[ နေ့နေ့ညညမင်းအကြောင်းတွေ ကိုယ့်ခေါင်းထဲတဝဲလည်လည် .... ]
စာကြည့်တိုက်မှူးလေးနဲ့ဆုံတွေ့တဲ့နေ့ကစပြီး အမြဲသူ့အကြောင်းပဲတွေးနေမိလိမ့်မယ်လို့ ထင်နေကြတာမလား။ မတွေးမိပါဘူး။ နည်းနည်းလေးမှကိုမတွေးမိပါဘူး။
နေရာတိုင်းစာကြည့်တိုက်မှူးမျက်နှာပဲ မြင်ယောင်မိရုံလေးပါ။ အဲ့လောက်ပါပဲ။
အခုတလောစာကြည့်တိုက်တောင်မသွားနိုင်ဘူး။ စာလည်းလုပ်ရသေးတယ်။ အချိန်ပိုင်းအလုပ်လည်းလုပ်ရသေးတယ်။
ကော်ဖီဆိုင်မှာအချိန်ပိုင်းဖျော်ဆရာလေ။
ကော်ဖီဆိုင်မှာအလုပ်လုပ်လို့ ကော်ဖီကြိုက်တယ်မထင်ပါနဲ့ ကော်ဖီဖျော်နေတဲ့ယောကျာ်းလေးက ဆွဲဆောင်မှုရှိတယ်ဆိုပြီး အမေဖြစ်သူကအချွန်နဲ့မခဲ့လို့ပါ။
ဆိုတော့အခုကအချိန်ပိုင်းအလုပ်လုပ်နေတယ်ပေါ့ဗျာ။ ကျွန်တော့်ရဲ့စာကြည့်တိုက်မှူးလေးလည်း ဘာများလုပ်နေမလဲမသိဘူး။ စိတ်ညစ်လိုက်တာ။
မှာထားတဲ့ကော်ဖီတွေဖျော်နေရင်း ဆိုင်ထဲဝင်လာတဲ့လူကိုမြင်တော့။
" အခုတော့လူအကောင်လိုက်ကြီးပါမှားမြင်မိနေပြီ "
" Latte တစ်ခွက် "
" အသံပါကြားနေရပြီ ... ဟုတ်ကဲ့ ခဏစောင့်ပေးပါ။"
" ဒီမှာပဲရပ်စောင့်နေလို့ရမလား အလျင်လိုနေလို့"
ရိပေါ်မော့မကြည့်ဘဲနဲ့။
"ရပါတယ်"
မှာထားသည့်ကော်ဖီတွေဖျော်ပြီးသည့်အခါ ကော်ဖီဗူးလေးအားဝယ်သူဆီပေးသည့်အချိန် ရိပေါ်မေးရိုးပြုတ်ကျသွားတော့သည်။
ကော်ဖီဗူးကိုကိုင်ထားသည့်လက်ကိုမလွှတ်ပေးဘဲ စိုက်ကြည့်နေမိတာကြောင့် စာကြည့်တိုက်မှူးလေးက ပြုံးပြပြီး။
" ကိုယ့်အတွက်မဟုတ်ဘူးလား "
" ဗျာ အာ ဟုတ်တယ်။ "
အဲ့လိုပြောလိုက်ပေမယ့်လည်းလက်ကိုမလွှတ်ပေးမိ။
စာကြည့်တိုက်မှူးရဲ့အကြည့်ကသူ့လက်ကိုရောက်လာတော့မှ။
" ဟားဟား ရပါပြီဗျ"
ဝမ်ရိပေါ် အသက်နှစ်ဆယ့်တစ်နှစ် ခရက်၏ကော်ဖီဗူးကိုလုယူ။
