Unicode
ထည်ဝါကြီးမားလှတ့ဲတံခါးတစ်ခုကိုကြည့်ရင်း အလိုလိုသိမ်ငယ်စိတ်ဝင်မိပြန်သည်
တံခါးနောက်ကွယ်မှာရှိနေတဲ့ပုဂ္ဂိုလ်က ရင်းနှီးပြီးသားပုဂ္ဂိုလ် ဖြစ်နေပေမယ့်လဲ အရှိန်အဝါကြီးတ့ဲ အပြင်အဆင်တွေက ထိုလူကို ပိုပြီးအနားမကပ်ရဲအောင်ထောက်ပ့ံပေးနေသည် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးတံခါးလက်ကိုင်ကိုဖွင့်လိုက်တော့ စာအုပ်တစ်အုပ်ကိုဖတ်ရင်းစောင့်နေတဲ့ Jeon အဖိုး
ပုံမှန်လဲအိမ်မှာတွေ့နေကြကို အခုတော့ Company ကိုလာတွေ့ဖို့ကားပါလွှတ်ပေးလိုက်သည်ဘာလို့မှန်းမသိလေထုကအေးစက်နေပြီးစိတ်ထဲလေးလံလာသည်
"Rona လာ ဒီမှာထိုင်"
သူ့ရဲမျက်နှာချင်းဆိုင်ကခုံကို ညွှန်ပြရင်းမဝံမရဲဖြစ်သာ ထိုခုံဆီသို့သွားလိုက်သည်
ခြောက်နေသောလည်ချောင်းအကြိမ်ကြိမ်တံတွေးမျိုချရင်းန့ဲအဖိုးကိုကြည့်လိုက်သည်စက္ကူဖိုင်တစ်ခုကိုစားပွဲပေါ်ကနေကိုယ့်ဆီကိုတွန်းပို့ကာ
"မင်း Switzerland ကိုပညာတော်သင်သွားရမယ်"
ကိုယ်အရမ်းပျော်သွားတာ ပျော်သွားထက်ပိုလိမ့်မယ် အမြဲတမ်းသွားချင်ခ့ဲတ့ဲနေရာမို့လို့
German စာတောင်လေ့လာထားတာ"ဒီထဲမှာလိုအပ်တ့ဲစာရွက်စာတန်းတွေရယ် လေယာဥ်လက္မှတ်ရယ်"
ှေရှ့တစ်ပတ်ဆိုမင်းသွားရမယ်
စက္ကူဖိုင်လေးကိုဖွင့်ကြည့်လိုက်တော့လေယာဥ်လက္မှတ်ကတစ်စောင်ထဲ
"အဖိုး jung kook ကရော မလိုက်ဘူးလား"
"Jung kook လားမလိုက်ဘူးေလသူကသူ့ကောင်မလေးန့ဲပဲဒိီမှာကျောင်းဆက်တက်မယ်ပြောတယ်"
ဟင်ဘယ်ကကောင်မလေးလဲ ငါတောင်မသိဘဲသူကရည်စားထားမ့ဲကောင်လဲမဟုတ်ပါဘူး ပြီးတော့အဖိုးတောင်သိနေတာ အဖိုးကိုပါပြောပြပြီးနေပြီ ဘယ်သူလဲ ပုံမှန်ဆိုရည်စားထားမယ်ဆိုရက် ကိုယ့် ကိုအရင်ပြောပြတာလေ ဒါမှမဟုတ်ဟိုအမ ဟိုအမများလား
မဖြစ်နိုင်လောက်ပါဘူး ခေါင်းထဲမှာမီးတောက်နေသလိူပဲချာချာလည်နေပြီ
ခုနက အပျော်လေးသည် အငွေပျံပျောက်ကွယ်ကာအစပင်ရှာမရတော့

YOU ARE READING
EGO
Fanficjk×oc Jeon Jung Kook Min Suga(August D) John Ro Na(Amada liya Black) Bella 17.9.2021