အပိုင်း (၇၈၆) - ဘေးအန္တရာယ်ဘက်ဦးတည်နေခြင်း

2.2K 271 0
                                    

Zawgyi


၎ရက်အကြာတွင် ရှုးယွမ်ယွမ်သည် သတိမေ့နေဆဲဖြစ်သောကြောင့် ရှဲရုန်သည် ရှီမာယူယူအား သွားရှာလေသည်။

ရှီမာယူယူသည် အပြည့်အဝပြန်ကောင်းနေသည်မှာ နှစ်ရက်ကြာပြီဖြစ် သည်။ ထို့အပြင် သူမ၏ အခြေခံ ကိုယ်ခံအားမှာ သန်မာလာကာ သူမ၏ ခန္ဓာကိုယ်သည်လည်း ပိုကောင်းမွန်လာသည်။ ထိုကဲ့သို့ အပြင်ပိုင်း ဒဏ်ရာများသည် လျင်မြန်စွာကုသနိုင်သည်။ ဆေးများထက်ပင် ပိုအသုံး ဝင်သည်။

"ယူယူ ဒီနေ့လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ရှဲရုန်သည် ရှီမာယူယူကို ဦးဆောင်ကာ ရှုးယွမ်ယွမ်အခန်းသို့ ခေါ်သွားလိုက်သည် "ငါ ဘာလုပ်ပေးစရာလိုသေးလဲ"

"သူမ အဝတ်တွေကိုကူချွတ်ပေးပါ" ရှီမာယူယူပြောလိုက်သည်။

"ကောင်းပြီ"

ရှဲရုန်သည် ယွမ်ယွမ်၏ အင်္ကျိလက်ကို လက်မောင်းထိ မတင်ကာ ကြယ်သီးကို ဒူးခေါင်းအထိဖြုတ်လိုက် သည်။

"ဒီလိုဆိုဖြစ်လား"

ရှီမာယူယူ တစ်ချက်ကြည့်ပြီးပြောလိုက်သည် "ဖြစ်တယ်"

သူမသည် ဆေးထုတ်ပြီး ရှုးယွမ်ယွမ်အား ကျွေးလိုက်သည်။ မိနစ် အနည်းငယ်အကြာတွင် သူမသည် အပ်များထုတ်ပြီး သူမ လက်မောင်း၊ ခြေထောက်များနှင့် ခေါင်းကို အပ်စိုက်လိုက်သည်။

သူမ နောက်ဆုံးအပ်စိုက်ပြီးနောက်တွင် ရှုးယွမ်ယွမ်၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရလောက်အောင် တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ သူမ သည် ပင့်သက်ရှိုက်ပြီးနောက် ချက်ချင်းပင် မျက်လုံးဖွင့်ကာ အဆက်မပြတ်ငို လေသည်။

သူမ၏ မျက်လုံးများသည် ရူးသွပ်သကဲ့သို့ဖြစ်နေကာ ရောက်နေသည့် နေရာကိုလည်း သိသည့်ပုံမပေါ်ပေ။ သူမသည် ဘေးတွင်ရှဲရုန် ရပ်နေ သည်ကိုမြင်သောအခါ အော်လိုက်သည် "ရုန်ရုန် ရုန်ရုန် ဒီမှာ ထူးဆန်းတဲ့ သတ္တဝါတွေအများကြီးပဲ အဲလူတွေ အကုန်သေကုန်ပြီ"

ရှဲရုန်သည် သူမလက်အား ဆုပ်ကိုင်ကာ သူမအား နှစ်သိမ့်လေသည် "ယွမ်ယွမ် မကြောက်နဲ့ အခု အဆင်ပြေသွားပြီ ငါတို့်က ဂိုဏ်းမှာ အကုန် အဆင်ပြေနေပြီ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Tahanan ng mga kuwento. Tumuklas ngayon