ခမ်းနားလွန်းသောခြံဝန်းကျယ်ကြီးတစ်ခု။ထိုခြံအတွင်းတွင် ပါတီ တစ်ခုကျင်းပနေကာ လူအများနှင့် စည်ကားလျက်ရှိသည်။
ပါတီအတွင်းတွင် စီးပွားရေးလုပ်ငန်းရှင်များ အများဆုံးတက်ရောက်ကြကာ သတင်းယူနေကြသော မီဒီယာတစ်ချို့လဲရှိသေးသည်။ကားအနက်ရောင်တစ်စီးသည် ထိုခြံဝန်းအရှေ့တွင်ရပ်လိုက်ကာ Nick သည် ကားတံခါးအားဖွင့်ပေးလာသည်။
ကားပေါ်မှဆင်းလာသော လူနှစ်ယောက်အားမြင်သောအခါ မီဒီယာများ၏ ကင်မရာမီးရောင်များသည်ထိုလူနှစ်ဦးအပေါ်ကျရောက်လာသည်။
"သခင်ကြီး Jeonရှင့်မေးခွန်း နည်းနည်းလောက်မေးလို့ရမလား"
Nickသည် နှစ်ယောက်သားရှေ့ကာလိုက်ကာ မေးခွန်းမေးလို့မရကြောင်းပြောလာသည်။
အရမ်းသွက်လွက်လွန်းသောထိုသတင်းထောက်သည် Nickတားနေသောကြားမှ အတင်းတိုးကာ မေးခွန်းတစ်ခုမေးလာသည်။
"သခင်ကြီး Jeonရဲ့ ဘေးနားကအမျိုးသားနဲ့က ဘယ်လိုပတ်သက်တာလဲရှင့် ပွဲတစ်ခုမှာလဲ အတူတွဲတက်တာမြင်ဖူးထားလို့ပါ ဒီတစ်ခုတော့ပြောပြပေးလို့ရမလား"
"မရပါဘူး"
ဖြေလိုက်သူက Nick။
သခင်ကြီးသည် ထိုသတင်းထောက်အားပြုံးပြကာ
"ဖြေပေးလို့ရပါတယ်"
Chimသည် သခင်ကြီးအား မျက်လုံးလေးဝိုင်းကာ မော့ကြည့်လာခဲ့သည်။
သခင်ကြီးသည် တွဲထားသောchimရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ ကင်မရာအားစိုက်ကြည့်လိုက်ပီးနောက်"သူက ကျနော်လက်ထပ်မယ့် ကျနော့်အမျိုးသားပါ "
"ဟုတ်ကဲ့ အမျိုးသားနာမည်လေးမိတ်ဆက်ပေးလို့ရမလားရှင့်"
"Chim Chimပါ"
သခင်ကြီးသည် Chimလက်ကလေးအားဆုပ်ကိုင်ကာ ပါတီအတွင်းသို့ ဝင်သွားလေသည်။
ငါ့အပိုင်ဆိုတာကို တစ်နိုင်ငံလုံးသိအောင်ပြောပြလိုက်ပီမို့ မင်းဘယ်လို ငါ့လက်ထဲကနေလုမှာလဲ min yoongi စောင့်ကြည့်တာပေါ့။
"Chim လေး"
Yonngiမေမေသည် Chimကို မြင်သောအခါ အားရဝမ်းသာ နှုတ်ဆက်လာသည်။
YOU ARE READING
Chimရဲ့ကိုကို
Fanfictionအချစ်ကဘာလဲဆိုရင် Park Jiminပါ 🔞နည်းနည်းပါတာမို့အဆင်မပြေရင်မဖတ်ပါနဲ့