"Jeon Jung Kookဖြေးဖြေးလုပ်ပါဟငါ့လက္မောင်းကြီးပြုတ်ထွက်တော့မယ်"
"နောက်ကျနေပြီလေ အ့ဲဒါကြောင့်မို့ဆွဲခေါ်နေတာကို"
"နင်မှကြိုမပြောတာ ငါကဘယ်ပြင်ဆင်ထားမလဲ"
"ငါကနင်လိုက္်မယ်ထင်ထားတာလေ"
"ငါကဘယ်တုန်းကကျောင်းကသွားတ့ဲခရီးတွေလိုက်လို့လဲ "
"အာ ထားလိုက်တော့ငါမှားတာ အခုတော့မြန်မြန်လာ"
မနက္်မိုးမလင်းခင်ကတည်းကအိမ်ရောက်လာပြီ ခရီးထွက်ဖို့ဂျီကျနေတာ ကြိုမပြောတော့အခု ပျားတွေတုပ်ကုန်ပြီ..
ကိုယ်ကခရီးတစ်ခုသွားမယ်ဆိုPlanသေချာဆွဲပြီးစီစဥ်တ့ဲလူလေ အခုလိုကပ်မှလာပြောတော့အဝတ်အစားန့ဲအသုံးအဆောင်တစ်ချို့သာထည့်ပြီး မြန်မြန်သာထွက်လာရသည်Jeonအတင်းဂျီကျနေလို့ပေါ့နို့မို့ဆိုကိုယ်မလိုက်ပါ ကျောင်းကရေပေါ်ဆီတွေနဲ့ခရီးသွားမ့ဲအစားဒီအတိုင်းGameဆိုင်သွားနေတာမှအဆင်ပြေဦးမယ် နောက်ပြီးJeonပြောတ့ဲစကားတစ်ခွန်းကြောင့်ဒီခရီးကိုလိုက်လာတာ..
(နင့်ကိုငါကကာကွယ်ပေးမှာမို့လို့ နင်ကဒီအတိုင်းလိုက်ခ့ဲယုံပဲ ပြီးတော့နင်မပါပဲငါမသွားချင်ဘူး)
နားထဲမှာကြားရင်းကြည်နူးေနတ့ဲစိတ်လေးကိုဖျတ်ဆီးလိုက်တာက လော်စပီကာသံ"အထက်တန်းဒုတိယနှစ် ကကလေးတွေ ကဒီဘက်ကကားအဝါဆီတက်နော်..."
"တတိယနှစ်ကတော့ဟိုဘက်ကကားအြပာတွေဆီသွားနော်.."
တတိယနှစ်ဆိုမှ ဟိုစီနီယာအမ မဟုတ်မှလွဲရောအ့ဲအမလဲ ခရီးကိုလိုက်တာလား ခုနကကြည်နူးနေတဲ့စိတ်ကလေးသည်ရေငွေ့ပျံကပျောက်ကွယ်သွားပြီးစိုးရိမ်ပူပန်မှုတွေသာစိတ်ထဲမှာကြီးစိုးလာတော့သည် ဒါဆိုJeon က ရည်ရွယ်ချက်ရှိရှိဒီခရီးကိုလိုက်လာတာလား... တတိယနှစ်လူအုပ်ဘက်ကြည့်မိတော့ဟိုအမအရိပ်အယောင်တောင်မတွေ့မိ...
လူကိုမမြင်ရပေမဲ့လဲခံစားနေရတာကတော့မသက်သာ အလိုမကျပူလောင်နေတဲ့ခံစားမှုမျိုးကိုဘလိုဖြေဖျောက်ရမလဲသူမ မပါလာလောက်ပါဘူး.. ငါမြင်မှမမြင်လိုက်ရတာသေချာလိုက်ကြည့်နေခဲ့တာပဲ..သူမပါလောက်ပါဘူး ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရင်း ကမ်းပေးတ့ဲJeonရ့ဲလက်ကိုဆွဲကာ ကားပေါ်သာတက်လာခ့ဲမိတော့သည်..
YOU ARE READING
EGO
أدب الهواةjk×oc Jeon Jung Kook Min Suga(August D) John Ro Na(Amada liya Black) Bella 17.9.2021