(Unicode)
At Los Angeles,
"ဘယ်လို! ငါလုံးဝခွင့်မပြုနိုင်ဘူးနော်"
အိမ်တော်ထဲတွင်ဟိန်းထွက်သွားသောပြင်းရှသည့်အာဏာပါသည့်အသံ၊ ထိုသူမှာအခြားသူမဟုတ် အဖွားParkပင်ဖြစ်လေသည်။
"အမေ..အဖွားကိုပြောပေးပါဦးဗျာ"
ဂျီမင်းမှာအမေဖြစ်သူ၏လက်မောင်းလေးကိုဖက်ပြီးကပ်ချွဲလေးနဲ့နှုတ်ခမ်းလေးစူကာတောင်းဆိုလိုက်လေသည်။
"အမေလည်းမတတ်နိုင်ဘူးလေသားရယ် သားအဖွားခွင့်ပြုမှပေါ့..အမေလည်းကြောက်တယ်ငါ့သားရဲ့.."
Mrs.Parkမှာ သားရဲ့အဖွားဖြစ်သူမိမိအမေကြားမည်စိုး၍ဂျီမင်းအနားသို့တိုးတိုးလေးကပ်ကာပြန်ပြောလိုက်လေသည်။
"ဒီလောက်ဝေးတဲ့ခရီးကိုငါဘယ်လိုခွင့်ပြုလိုက်ရမှာလဲ ငါ့မှာဒီမြေးလေးတစ်ယောက်ဘဲရှိတာ"
"အမေကလည်းခွင့်ပြုလိုက်ပါ သားလေးက Koreaကိုဒီလောက်ပြန်ချင်နေရှာတာ..စိတ်မချရင်အမေလိုက်သွားလိုက်လေ"
"ဟဲ့ နင်ငါ့ကိုသေအောင်သတ်နေတာလား..တစ်နေ့ကမှငါလည်း New Yorkကပြန်ရောက်တာလေ..အခု Koreaကိုလိုက်သွားရမယ်ဆိုရင် ဒီအဖွားကြီးကအိုနေပါပြီ အဲ့လောက်ခရီးပန်းတာလည်းမခံနိုင်တော့ဘူး ကိုယ့်အမေကိုယ်ပြန်သတ်နေတာလား ပတ်ခ်ဟေရှင်း"
"အမေကလည်း သမီးကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး..သားလေးကအရမ်းသွားချင်နေရှာတာကိုခွင့်ပြုပေးလိုက်ပါအမေရယ်.."
အဖွားParkမှာ မိသားစုထဲအာဏာအကြီးဆုံး၊အရှိဆုံးဖြစ်သည်။ သမီးနှင့်သားမက်ကတောင်သူမ၏စကားတစ်ခွန်းဆိုတစ်ခွန်းသာ။ မြေးဖြစ်သူပတ်ခ်ဂျီမင်းကိုတော့ တစ်ဦးတည်းသောမြေးလေးမလို့တုန်နေအောင်ချစ်ရှာသည်၊ ဂျီမင်းကလည်းသူ့အဖွားမကြိုက်လျှင်ဘာဆိုဘာမျှငယ်စဥ်တည်းကမလုပ်ခဲ့ချေ။ သူ့ကိုကြိုက်နေကြတဲ့တချို့ကောင်မလေးတွေဆို သူ့ကိုပြောနေကြသည်
" Grandmother's boy"တဲ့။ Mama's Boyတောင်မဟုတ်၊ Grandmother's boyဆိုတော့စဥ်းစားကြည့်လျှင် ပတ်ခ်ဂျီမင်းဟာအဖွားဖြစ်သူကိုတုန်နေအောင်ကြောက်ရသည်ဆိုတာတွေးကြည့်ရုံနဲ့တင်သိနိုင်သည်။
YOU ARE READING
𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦 ||𝗬𝗠||
Fanfictionအရာဝတ္ထုတစ်ခုနှင့်တစ်ခုကြား၊ လူတစ်ယောက်နှင့်တစ်ယောက်ကြား၊ မင်းနဲ့ကိုယ့်ကြား၊ ကျော်လွန်လို့မရတဲ့စည်းမျဥ်းသတ်မှတ်ချက်များစွာရှိနေတယ်။ Start Date- 25.11.2021 (4:30PM) End Date-