[ ေန႕ေန႕ညညမင္းအေၾကာင္းေတြ ကိုယ့္ေခါင္းထဲတဝဲလည္လည္ .... ]
စာၾကည့္တိုက္မႉးေလးနဲ႕ဆုံေတြ႕တဲ့ေန႕ကစၿပီး အၿမဲသူ႕အေၾကာင္းပဲေတြးေနမိလိမ့္မယ္လို႔ ထင္ေနၾကတာမလား။ မေတြးမိပါဘူး။ နည္းနည္းေလးမွကိုမေတြးမိပါဘူး။
ေနရာတိုင္းစာၾကည့္တိုက္မႉးမ်က္ႏွာပဲ ျမင္ေယာင္မိ႐ုံေလးပါ။ အဲ့ေလာက္ပါပဲ။
အခုတေလာစာၾကည့္တိုက္ေတာင္မသြားနိုင္ဘူး။ စာလည္းလုပ္ရေသးတယ္။ အခ်ိန္ပိုင္းအလုပ္လည္းလုပ္ရေသးတယ္။
ေကာ္ဖီဆိုင္မွာအခ်ိန္ပိုင္းေဖ်ာ္ဆရာေလ။
ေကာ္ဖီဆိုင္မွာအလုပ္လုပ္လို႔ ေကာ္ဖီႀကိဳက္တယ္မထင္ပါနဲ႕ ေကာ္ဖီေဖ်ာ္ေနတဲ့ေယာက်ာ္းေလးက ဆြဲေဆာင္မႈရွိတယ္ဆိုၿပီး အေမျဖစ္သူကအခြၽန္နဲ႕မခဲ့လို႔ပါ။
ဆိုေတာ့အခုကအခ်ိန္ပိုင္းအလုပ္လုပ္ေနတယ္ေပါ့ဗ်ာ။ ကြၽန္ေတာ့္ရဲ႕စာၾကည့္တိုက္မႉးေလးလည္း ဘာမ်ားလုပ္ေနမလဲမသိဘူး။ စိတ္ညစ္လိုက္တာ။
မွာထားတဲ့ေကာ္ဖီေတြေဖ်ာ္ေနရင္း ဆိုင္ထဲဝင္လာတဲ့လူကိုျမင္ေတာ့။
" အခုေတာ့လူအေကာင္လိုက္ႀကီးပါမွားျမင္မိေနၿပီ "
" Latte တစ္ခြက္ "
" အသံပါၾကားေနရၿပီ ... ဟုတ္ကဲ့ ခဏေစာင့္ေပးပါ။"
" ဒီမွာပဲရပ္ေစာင့္ေနလို႔ရမလား အလ်င္လိုေနလို႔"
ရိေပၚေမာ့မၾကည့္ဘဲနဲ႕။
"ရပါတယ္"
မွာထားသည့္ေကာ္ဖီေတြေဖ်ာ္ၿပီးသည့္အခါ ေကာ္ဖီဗူးေလးအားဝယ္သူဆီေပးသည့္အခ်ိန္ ရိေပၚေမးရိုးျပဳတ္က်သြားေတာ့သည္။
ေကာ္ဖီဗူးကိုကိုင္ထားသည့္လက္ကိုမလႊတ္ေပးဘဲ စိုက္ၾကည့္ေနမိတာေၾကာင့္ စာၾကည့္တိုက္မႉးေလးက ၿပဳံးျပၿပီး။
" ကိုယ့္အတြက္မဟုတ္ဘူးလား "
" ဗ်ာ အာ ဟုတ္တယ္။ "
အဲ့လိုေျပာလိုက္ေပမယ့္လည္းလက္ကိုမလႊတ္ေပးမိ။
စာၾကည့္တိုက္မႉးရဲ႕အၾကည့္ကသူ႕လက္ကိုေရာက္လာေတာ့မွ။
" ဟားဟား ရပါၿပီဗ်"
ဝမ္ရိေပၚ အသက္ႏွစ္ဆယ့္တစ္ႏွစ္ ခရက္၏ေကာ္ဖီဗူးကိုလုယူ။