အပိုင်း (၇၇၀) - ပိတ်ဆို့မှုဖယ်ရှားခြင်း

2.3K 291 10
                                    

Zawgyi


ဒီဇီသည် တစ္ဆေသခင်စကားဆုံးသည်အထိ နားထောင်ပြီး သူ့မျက်လုံး များသည် ချုပ်တည်းမရသော တုန်လှုပ်မှုကိုဖြစ်နေသည်။

"အဲလောက်အားကောင်းတာလား" သူသည် အနည်းငယ်ယုံကြည်မှု မရှိကာ တစ္ဆေသခင်ချဲ့ကားပြောသလားဟု ထင်မိသည်။ သို့သော် သူ့ အကြောင်းသိသလောက်ဆိုလျှင် သူသည် ထိုကဲ့သို့လူမျိုးမဟုတ်ပေ။

"အင်း" တစ္ဆေသခင်သည် လက်ထဲမှပုလဲနက်ကိုသိမ်းပြီး အတွေး လွန်နေသည်။

ဒီဇီသည် မနှောင့်ယှက်တော့ပဲ လှည့်ကာ တခြားအစေခံဆီတွင် အာရုံစိုက်လိုက်သည် "မင်းကရော ဘာသတင်းရလာလဲ"

"သခင်ကြီး မြစ်ကိုဖြတ်လာတဲ့ ဝိဥာဉ်သခင်တွေအများကြီးပဲ သူတို့က ဒီကိုလာပြီးကျွန်တော်တို့ကို ရှင်းမယ်လို့ပြောကြတယ်" အစေခံပြောလေ သည်။

"ငါတို့ကို နိုင်ချင်တယ်ဟုတ်လား ဟင်း သာမာန်လူတစ်အုပ်လောက်နဲ့ သူတို့ကဝင်လာရဲသေးတယ်၊ သေချင်နေကြတယ်ထင်တယ်၊ ငါလည်း ဝိဥာဉ် နည်းနည်းလောက်လျော့နေတာနဲ့ အတော်ပဲ သူတို့ကိုခေါ်ခဲ့လိုက်" ဒီဇီ အမိန့်ပေးလေသည်။

"မရဘူး" တစ္ဆေသခင်သည် ထိုအကြံအားကန့်ကွက်သည်။

"ဘာလို့လဲ၊ ငါတို့က ဆုံးရှုံးသွားတဲ့ဝိဥာဉ်တွေကို ဘယ်လိုပြန်ဖြည့်မလဲ ဆိုတာ ပြောနေကြတာမလား၊ အဲလူတွေလာတာကို ငါတို့ကဘာလို့လုပ်လို့ မရရမှာလဲ" ဒီဇီသည် နားမလည်ပေ။

"အချိန်မသင့်ဘူး" တစ္ဆေသခင် ပြောလိုက်သည် "နိဗ္ဗာန်မီးသာပေါ် မလာရင် အဲလူတွေက ငါတို့အတွက် အခွင့်အရေးပဲ ဒါပေမဲ့ အခုနိဗ္ဗာန်မီး ပေါ်လာတော့ လုပ်လက်စတွေအမြန်လုပ်ပြီး ဒီကနေ ထွက်သွားရမယ်၊ ငါတို့ တစ္ဆေလောကိုသွားပြီးမှ ဝိဥာဉ်တွေထပ်ရှာကြမယ်"

"ဒါဆိုလည်း အဲဒီဝိဥာဉ်ကိုတံဆိပ်ခတ်ဦးမှာလား" ဒီဇီ မေးလိုက်သည်။

"လုပ်မယ်" တစ္ဆေသခင်ပြောလိုက်သည် "ဒါပေမဲ့အခုတော့ မလွယ် သေးဘူးငါတို့ အများကြီးပေးဆပ် လိုက်ရမှာစိုးတယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Donde viven las historias. Descúbrelo ahora