Ep-12

1.3K 185 12
                                    

[Uni]

Ep-12

'ငါလဲကျောင်းတက်ချင်တယ်  စေတန်'

'နတ်ဘုရားတွေက အကုန်သိ အကုန်တတ်ပြီးသားလေ ကျောင်းသွားစရာမှမလိုတာ...'

'တူညီဝတ်စုံလေးတွေဝတ်ပြီး...သူတို့ကျောင်းသွားနေတာကြည့်ရတာ ပျော်စရာသိပ်ကောင်းတာပဲ....'

'ငါဘာလုပ်ပေးရမလဲ...'

'ဘာမှမလုပ်ပေးပါနဲ့...ငါကဒီတိုင်းသဘောကျတယ်လို့ ပြောကြည့်တာပါ...'

'ငါတို့ အခု လျှောက်လည်ကြမလား...'

'မင်းကကျောင်းတက်ရမှာလေ...'

'ကျောင်းပြေးလိုက်တာပေါ့...'

'မင်းအဖေရဲ့တပ်သားတွေ မင်းကိုလာရှာကြလိမ့်မယ်...'

'ငါတို့ဝေးဝေးပြေးကြတာပေါ့...ငါမင်းကိုကာကွယ်မယ်ထယ်ယောင်း...ငါ့အဖေရဲ့တပ်သားမကလို့ ငါ့အဖေဖြစ်နေခဲ့ရင်တောင် မင်းနာမည်ကိုလေသံမာမာနဲ့ခေါ်ခွင့် မပြုနိုင်ဘူး...'

'ကောင်းပြီလေ...မင်းကိုယုံပေးလိုက်မယ် စေတန်...'

____________________

'ငါတို့နှစ်ယောက်ရဲ့အမှတ်တရတွေကလဲ အများသားမဟုပ်လားစေတန်....မင်းဘက်က ငါ့အပေါ် အဖြူထည်နှလုံးသားအရောင်မဆိုးခဲ့ရင် အခုချိန်ထိ ငါတို့ အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်နဲ့ ရှိနေကြဦးမှာ...'

ပျက်စီးသွားတဲ့ စေတန်ရဲ့ ရုပ်အလောင်းဟာ အစအနရှာမတွေ့အောင် အဝေးသို့လွှင့်စင်ပေါက်ကွဲသွားခဲ့ပေမဲ့...နှလုံးသားအမြုတေကတော့ ထိုနေရာမှာကျန်ရစ်ခဲ့ပါသည်။ နှလုံးသားနစ်ခုလုံးပုံအောပြီးချစ်ခဲ့တဲ့ ထယ်ယောင်းအတွက် နောက်ဆုံးလက်ဆောင်အဖြစ်ချန်ပေးသွားတယ်ထင်ရဲ့။

ဒီနေ့ဆို စေတန်ရဲ့ စျာပနအခမ်းအနားကို တစ်နိုင်ငံလုံးငိုကြီးချက်မဖြင့် ဆင်နွှဲနေကြ၏။ သဂြိုလ်စရာ ရုပ်အလောင်းတောင်မရှိတဲ့ ဘုရင့်ရဲ့ စျာပနဟာ မျက်ရည်ချောင်းစီးနေတာကို ကြည့်ခြင်းဖြင့် စေတန်ဟာ တိုင်းသူပြည်သားတွေအတွက် အားကိုးရတဲ့ဘုရင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါသည်။

'စေတန်ရဲ့ နှလုံးသားအမြုတေကို ဘာလို့ဒီနေရာမှာ မျှောချင်တာလဲယောင်း...'

-Destiny Controller-[Season-1]Wo Geschichten leben. Entdecke jetzt