[ မင်းနဲ့စကားပြောချင်တယ် .. မင်းနဲ့နီးစပ်ချင်ပေမယ့်လည်း ... ]
ချစ်မိသွားပြီဆိုသေချာသွားသည့်အချိန်ကစလို့ ရိပေါ်လိုက်ပိုးပန်းဖို့အကြံအစည်တွေကို ဉာဏ်ကုန်ထုတ်တော့သည်။
တစ်ပတ်မှာခုနှစ်ရက်ရှိသည့်အနက် သုံးရက်တစ်ခါ ၊ နှစ်ရက်တစ်ခါစာကြည့်တိုက်သို့စာအုပ်ငှားဖို့အမြဲလာခဲ့သည်။
ငယ်ရွယ်မှုတွေပြည့်ဝနေတဲ့အချိန် လတ်ဆတ်တဲ့ရင်ခုန်သံလေးနဲ့ ချစ်ရသူကိုတွေ့ဖို့တက်ကြွနေခဲ့သည်။ကျောင်းပိတ်ရက်များတွင်တော့ ကော်ဖီဆိုင်ဝန်ထမ်းဝတ်စုံဖြင့် ဆိုင်ကယ်စီးလို့တကူးတကကော်ဖီလာပို့တတ်သေးသည်။
အခုလည်း Helmet မချွတ်ဘဲ ဆိုင်ကယ်ပေါ်မှဆင်းလာခဲ့သည်။ Helmet ကိုမချွတ်ပေမဲ့လည်း မှန်ကိုတော့အပေါ်တင်ထားလေသည်။ အကြည့်တွေနဲ့ဆွဲဆောင်ဖို့အတွက် (。•̀ᴗ-)✧
ကော်ဖီဗူးအဖုံးတွင် အသဲပုံလေးအမြဲပါတာကိုတော့ ရိပ်မိလောက်လား ?
ဟေ့လူ ကျွန်တော့်ကိုဘယ်အချိန်မှသတိထားမိမှာလဲ ?
မှုန်ကုပ်ကုပ်အကြည့်လေးဖြင့် စာကြည့်တိုက်မှူးရှိရာကိုကြည့်မိတော့ စာအုပ်စီနေရင်းနဲ့က မိမိဘက်သို့လှည့်ကြည့်လာကာ ပြုံးပြလေသည်။
Boom !
နှလုံးသားလေးပေါက်ကွဲသွားတော့သည်။
" ဖေ့သားရ အဲ့လိုနည်းနဲ့လိုက်နေရင် မင်းကိုအဲ့လူကဒလီဘာရီသမားလို့ပဲထင်နေတော့မှာ "
" စာကြည့်တိုက်မှူးကမိန်းကလေးမဟုတ်ဘူးကွ"
"မိန်းကလေးမဟုတ်လို့ပဲပြောနေရတာကွ ငါ့သားရ။ လိင်တူအချင်းချင်းလေ မင်းကိုဟိုကညီတစ်ယောက်လိုပဲမြင်နေရင်ရော မင်းကသူ့ထက်အများကြီးငယ်တယ်လေ"
" ၆နှစ်စွန်းစွန်းလေးပဲငယ်တာပါ "
" ပလန်တစ်မျိုးပြောင်းပြီးလိုက်ကြည့် ၊ အခုနည်းကမဆိုးပါဘူး။ ဒလီဘာရီသမားလေးအတိုင်းပါပဲ"
" $&&#%&**(*&&&:!!!"
"ဝမ်ရိပေါ် ငါ့သားမင်းဘယ်တုန်းက
အဲ့လောက်ထိဆဲတတ်သွားရတာလဲ မင်းကိုဟိုကပြန်ကြိုက်မှာမဟုတ်တော့ဘူး "