(Unicode)
Now I believe...
라랄라랄라라 부르는 노래
찾고 찾고 찾자 해메이던 그대와
My, oh my, oh 내 사랑 be my only one....ကော်ဖီဆိုင်လေးထဲသို့ဝင်လိုက်သည်နှင့် သင်းပျံ့သောကော်ဖီရနံ့လေးနှင့်အတူ LeeHi၏ My Only Oneသီချင်းသံမှာ ထွက်ပေါ်လျက်ရှိသည်။ ဂျီမင်းရဲ့မျက်ဝန်းအစုံဟာ မည်သည့်စားပွဲဝိုင်းတွင်ထိုင်ရမလဲဟုဝေ့ဝိုက်ကြည့်လိုက်စဥ် အနည်းငယ်ဂျောင်ကျသောနေရာ၌ စာရေးနေသောဦးကိုတွေ့လေသည်။ ဘေးတွင်ရှိသောကော်ဖီအား တစ်ငုံယူသောက်ပြီး နှင်းတွေကျနေသောလမ်းမကြီးကိုငေးကြည့်လိုက်၊ ပြီးလျှင်စာပြန်ရေးလိုက်နှင့်အလုပ်ရှုပ်နေသော ဦးကိုဂျီမင်းကြည့်ပြီးပြုံးလိုက်လေသည်။
"ဦး!"
ဂျီမင်းဟာဆိုင်ကယ်သော့လေးကို လက်ညှိုးထိပ်လေးတွင်လှုပ်ရမ်းကာ ယွန်းဂီထံလျှောက်လာပြီး ပြုံးပြုံးလေးခေါ်လိုက်သည်။
"လွမ်းနေတာဗျာ ဦးရာ...မပြောမဆိုနဲ့ဘယ်ပျောက်သွားတာလဲ"
ဂျီမင်းမှာ ယွန်းဂီရဲ့ခွင့်ပြုချက်လည်းမရပါဘဲပိုင်စိုးပိုင်နင်းဖြင့် ထိုစားပွဲဝိုင်းတွင်ပင် သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာပြုံးပြုံးကြီး ကြည့်လာသောဂျီမင်းကြောင့်ယွန်းဂီစိတ်ထဲအလိုမကျ။
မည်သို့ပင်ဆိုကာမူ သူတစ်ပါးထိုင်နေသောစားပွဲဝိုင်းတွင်ဝင်ထိုင်မည်ဆိုလျှင် လက်ရှိထိုင်နေသောလူရဲ့ခွင့်ပြုချက်တော့ယူရမယ်မဟုတ်ပါလား။ အခုဒီချာတိတ်ဟာ ပိုင်စိုးပိုင်နင်းဖြင့်၊ထားပါတော့လေ...ကလေးဘဲ ဒါတွေဘယ်နားလည်ပါဦးမလဲ။
ယွန်းဂီရဲ့စိတ်အလိုမကျခြင်းတို့ဟာ မျက်နှာထက်တွင်သိသိသာသာပေါ်လွင်လျက် ဂျီမင်းကိုမျက်မှောင်ကျုံ့ကာ ကြည့်နေမိသည်။
"ဦး..ကျွန်တော် မေးတာဖြေဦးလေ"
ယွန်းဂီဟာ သူ့မေးခွန်းကိုပင်အရေးမစိုက်ဘဲ ဘေးရှိကော်ဖီအားတစ်ငုံသောက်လိုက်လေသည်။
"ဦး..ကျွန်တော်မေးတာဖြေပါဦးဆိုနေမှ!"
သူ့မေးခွန်းကိုပြန်မဖြေသောယွန်းဂီကြောင့်ဂျီမင်းမှာ နှုတ်ခမ်းလေးစူကာ ကောက်ကွေးလေးသဖွယ်ဖြစ်နေလေသည်။ ထိုအရာကိုတွေ့သောအခါ ယွန်းဂီရဲ့ဝဲဘက်ရင်အုံမှ နှလုံးသားလေးဟာ အလိုက်မသိစွာခုန်သွားရပြန်ပါသည်။
YOU ARE READING
𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦 ||𝗬𝗠||
Fanfictionအရာဝတ္ထုတစ်ခုနှင့်တစ်ခုကြား၊ လူတစ်ယောက်နှင့်တစ်ယောက်ကြား၊ မင်းနဲ့ကိုယ့်ကြား၊ ကျော်လွန်လို့မရတဲ့စည်းမျဥ်းသတ်မှတ်ချက်များစွာရှိနေတယ်။ Start Date- 25.11.2021 (4:30PM) End Date-