🍓Part 11🚬

1K 95 15
                                    

Unicode//

ချစ်ရသူကို မျက်စိရှေ့မှာထားပြီး မသိချင်ယောင်ဆောင်နေရတာ...
အင်းးးးဘယ်လိုပြောရမလဲ
နည်းနည်းတော့ သိပ်ဘဝင်မကျလှပါဘူး
သို့ပေမဲ့ အချိန်မကျသေးလို့ပါ....
သင့်တော်တဲ့အချိန်ရောက်ရင် သူအားလုံးကိုဖွင့်ပြောမယ်လို့ဆုံးဖြတ်ထားပြီးသား...

Rumorထွက်လာလို့ သူ့စိတ်ထဲကConfirmလုပ်လိုက်ချင်ပေမဲ့ တစ်စုံတစ်ရာဆိုသူ့ကောင်လေးပဲထိခိုက်ရမှာလေ
ဒါတွေကိုကြောက်မိလို့ သူသည်းခံပြီးစောင့်ဆိုင်းနေတယ်
မကြာတော့ပါဘူး သူအမြန်ဆုံးပြောတော့မှာ
အဲ့အချိန်ရောက်ရင် သူကိုယ်တိုင်‌ပြောပြီး သူ့ကောင်လေးကလည်းမျက်စိရှေ့မှာရှိနေတော့ အတတ်နိုင်ဆုံးမထိခိုက်အောင်ကြိုတင်ကာကွယ်ထားလို့ရပြီလေ.....

"Suga hyung!!."

"ဟမ်!? အေး"

"ဘာတွေတွေးနေတာလဲ"

"ဟမ် ဘာမှမဟုတ်ပါဘူး"

"ကျွန်တော်မေးတာဖြေဦး"

"ဘာ ဘာမေးလိုက်တာလဲ"

"နေ့လည်စာစားတော့မလားလို့ Namjoon hyungမေးနေတယ်"

"အော် အေး စားမယ်လေ"

"အွန်း အွန်း"

ဒီရက်ပိုင်း Sugaရဲ့Concertရှိတာကြောင့် အားလုံးအလုပ်များနေကြသည်
ဟိုတလောကကိစ္စကြောင့် ပွဲကိုရက်ရွှေ့လိုက်ရတာမို့ လေ့ကျင့်ချိန်လည်းပိုရသွားသည်

Sugaရဲ့Background Dancerတွေကိုtrainningပေးဖို့Jiminကတာဝန်ယူထားရပြီး RMကတော့အဆိုပိုင်းကိုကူညီပေးရတာကြောင့်Suga,Jimin,RMတို့သုံးယောက်ကStudioနဲ့Practise roomကိုတစ်လှည့်စီဝင်ထွက်နေရသည်
အခုRM hyungကအပြင်ကိုအလုပ်ကိစ္စနှင့်ခနထွက်သွားပြီး အပြန်ကိုနေ့လည်စာတစ်ခါတည်းဝယ်ခဲ့ဖို့ကိုJiminတို့ကိုလှမ်းမေးသည်

Suga hyungကိုမေးဖို့ကြည့်တော့ တစ်ယောက်တည်းထိုင်ပြီးဘာတွေတွေးနေလဲမသိ သုံးလေးခါလောက်ခေါ်တာတောင်ကြာပုံမပေါ်ပေ...။

အော်....တော်တော်တွေးနိုင်တဲ့လူ..
ဘာတွေများအဲ့လောက်တွေးနေရတာလဲ...

ခနကြာတော့ RM hyungရောက်လာပြီး နေ့လည်စာအတွက်အစုံဝယ်လာခဲ့သည်
Jiminတို့အတွက်ရော Practice roomထဲက Background Dancersတွေအတွက်ပါ မုန့်တွေအများကြီးဝယ်လာခဲ့သည်.....

🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now