Unicode//
အဖေဖြစ်သူ၏တစ်ချက်လွှတ်အမိန့်ကြောင့်ငြင်းဆန်ခွင့်မရပဲ အခန်းထဲအောင်းနေရပြန်သည်....သုံးလကြီးများတောင် ဘယ်မှမသွားရပဲနေရဦးမည် ကျောင်းလည်းလွှတ်မှာမဟုတ်..
"Yoongi.."
နာမည်လေးအားရေရွတ်ကာ သူ့လုပ်ရပ်အတွက်ပထမဆုံးတွေဝေလာခဲ့သည် ဒီကိစ္စကသူတို့နှစ်ယောက်အတွက်ပိုပြီးဝေးကွာသွားစေတာလား
"အားးးးစိတ်ညစ်လိုက်တာ"
Jiminစိတ်ပေါက်ပေါက်နှင့်ဆံပင်တွေကိုထိုးဖွကာခေါင်းကိုခါရမ်းနေမိသည်
အချိန်ကြာကြာထိုကိစ္စကိုပြန်စဉ်းစားရင်းအကြိမ်ပေါင်းများစွာတွေဝေနေခဲ့ပေမဲ့ နောက်ဆုံးမှာအဖြေတစ်ခုထွက်လာခဲ့သည်ဒါကသူမလုပ်ခင်ကတည်းကသေချာစဉ်းစားဆုံးဖြတ်ထားတာ အခုလည်းအဲ့အတိုင်းပဲ ဒီကိစ္စအတွက်သူလုံးဝနောင်တရမှာမဟုတ်ဘူး
~~~~~~~~~~~
နှစ်လခန့်ကြာသော်~~~Jiminအိမ်အပြင်မထွက်ရတာနှစ်လလောက်ရှိပြီ ကျောင်းလည်းမသွားရပဲ စာမေးပွဲနေ့ပဲသွားဖြေပြီးပြန်လာရသည်...အခုကျောင်းပြီးသွားပြီမို့အရင်လိုတင်းကြပ်တာမျိုးမရှိတော့ပဲ Jiminစိတ်တိုင်းကျနေခိုင်းသည် အဖေကလည်းစိတ်လျှော့သွားပြီး သုံးလအမိန့်ကိုနှစ်လနှင့်ဖြည်ပေးလိုက်သည် ဒီကြားထဲသူစကားနားထောင်ကာငြိမ်နေပေးထားတာကြောင့်လည်းပါမှာပေါ့
Jiminသူ့ဆန္ဒတွေအကုန်လုံးကိုအမေ့အားပြောပြလိုက်တော့အမေကအားလုံးကိုလက်ခံပြီးနားလည်ပေးသည် သူ့ရဲ့ရည်မှန်းချက်အတိုင်းအနုပညာအလုပ်လုပ်ရန်ပြောတော့လည်းအားပေးသည် အမေအဖေ့ကိုကူဖျောင်းဖျတော့အဖေကလည်းခွင့်ပြုသည်
နောက်ဆုံးတော့သူ့ခံစားချက်ကိုနားလည်သွားကြလို့အခုလိုဆုံးဖြတ်လိုက်ကြတာဖြစ်လိမ့်မည်.....ထိုသို့အရာအားလုံးအဆင်ပြေသွားတော့လည်းကျွန်တော့်ရဲ့တစ်ယောက်သောသူကိုသတိရမိသား......
Jiminအမေ့ကိုခွင့်တောင်းကာအိမ်မှခနထွက်လာခဲ့သည်...ပြီးတော့နှစ်လကျော်မရောက်ဖြစ်တဲ့နေရာလေး တစ်နည်းအားဖြင့် ပျင်းစရာကောင်းလှတဲ့ကျွန်တော့်ဘဝထဲဝင်မွှေနှောက်ကာပြောင်းလဲပစ်ခဲ့တဲ့ကျွန်တော့်အချစ်ဦးဖြစ်သူခပ်ပေပေယောက်ျားတစ်ယောက်နှင့်စတင်တွေ့ဆုံခဲ့သည့်ကစားကွင်းရဲ့ချောင်ကျတဲ့တစ်နေရာကသစ်သားခုံတန်းလေး........
YOU ARE READING
🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)
Fiksi Penggemar♡︎I have placed you in my heart for the rest of my life♡︎ '𝖲𝗍𝗋𝖺𝗐𝖻𝖾𝗋𝗋𝗂𝖾𝗌 𝖺𝗇𝖽 𝖢𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌' 𝖺𝗅𝗐𝖺𝗒𝗌 𝗍𝖺𝗌𝗍𝖾 𝗅𝗂𝗄𝖾 𝗒𝗈𝗎♥︎~~~