်"

"ဟီး ပျော်လွန်းလို့ မေ့သွားတာ"

"ငါတို့ ကလေးလေးနေကောင်းသွားပီနဲ့တူတယ်"

"ဒါကြောင့် အိမ်မက်ထဲမှာ ကိုကိုက ဖက်ထားတယ်ဆိုပီး အိမ်မက်မက်တာနေမှာ"

"အမလေးသွားသွား မျက်နှာသွားသစ်တော့ သူပြောချင်တာပဲပြောနေတယ်"

အကောင်ပေါက်လေးဟာ ရေချိုးခန်းထဲကိုခုန်ပေါက်ပီးဝင်သွားလေရဲ့။ ဘယ်လောက်ပျော်နေလဲဆိုရင်မနေ့က ကိစ္စတောင်မေ့မေ့လျော့လျော့ပါပဲ။ဒီကလေးက သခင်ကြီးဆီက ဂရုစိုက်မှုတွေကိုအရမ်းမက်မောတာလေ။သခင်ကြီးက ဂရုမစိုက်ဘူးလားလို့မေးရင် ဂရုစိုက်တာပေါ့ ဂရုစိုက်တာမှ ဘာတစ်ခုမကိုအထိအခိုက်မခံတာ ။Park jiminရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာသေးသေး‌ေလးကို မရှိစေရ။ အကောင်ပေါက်လေးက ပြောမရဆိုရတွေ ဖြစ်ပီး လုပ်ထားရင်တောင် လုပ်ထားတဲ့လူအပြစ်မပြောပဲနဲ့ ဘေးကလူတွေကိုပတ်ဆူတာ စိတ်တိုလာရင်အလုပ်ထုတ်ပစ်လောက်တဲ့အထိ။ဒါပေမယ့် အဆိုးလေး ရှေ့ဆို ခပ်တည်တည်ပါပဲ။သူကဂရုမစိုက်သလို အနိုင်ယူသလိုနဲ့ နောက်ကွယ်ကျ သည်းသည်းလှုပ်နေရော။ ‌အကောင်ပေါက်လေးက ငယ်ငယ်တည်းက ကိုကို ဆိုပီး သခင်ကြီးတစ်ယောက်ထဲကိုပဲ သိလာခဲ့တော့ သခင်ကြီးဘေးနားမှာ မိန်းကလေးတွေ တွေ့ရင်သဝန်တိုမယ်။တစ်ခါတစ်လေ သတင်းစာတွေမှာပါလာရင် ဆုတ်ဖြဲပစ်တဲ့အထိ။သခင်ကြီးကလဲ ငယ်ငယ်တည်းကအနိုင်ယူတယ်သာဆိုတာ အပြစ်ပေးပီးရင် သူမှာမနေနိုင်မထိုင်နဲ့ တကယ့်သည်းသည်းလှုပ်။

Chimရဲ့ကိုကိုWhere stories live. Discover now