Crush - 5

763 111 6
                                    

[ နူးနူးညံ့ညံ့အပြုံး ]

အရှက်ကွဲပြီးနောက်တစ်နေ့မှာတော့ ရိပေါ်စာကြည့်တိုက်ဆီသို့ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့သူစာကြည့်တိုက်ထဲမဝင်ဘဲအပြင်မှာစောင့်နေတာ တော်တော်လေးကြာနေပြီ။

ဝင်သွားရမလား ? မဝင်ဘဲရပ်စောင့်နေရမလား ?

တီရှပ်လက်ရှည်ကိုဂျင်းအရှည်နဲ့တွဲဝတ်ထားပြီး ရှူးအနက်ရောင်စီးထားသည်။ နေပူလို့ဆောင်းထားသည့်လျှာထိုးဦးထုပ်က မျက်နှာတစ်ဝက်ကိုဖုံးကွယ်ထားသလိုဖြစ်နေသည်။ ရင်ဘတ်နားတွင်လွယ်ထားသည့်အိတ်ကိုဖွင့်ပြီး ဖုန်းနဲ့နားကြပ်ထုတ်ကာ ရပ်စောင့်နေဖို့ပဲတွေးလိုက်တော့သည်။

သီချင်းကအပုဒ်ဘယ်လောက်ထိရှိသွားပြီလဲဆိုတာ မသိသလို။ အအေးဗူးတွေဘယ်နှစ်ဗူးထိဝယ်သောက်နေမှန်းလည်း မသိတော့ပေ။

ကြာမြင့်စွာစောင့်ဆိုင်းနေမိတဲ့လူတစ်ယောက်က နောက်ဆုံးတော့ စာကြည့်တိုက်ထဲမှထွက်လာခဲ့သည်။

အခုန်မြန်နေတဲ့နှလုံးနဲ့အတူ နီရဲလာတဲ့ပါးနှစ်ဖက်။
စာကြည့်တိုက်မှူးလေးက နေရောင်ခြည်နဲ့အပြိုင် လင်းလက်တဲ့အပြုံးလေးကိုပြုံးနေဆဲ။

ကျွန်တော့်မျက်လုံးတွေကန်းပြီထင်ပါရဲ့။

ဒီနေ့တော့စာကြည့်တိုက်မှူးကိုစကားလိုက်ပြောမယ်လို့ ဆုံးဖြတ်ထားတာ။ အဲ့တော့အခုအနောက်ကနေလိုက်ရမှာပေါ့။

ဖြည်းဖြည်းနဲ့မှန်မှန်သွားနေတဲ့စာကြည့်တိုက်မှူးရဲ့ ခြေလှမ်းတွေကိုဘယ်လိုမှလိုက်မမှီဘူးဗျာ။ အနောက်ကလိုက်ရင်းအမောဆို့လာလို့ ဆိုင်တစ်ဆိုင်ရဲ့ ထိုင်ခုံမှာထိုင်နားရတဲ့အဆင့်ပဲ။

ဘာဆိုင်လဲဆိုတာမသိဘဲဝင်ထိုင်ပြီးမှ အနားတွင်ကြောင်တွေစုပြုံလာတာကိုသိတော့သည်။

ကျွန်တော်ကတိရိစ္ဆာန်များများစားစားမချစ်တတ်ပေမဲ့လည်း ကြောင်တွေကိုတော့မဆိုသလောက်လေးချစ်ပါသေးတယ်။
ပြီးတော့ကြောင်တွေကလည်း ချစ်တယ်လေ။ ဆိုင်ထဲတွင်ရှိသည့်ကြောင်တွေက ရိပေါ်ထိုင်နေသည့်ဆိုင်အပြင်ဘက်သို့ အကုန်စုပြုံရောက်လာကြသည်။

キラキラ ( Hey Crush ⁄(⁄ ⁄•⁄-⁄•⁄ ⁄)⁄)Tahanan ng mga kuwento. Tumuklas ngayon