တံခါးကို အားနဲ့ဆောင့်ကန်လိုက်သောအသံကြောင့် သခင်ကြီးသည် Matebookပေါ်မှ ရွေ့လျားနေသောလက်များရပ်တန့်သွားကာ တံခါးဝသို့မော့ကြည့်လာခဲ့သည်။
တံခါးဝမှာတွေ့လိုက်ရသောအသားဖြူစွတ်နေသောသူသည် သခင်ကြီးအား ပေါက်ထွက်မတတ်စိုက်ကြည့်နေလေသည်။
ဝန်းထမ်းမလေးသည် မျက်နှာ အပျက်ပျက်ဖြင့်စကားဆိုလာသည်။
"တောင်းပန်ပါတယ် သခင်ကြီး ဝင်လို့မရဘူးပြောပေမယ့်ဒီလူက အတင်း"
"ရပီ ထားခဲ့လိုက်တော့"
"ဟုတ်ကဲ့"
သခင်ကြီးစကားအဆုံးဝန်ထမ်းမလေးသည် တံခါးကိုပြန်ပိတ်ပီးထွက်သွားလေသည်။
ထိုလူသည် ဆိုဖာပေါ်သို့လျောက်လာပီးဝင်ထိုင်လိုက်သည်။
သခင်ကြီးသည် အလုပ်စားပွဲမှထလာကာ ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်ပီး ခြေထောက်နှစ်ချောင်းပိုချိတ်ကာ ဝင်ထိုက်လိုက်သည်။
"ဒေါသတကြီးနဲ့ ကျနော့ရုံးခန်းထဲထိရောက်လာရတဲ့အကြောင်းအရင်းကိုပြောပါဦး"
သခင်ကြီးသည် မျက်ခုံးတစ်ဖက်ကိုပင့်ကာ ဟန်ပါပါဆိုတော့ ထိုလူသည် သခင်ကြီးအား စိုက်ကြည့်လာသည်။
"မင်း ဘာကြောင့် Park Jiminကိုလိမ်ညာထားတာလဲ"
"ဘာကိုလဲ"
သခင်ကြီးသည် နားမလည်သလိုပုံစံလေးလုပ်ပြသောအခါ ထိုလူသည် စကားတစ်ခွန်းထပ်ပြောလာသည်။
"Park Jiminအမေ မသေဘူးဆိုတာကိုလေ မင်းဘာလို့လိမ်ထားရတာလဲ"
"မင်းတစ်ခုခုကို အထင်လွဲနေတဲ့ပုံပဲ
ငါကဒီနိုင်ငံကိုဘာရည်ရွယ်ချက်နဲ့ပြန်လာလဲမင်းသိလား
အဲ့ဒီရည်ရွယ်ချက်ေတွထဲမှာမှ park Jiminနဲ့သူ့အမေကိုပေးတွေ့ပေးမယ့်အကြောင်းအရာလဲပါတယ်"
"ဒါဆိုပေးသိလိမ့်လေ ဘာကြောင့်မင်းအချိန်တွေဆွဲနေတာလဲ သူများမိသားစုကို နှစ်ေတွအများကြီးခွဲထားရတာပျော်ရဲ့လား"
"ဒီမှာ Min Yoongi မင်းထင်ထားသလို ကိစ္စတိုင်းက လွယ်နေမယ်ထင်လား အရင်ဆုံး Park Jimin အသက်ရှင်နေတာသိရင် park Jiminကို အရင်ဆုံးသတ်မယ့်လူကဘယ်သူလဲမင်းသိလား"
YOU ARE READING
Chimရဲ့ကိုကို
Fanfictionအချစ်ကဘာလဲဆိုရင် Park Jiminပါ 🔞နည်းနည်းပါတာမို့အဆင်မပြေရင်မဖတ်ပါနဲ့