Ep-10

1.3K 177 17
                                    

[Uni]

Ep-10

အလင်းထု ဟူသည် စိုးစင်းမျှမရှိ အလွန်တရာတိတ်ဆိတ်လွန်းသော..ခပ်စိမ်းစိမ်းနယ်မြေတစ်ခုပေါ် ခြေချမိလိုက်သည်နှင့် ခံစားလိုက်ရသောအငွေ့အသက်တို့က မနှစ်မြို့စရာကောင်းသည်။

'အရှင် ကျွန်တော်မျိုးတို့ ဆက်သွားလို့အဆင်ပြေပါ့မလား..ဒီကနေပဲလှည့်ပြန်ရအောင်လား..အရှင့်အတွက်အန္ဒာယ်များပါတယ်..'

'ကြောက်တတ်ရင်နေခဲ့ တပ်မှူးလေး'

'ကျွန်တော်မျိုးကအရှင့်အတွက်စိတ်ပူလို့ပါ..ဒီနယ်မြေကမကောင်းမှုဖြင့် ကျော်စောသည်မလား'

'ဒါကြောင့်မို့ငါဒီကိုရောက်လာတာပဲ...ငါလိုချင်တာမရမချင်းမပြန်ဘူး..'

သွေးညီစို့စို့နံ့ ရနေတဲ့ လှိုင်ခေါင်းပေါက်နားရောက်တော့ အဝတ်မပါ လူတစ်ယောက်ရောက်လာခဲ့၏။ထိုလူက အရှက်လုံအောင်သာ ဖုံးဖိထားပြီး လူဟူ၍ထင်ဖွယ်ရာမရှိအောင် စက်စုတ်ဖို့ကောင်းလှသည်။

'ငါတို့ ဆရာကစောင့်နေတယ် နောက်ကလိုက်ခဲ့ကြ'

စကားသံခပ်ဝဲဝဲဖြင့် ထိုလူနောက်သို့ စေတန်နဲ့တပ်မှူးလေး လိုက်သွားခဲ့သည်။ကြိုတင်အကြောင်းကြားထားတာမျိုးမရှိဘဲ 'စောင့်နေသည်' ဟူသော စကားကြောင့် အနည်းငယ်စဉ်းစာခန်းဖွင့်မိ၏။

'ထိုင်ပါအုံး ဘုရင်ကြီးစေတန်...ဟားဟားဟား..'

'ကျုပ်မထိုင်ဘူး...လိုရင်းပဲပြောပြီး ပြန်မှာ...'

'ငါတို့ရဲ့မြင့်မြတ်လှစွာသော ဘုရင်ကြီးတောင် ဒီလိုသေးနှုတ်နိမ့်ကျတဲ့ နေရာထိရောက်အောင်လာခဲ့တယ်ဆိုတော့..နတ်ဘုရားကင်ထယ်ယောင်းကြောင့်မှဟုပ်ရဲ့လား....'

'ခင်ဗျားဘယ်လိုသိတာလဲ...'

'အဆင်းရောအချင်းပါ ပြည့်စုံတဲ့ ငါတို့ရဲ့ ဘုရင်ကြီးအတွက်....လိုအပ်တာက အချစ်ပဲဖြစ်မှာပေါ့...အဲ့အချစ်ကလဲ လွန်ခဲ့တဲ့ ၈နှစ်လောက်ကတည်းကဖြစ်တည်လာတဲ့ ချစ်ခြင်း...ဟုပ်တယ်မလား...'

'ခင်ဗျားသိနေတော့လဲ ရှင်းပြရသက်သာတာပေါ့...ကျုပ်ဘာလိုချင်လဲဆိုတာ ခင်ဗျားသိတယ်ဆိုရင် ခင်ဗျားအစွမ်းနဲ့ဖန်တီးပေး... ခင်ဗျားကတော့ ဆုတော်ငွေတောင်းသလောက်ရမယ်..အပေးအယူဖြစ်မလား...'

-Destiny Controller-[Season-1]Donde viven las historias. Descúbrelo ahora