(Unicode)
သာယာသောမနက်ခင်းလေးတစ်ခု၊ ကောင်းကင်ယံထက်တွင် မိုးသားများကအုပ်ဆိုင်းကာမိုးဖွဲလေးများ တဖြောက်ဖြောက်ကျဆင်းနေသော်လည်း ဂျီမင်းရဲ့စိတ်တို့မှာကြည်လင်နေလျက်ရှိသည်။ ကုတင်ဘေးတွင်ရှိသောဖုန်းကိုဖွင့်ကြည့်လိုက်လျှင်အချိန်မှာ မနက်8နာရီသို့ညွှန်ပြနေလေသည်။ တစ်ဆက်တည်း မနေ့ကသူနဲ့ဦးရဲ့အနမ်းကိုပြန်လည်တွေးမိပြန်တော့သူ့နှုတ်ခမ်းတွေကော့ညွှန့်သွားရပြန်သည်။
ဦးဘက်မှသူ့ကို လိုလိုလားလားနမ်းရှိုက်ခဲ့ပြန်တာမဟုတ်လား။ ပြီးတော့သူကိုယ်တိုင်ပန်းချီသင်ပေးမယ်လို့လည်းကတိပေးခဲ့တာမဟုတ်လား။ဒါတွေကိုတွေးကြည့်တော့ ကံကြမ္မာကဂျီမင်းဘက်ကိုအလေးသာနေသည်ဟုသာမှတ်ယူသည်။ ဒါဟာဦးဘက်မှသူ့အား စိတ်ထဲနေရာရှိသည်ဟုသတ်မှတ်လို့ရတယ်မလား။
တစ်ဆက်တည်းမှာပင် ညတုန်းကဖုန်းထဲမှအဖွားရဲ့စကားတွေကြောင့် ကော့ညွှန့်နေသောနှုတ်ခမ်းတို့ဟာ တည်ငြိမ်သွားရပါသည်။ အဖွားပြောလိုက်သောစကားများဟာ တကယ်ကိုသူ့အတွက် တည်ငြိမ်နေသောရေပြင်ထက်သို့ခဲလုံးပစ်ချလိုက်သလိုပင်။ မနေ့ညကအဖွားစကားများမှာ...
"Helloအဖွား နေကောင်းလား"
"နေနိုင်လိုက်တာငါ့မြေးလေး...အဖွားဆီအခုမှဖုန်းဆက်တော့တယ်နော်"
အဖွားရဲ့စကားကြောင့်ဂျီမင်း ခပ်သဲ့သဲ့လေးရယ်မိလိုက်သည်။
"မဟုတ်ပါဘူး အဖွားရဲ့...ကျွန်တော်အလုပ်တွေရှုပ်နေလို့ပါ"
"အရှုပ်တွေလုပ်နေတာတော့မဟုတ်ဘူးမလား"
"ဟာအဖွားကလည်း...လုပ်စရာလားအရှုပ်တွေ"
"ငါ့မြေးကိုအဖွားကယုံပါတယ်...အဖွားရဲ့ယုံကြည်မှုကိုမချိုးဖောက်သ၍"
ထိုစကားကြောင့်ပြုံးရယ်နေသောဂျီမင်းရဲ့မျက်နှာဟာ လိပ်ပြာမလုံသကဲ့သို့တည်ကြည်သွားကာ နှလုံးသွေးတွေပြောင်းပြန်စီးဆင်းသွားသကဲ့သို့ တစ်ကိုယ်လုံးပူထူသွားသလိုပင်။
"အဖွားကလည်း...ဘာတွေပြောနေမှန်းမသိဘူး ကျွန်တော်ကဘာလို့အဖွားယုံကြည်မှုကိုချိုးဖောက်ရမှာလဲ"
YOU ARE READING
𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦 ||𝗬𝗠||
Fanfictionအရာဝတ္ထုတစ်ခုနှင့်တစ်ခုကြား၊ လူတစ်ယောက်နှင့်တစ်ယောက်ကြား၊ မင်းနဲ့ကိုယ့်ကြား၊ ကျော်လွန်လို့မရတဲ့စည်းမျဥ်းသတ်မှတ်ချက်များစွာရှိနေတယ်။ Start Date- 25.11.2021 (4:30PM) End Date-