[ ချိုမြိန်တဲ့ပူဖောင်းလေးတွေ လေထဲပေါက်သွားသံနဲ့အတူ အချစ်မှာနစ်မွန်းသွား .... ]
" ဟားဟား , ဟားဟား , ဟားဟား "
နားကြားပြင်းကပ်စရာ ထန်ရွှီရဲ့အော်ရယ်သံက သူ့မျက်နှာကိုပိုမဲသွားစေသည်။
" သားကြီးရာ မင်းကိုမလှောင်သင့်မှန်းသိပေမဲ့ကွာ ဟားဟား "
"မင်းရယ်ရင်တကယ်ကြောက်ဖို့ကောင်းတာကွ မျက်နှာသေနဲ့ပဲဆက်နေစမ်းပါ "
" •́ ‿ ,•̀ "
" ဟားဟား "
ဒီခွေးကောင်ကိုအစအဆုံးပြောပြမိတာမှားတာပါ။
ရိပေါ်စကားဆက်မပြောဘဲ အူပြတ်အောင်ရယ်နေတဲ့ထန်ရွှီကိုပစ်ထားခဲ့ပြီး ကျောင်းခန်းထဲမှထွက်လာခဲ့သည်။
" ဟင်း ဘယ်တော့များမှရင်းနှီးမှာလဲ "
ယောကျာ်းလေးတစ်ယောက်ကိုသဘောကျတယ်။ သဘောကျရုံပဲဆိုရင်ပြဿနာသိပ်မရှိသေးပေမဲ့ တကယ်လို့ချစ်မိသွားခဲ့ရင် ။ ဒါပေမဲ့ငါကစာကြည့်တိုက်မှူးကို
သဘောကျရုံလေးပဲရှိသေးတာ။အတွေးများရင်းလှေကားထစ်တွေကနေဆင်းလာသည့်အချိန် ပြေးဆင်းလာသည့်မိန်းကလေးကခြေလိမ်ပြီး ပြုတ်ကျတော့မည်အချိန် သူကလှမ်းဆွဲလိုက်မိတော့ အရှိန်ပါပြီးသူပါပြုတ်ကျတော့မလို့ပင်။
ထိုအခိုက်ခါးတစ်ဝိုက်သို့ရောက်လာသည့်လက်တစ်ဖက်။
" မင်းအဆင်ပြေရဲ့လား "
စာကြည့်တိုက်မှူး အား !!
တစ်ယောက်ကိုတစ်ယောက်ကြည့်နေပြီး လေထုကပန်းရောင်ပြောင်းလာကာ ပန်းတွေနဲ့အသဲပုံတွေပါ , ပါလာတော့သည်။
ငါးထစ်ပဲရှိသောလှေကားထစ်တွင် တွဲလောင်းဆွဲထားခံရသောမိန်းကလေးထံသို့ ပန်းတွေနဲ့အသဲတွေလွင့်လာလေသည်။
ရည်းစားမရှိရတဲ့ကြားထဲ ကိုယ်တိုင်ကိုယ်ကျခွေးစာကိုကလော်စားနေရတယ် !
ရိပေါ်ရဲ့မျက်လုံးထဲမှဖြစ်ပေါ်လာတဲ့အသဲပုံတွေက စာကြည့်တိုက်မှူးအနားမှုပဲတဝဲလည်လည်ဖြစ်နေလေသည်။