Ep-2

1.8K 220 3
                                    

[Uni]

Ep-2

Kim..မှော်ဆေးရည်ဖော်နေတုန်း...တဲရှေ့မှ
ဧည့်လာခြူးလေးမြည်သံကြားတာကြောင့်.. ထွက်ကြည့်လိုက်တယ်..

'အော််...မှော်နိုင်ငံရဲ့..ဘုရင်ကြီးကိုယ်တိုင်ကြွလာတာပဲ...ဟွန်း...ဘာတွေများအရေးကြီးနေတာလဲ..ကံကြမ္မာဟောဖို့လာခဲ့တာတော့မဟုပ်ဘူးမလား..'

'သိပြီးလောက်ရောပေါ့...ဒီနေ့တရားရေးဝန်ကြီးတရားခွင်မှတရားဝင်လွတ်မြောက်သွားတယ်ဆိုတာ....တကယ်ဆိုသူ့ကိုဖမ်းဖို့ငါ့တို့မှာသက်သေတွေအားလုံးရှိပြီးသား..တရားခွင်နောက်ဆုံးနေ့မှာမှ..သက်သေတွေကရုတ်တရက်စိတ်ပြောင်းပြီး..မထွက်ဆိုကြတော့တာ..သက်သေမရှိတာနဲ့သူ့ကိုလွတ်ပေးလိုက်ရတယ်...အေ...လွတ်ပေးလိုက််ပြီး သူအိမ်ပြန်ရောက်သွားတာနဲ့..ရေချိုးမှားလို့..ခန္ဓာကိုယ်အပူချိန်ဆောင့်တက်ပြီး မျက်လုံးနှစ်လုံးစလုံးကွယ်သွားတယ်.....ကယ်..မင်းပြောစမ်းကင်ထယ်ယောင်း..ဒါကမင်းလက်ချက်ဆိုတာငါသိပြီးသား...'

'စေတန်...စကားပြောတာကိုဆင်ခြ င်ပါ...ကျုပ်မနေ့ကနေအခုထိ..ဒီတဲထဲကနေအပြင်မထွက်ဘူး...အဲ့တော့...သက်သေတွေဆိုတာကိုအရင်ရှာလာပြီးမှနောက်တစ်ခေါက်ပြန်လာခဲ့ပါ...ကျုပ်မလုပ်ဘူးလို့မငြင်းဘူးနော်..သက်သေတွေရှာလာလို့ပဲပြောတာ...'

'ထယ်ယောင်း..တကယ်လို့မင်းလုပ်တယ်ဆိုရင်တောင်ငါကမင်းကိုလက်ဖျားနဲ့ထိမှာမဟုပ်ဘူး...ငါမင်းကိုအရမ်းချစ်တာ မင်းသိပါတယ်..အဲ့တာကြောင့်လဲဒီလိုမထင်မျက်မြင်တွေလုပ်နေတာမလား...'

'ဒါဆို...ကျုပ်ခင်ဗျားကိုမချစ်ဘူးဆိုတာလဲခင်ဗျားသိတယ်မလား..'

'ကင်ထယ်​ယောင်း!!!'

'ခင်ဗျားကျုပ်ကိုမထိန်းချုပ်နိုင်ပါဘူး...'

'မှန်ပါတယ်...ဒါမဲ့ငါကဒီနိုင်ငံရဲ့ဘုရင်တစ်ပါးပဲ..ငါ့အမိန့်ကမင်းအပေါ်အကျုံးဝင်တယ်..'

'ကျုပ်သာစိတ်ပါရင်..ခင်ဗျားကိုအစိတ်စိတ်အမွှာမွှာဖြစ်သွားအောင်လုပ်လို့ရတယ်ဆိုတာလဲ...သိထားပါ...'

'ကောင်းပြီ..ဒီကိစ္စနောက်မှပြန်ဆွေးနွေးကြတာပေါ့...မင်းကိုငါ့အပိုင်ဖြစ်အောင်..သွေးအေးအေးနဲ့လုပ်ယူမှာပါ...တစ်ချိန်ချိန်ကျရင်မင်းကငါ့ဧကရီဖြစ်လာမှာ...ကင်ထယ်ယောင်း!!!'

-Destiny Controller-[Season-1]Where stories live. Discover now