2

314 53 67
                                    

(Unicode)

မနက်ခင်းစောစောအချိန်ဝယ် ဂျီမင်းတစ်​ယောက်မှန်ဘီလူးတစ်လက်နှင့်အလုပ်ရှုပ်နေပေသည်။ မနက်မိုးလင်းတည်းက သူစောစောထပြီး မျက်နှာချင်းဆိုင်ရှိယွန်းဂီခြံအား မှန်ဘီလူးတစ်လက်နှင့်ချောင်းနေသည်မှာတစ်မနက်လုံး။ သို့သော်သူ့ရဲ့ဦးကတော့ အခုထိအရိပ်အယောင်တောင်မတွေ့ရသေးပေ။

"ဘာလုပ်နေမှန်းမသိဘူး ညကလည်းဦးအခန်းကတော်ရုံနဲ့မီးပိတ်မသွားဘူး အိပ်ရေးပျက်တော့မှာဘဲ"

ဂျီမင်းမှာပါးစပ်မှပွစိပွစိဖြင့်လှုပ်ကာတစ်ယောက်တည်းစကားပြောနေလေသည်။ မနေ့ညနေက သူနဲ့ဦး လမ်းထိပ်မှာကားတိုက်မလိုဖြစ်‌ပြီးစတင်တွေ့ဆုံခဲ့သည်။ တွေ့တွေ့ချင်းမှာပင် ဒီဆယ်ကျော်သက်အရွယ်ကောင်လေးဟာ ကိုယ့်ထက်အသက်အများကြီးကြီးတဲ့ ဦးကိုမြင်မြင်ချင်းချစ်မိသွားခဲ့သည်။

ဘာကြောင့်လဲ၊ ဘာလို့လဲ တစ်ခါမှအချစ်ကိုမခံစားဖူးလို့စိတ်ကစားတာလား? ထိုမေးခွန်းအတွက်သူ့မှာအဖြေမရှိပါ။သေချာတာကတော့ ဦးအပေါ်မှာဆယ်ကျော်သက်အရွယ်ကောင်လေးရဲ့စိတ်ကစားခြင်းမဟုတ်ဘဲ စစ်မှန်သောချစ်ခြင်းမေတ္တာတွေဖြစ်ပေါ်လာသည်ကိုတော့သူဝန်ခံပါသည်။ အကယ်၍ဦးကားနဲ့သူ့ကိုတိုက်ခဲ့မယ်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ခံရဲပါသည်။ ဦးကိုဒီကောင်လေးပတ်ခ်ဂျီမင်းကချစ်လို့!

သူအတွေးတွေလွန်နေစဉ် ခြံထဲသို့အိမ်နေရင်းဝတ်စုံဖြင့်ပန်းပင်တွေအားရေလောင်းနေသောဦးကိုတွေ့လိုက်ရသည်။ ချက်ချင်းပင် မှန်ဘီလူးကိုကောက်ယူလိုက်ကာ သေချာစွာဦးရဲ့လှုပ်ရှားမှုတိုင်းကိုပုံဖော်နေမိပြန်သည်။

"ဦးကတော့ တကယ်ပါဘဲ၊ ရေတွေစိုပြီးအကျီတွေကပ်နေတာ ပေါ်ကုန်ပြီ ဒီကဂျီမင်းနီးလေးသဝန်တိုတယ်လို့!"

ပန်းပင်များကိုရေလောင်းနေ၍ရေပိုက်မှစင်လာသော ရေများဖြင့်ကပ်နေသောယွန်းဂီ၏အကျီမှာခန္ဓာကိုယ်တွင်ကပ်နေကာ အထဲမှတောင့်တင်းသောခန္ဓာကိုယ်ကိုအထင်းသားမြင်နေရသည်။ ဂျီမင်းမှာတော့သဝန်တိုသော်လည်း မှန်ဘီလူးကိုလက်မှမချဘဲ ပို၍ပင်zoomချဲ့ကြည့်လိုက်လေသည်။

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now