Ep-6

1.5K 249 13
                                    

[Uni]

Ep-6

'ယောင်း...ယောင်း..'

စေတန်ဒေါဒထွက်ချိန်တောင်မရလိုက်ပါ... ဂျောင်ဂုကKimရဲ့နာမည်ကိုတပြီး အတင်းတိုးဝင်လာတာကြောင့် စေတန်တောင် ခြေလှမ်းတွေယိုင်သွားရသည်။ ဘုရင့်အမှုထမ်းတွေကတော့ လက်ထဲတွက်ကိုင်ဆောင်ထားသော ဓါးတွေကိုဓါးအိမ်အတွင်းမှဆွဲထုတ်ပြီးစေတန်ကိုဝန်းရံထားကြသည်..ဓါးချွန်ကတော့ဂျောင်ဂုဘက်ကိုဦးတည်ထားတာပေါ့။ဘုရင်ကို ဝင်တိုက်တယ်ဆိုတာက ပေါ့သေးသေးပြစ်မှုမဟုပ်ပါ...

ဂျောင်ဂုကတော့ဘားမှကိုဂရုမစိုက်နိုင်..ကာလာဗလိုင်းဖြစ်နေတဲ့လူတစ်ယောက်လို ....Kimကလွဲရင်အခြားဘယ်အရာဝတ္ထုကိုမှ...မမြင်ရတော့တဲ့အထိ အသဲအသန်ဖြစ်နေသည်။

'ယောင်း...ယောင်းဘာမှမဖြစ်ဘူးမလား... ယောင်းကိုဘယ်သူဘာလုပ်လိုက်သေးလဲ... ကျွန်တော့်ကိုပြော...'

ဂျောင်ဂုကKimရဲ့ပုခုံးတွေကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး အသဲအသန်မေးနေသည်။ဂျောင်ဂုရဲ့မျက်လုံးတွေထဲမှာ စိုးရွံ့မှုတွေအပြင် နာကျင်မှုအရိပ်အယောင်တွေကပါဖြတ်သန်းလို့နေ၏။

Kim ကိုခြေစွန်းခေါင်းစွန်းကြည့်ပီး ဘယ်နားထိခိုက်သွားလဲရှာနေတဲ့ဂျောင်ဂုဟာ.. Hopeအတွက်တော့်ရီချင်စရာဟာသတစ်ခုပါ။ ဂျောင်ဂုကိုအခုလိုပုံစံမျိုးနဲ့ မမြင်ခဲ့ဖူးတာကြောင့် ပိုပြီး..အကြပ်ရိုက်စေသည်။ ချစ်သူနှစ်ဦးအလွမ်းသယ်နေတဲ့မြင်ကွင်းက ကြည်နူးဖို့ကောင်းပေမဲ့ တစ်ဖက်မှာလဲ လည်ပင်းကြိုးကွင်းစွပ်ခံရမဲ့အရေးကိုတွေးပြီး.. Hopeတစ်ယောက်စိတ်မချမ်းမြေ့နိုင်..

'ငါကမင်းကိုမေးရမှာလေဂျောင်ဂု..မင်း
ရဲမက်တွေတိုက်ခိုက်နေတာကို ငါမြင်ခဲ့တယ်...ငါ့အာရုံတွေထဲကနေ..မင်းတစ်ခုခုထိခိုက်မိတာများရှိလားဟင်'

'ပြောတော့  အရာရာကိုမြင်နိုင်တယ်ဆို...အခုကျွန်တော်ဘယ်နားထိခိုက်သွားလဲဆိုတာကိုကော..မမြင်နိုင်ဘူးလား..'

'ငါတောင်းပန်ပါတယ်...ငါ့စိတ်တွေအရမ်းလှုပ်ရှားပြီးထူပူနေတဲ့အချိန်ကျရင် ငါ့ဂါထာတွေရော..အာရုံခံနိုင်စွမ်းကပါ အသုံးမဝင်ဘူး... ဒါကြောင့်မင်းအခုခံစားနေရတာတွေကို ငါမမြင်နိုင်ဘူးဂျောင်ဂု...'

-Destiny Controller-[Season-1]Tempat cerita menjadi hidup. Temukan sekarang