Unicode//
နှစ်ယောက်သားTaxi ဖြင့်ရောက်ရှိလာသည့်နေရာလေး.....
လိုချင်တာအကုန်အစုံရပြီး စားချင်တာတွေအစုံစားလို့ရမဲ့ ညဈေးလေးတစ်ခုပေါ့...
ထိုညဈေးလေးမှာ လူကြီးလူငယ်အသက်အရွယ်မရွေး လူပေါင်းစုံလာရောက်ကြတာကြောင့် အလွန်ပင်စည်ကားပြီးပျော်စရာကောင်းသည်......Jiminမှာ ထိုညဈေးသို့ လွန်ခဲ့တဲ့၃နှစ်လောက်ကတစ်ခေါက်သာရောက်ပြီး နောက်ပိုင်းထပ်မရောက်ဖြစ်တော့ အခုကတော်တော်ကြာမှဒုတိယအကြိမ်ရောက်လာခြင်း....
"သွားကြမယ်လေ"
"အင်း"
Jiminဘေးမှာရပ်နေတဲ့Yoongiကိုပြောလိုက်ပြီး ဈေးအတွင်းသို့ဝင်လိုက်ကြသည်
"ညဈေးကတော်တော်စုံတယ်နော် လူတွေလည်းအများကြီးပဲ"
"ဟုတ်တယ် ခင်များမရောက်ဖူးဘူးလား"
"အင်း ကြားပဲကြားဖူးတာ တစ်ခါမှမရောက်ဖူးဘူး ကိုယ်တို့နေတဲ့ဘက်မှာလည်းဒီလိုတွေမရှိဘူးလေ"
"ကျွန်တော်လည်း ဒီတခါနဲ့ဆိုမှနှစ်ကြိမ်ပဲရှိသေးတယ် ဒါတောင်ခင်များကြောင့်ရောက်လာတာ"
"ဟုတ်လား ဘာလို့ အော် ကိုယ်သိပြီ မပြောနဲ့တော့ အိမ်ကြောင့်မဟုတ်လား"
"အင်း"
အိမ်ကြောင့်ဆိုတာကိုကြားလိုက်တိုင်း မလွတ်လပ်တဲ့သူ့ဘဝကိုဝမ်းနည်းလွန်းတာကြောင့် မျက်နှာပျက်မိသည်.....
Yoongiကသိသည့်အလား Jiminရဲ့မေးဖျားလေးကိုပင့်ကိုင်ကာ နှုတ်ခမ်းထောင့်စွန်းလေးနှစ်ဖက်ကိုလက်ညိုးလေးနှင့်အသာထိရင်းကော့တက်သည့်ပုံစံလေးဖြင့်ပွတ်ဆွဲပေးသည်။
"ပြုံးနေပါ ကိုယ်နဲ့ရှိနေတဲ့အချိန်မင်းလွတ်လွတ်လပ်လပ်နေ မင်းကြိုက်တာလုပ်လို့ရတယ် တခြားကိစ္စတွေမတွေးနဲ့"
Yoongiပြောတာကိုနားထောင်နေရင်း ပါးပေါ်ကျရောက်လာတဲ့ခပ်နွေးနွေးအနမ်းတစ်ပွင့်ကြောင့်Jiminကြောင်သွားသည်
Yoongiကပြောလည်းပြောရင်းJiminပါးကိုနမ်းလိုက်တော့ လူတွေကြားထဲအနမ်းခံလိုက်ရသည့်Jiminမှာလန့်ဖြန့်ကာပါးကိုအုပ်ကိုင်လိုက်သည်။
YOU ARE READING
🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)
Fanfiction♡︎I have placed you in my heart for the rest of my life♡︎ '𝖲𝗍𝗋𝖺𝗐𝖻𝖾𝗋𝗋𝗂𝖾𝗌 𝖺𝗇𝖽 𝖢𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌' 𝖺𝗅𝗐𝖺𝗒𝗌 𝗍𝖺𝗌𝗍𝖾 𝗅𝗂𝗄𝖾 𝗒𝗈𝗎♥︎~~~