စံအိမ်တစ်ခုရဲ့ ဝရန်တာ ရဲ့ လက်ကိုင်တန်းလေး ပေါ်မှာကောင်လေးတစ်ယောက် ထိုကောင်လေးရဲ့ နောက်မှာက စံအကူအိမ်ရဲ့အထိန်းတော်ကြီးနဲ့ အိမ်ကောင်မလေးတွေ ရဲ့တားဆီးသံလေးတစ်ချို့..
"မလုပ်ပါနဲ့ အကို
လေးရယ် ပြန်လာခဲ့ပါ""ဘာမှမပြန်လာဘူး ဟီး..ဟီး ..ရှေ့တိုးမလာနဲ့နော် တကယ်ခုန်ချလိုက်မှာ"
"အဲ့လိုမလုပ်ပါနဲ့ အကိုလေးရယ် သခင်ကြီးသိရင် ပိုပီးပြသနာတွေကြီးကုန်ပါ့မယ်"
"မသိဘူး ဘာမှလာမပြောနဲ့ သေချင်တယ် သေချင်တာပဲသိတယ်"
"အကိုလေးရယ် လိမ်မာပါတယ်"
"ဘာမှ မလိမ်မာဘူး ရှေ့တိုးလာရင်တစ်ကယ်ခုန်ချပီးသေလိုက်မှာနော် ..ဟီး ဟီး"
အိမ်တော်ထိန်းကြီးလဲ သခင်ကြီးကို ဖုန်းဆက်ပီးအသိပေးဖို့ အိမ်အကူကောင်မလေးနားဆီသို့ တိုးတိုးလေးပြောလိုက်သည်။အိမ်တော်ထိန်းကြီးစကားဆုံးတာနဲ့ ကောင်မလေးက အောက်ထပ်သို့ဆင်းသွားပီး သခင်ကြီးဆီကိုဖုန်းဆက်အကြောင်းကြားလိုက်သည်။အခုချိန်ထိ အကိုလေးက ခုန်ဆင်းမယ် သတ်သေမယ်ပြောနေတာ နာရီဝက်လောက်ရှိပီ။ဘယ်သူမှလဲအကိုလေးအနားကိုမသွားရဲ။
ပြသနာအစကတော့ဧည့်ခန်းထဲ Tvထိုင်ကြည့်နေရင်းမှ Tvမှာလာတဲ့သတင်းတစ်ခုကြောင့် ငိုယိုပီးအပေါ်ထပ်ဝရန်တာထိတက်ပီး သတ်သေမယ်ချည်းပဲလုပ်နေတော့တာ။ရှပ်အကျီမိုးပြာရောင်လေးနဲ့ဘောင်ဘီတိုအဖြူလေးကိုတွဲဝတ်ထားပီးဆံပင်ကိုရွှေအိုရောင်လေးဆိုးထားကာ နို့နှစ်ရောင်အသားအရေလေးနဲ့ အကိုလေးဟာ အရမ်းချစ်စရာကောင်းပါသည်။ရယ်လိုက်တိုင်း ပိတ်ကျသွားတတ်တဲ့ လခြမ်းပုံစံမျက်ဝန်းလေးတွေရယ် နှာခေါင်းလုံးလုံးလေးရယ် စတော်ဘယ်ရီလို နှုတ်ခမ်းထူထူအိအိလေးတွေရယ် အကိုလေးကတကယ်ချစ်ဖို့ကောင်းပါသည်။ချစ်ဖို့ကောင်းတယ်ဆိုတာထက် လှတယ်လို့ပြောရင်ပိုမှန်မှာပေါ့။
အခုတော့ ထိုအလှအပတွေနဲ့မှ မလိုက် ဝရန်တာလက်ရန်းပေါ်တက်ကာ သတ်သေမယ်ချည်းလုပ်နေတော့ တစ်စက်လေးမှချစ်ဖို့ကောင်းမနေတော့ပါ။သခင်ကြီးရယ်အမြန်လာပါတော့။ကြာရင် အကိုလေးမသေပဲ ဒီက အိမ်တော်ထိန်းကြီး နှလုံးရောဂါရပီးသေရပါတော့မယ်။
YOU ARE READING
Chimရဲ့ကိုကို
Fanfictionအချစ်ကဘာလဲဆိုရင် Park Jiminပါ 🔞နည်းနည်းပါတာမို့အဆင်မပြေရင်မဖတ်ပါနဲ့