Zawgyi
ခန့်မင်းစေတန်သည်ပန်းချီဆရာတစ်ယောက်ဖြစ်သည်။ငယ်ငယ်ထဲကဝါသနာပါရာအလုပ်လည်းဖြစ်သည်။မေမေသည်ဝါသနာပါရာကိုပံပိုးပေးတာကြောင့်မြန်မာနိုင်ငံသာမကအခြားနိုင်ငံများတွေပါKMSTပန်းချီဆိုလူတိုင်းနှစ်သက်သည်။ကဗျာစပ်ရတာကိုလည်းခန့်မင်းစေတန်နှစ်သက်
သည်။ငယ်ငယ်ကအဖေနဲ့အတူမနေခဲ့ရတဲ့သူ့အဖို့မေမေ
ကသာအဖေအမေဖြစ်ခဲ့သည်။မေမေဆုံးသွားသည်မှာ6လခန့်ပင်ရှိနေပြီး။မေမေသည်မာန်မာနကင်းပြီးစိတ်ထားကောင်းသူဖြစ်သည်။မေမေကတစ်ဦးတည်းသောသမီးဖြစ်ပြီးမိဘတွေရဲ့အချစ်တော်သူဌေးသမီးတစ်ယောက်။ဖေဖေသည်တစ်ကောင်ကြွက်တစ်ယောက်ထဲသမား။မေမေမိဘတွေကပိုးလိုဥထားတဲ့သူတို့သမီးကိုဖေဖေလိုတစ်ကောင်ကြွက်ဆင်းရဲသားနဲ့သဘောမတူကြပေ။နောက်ဆုံးဘယ်လိုမတားနိုင်တော့မှသဘောတူကြသည်။လက်ထက်ပြီးခန့်မင်းစေတန်ကိုမွေးပြီးသည့်အထိဖေဖေကိုဖွားတို့ကနှိမ်သလိုအမြင်လည်းမကြည်ပါ။အိမ်ထောင်ဦးစီးတစ်ယောက်ကိုမခံမရက်နိုင်သည့်အထိစကားလုံးများနဲ့ထိုးနက်လေ့ရှိသည်။ဖေဖေသည်စီးပွားရေးလုပ်သော်လည်းခေတ်အဆက်ဆက်ချမ်းသာလာတဲ့မေမေတို့ရဲ့ချမ်းသာမှုကိုမယှဉ်နိုင်။ညီလေးမွေးတော့ဖွားကဖေဖေကိုမခံနိုင်တဲ့စကားတွေနဲ့ထပ်ထိုးနှက်ပြန်သည်။
'ကလေးနှစ်ယောက်ရနေပြီးခုချိန်ထိစီပွားရေးကိုအရှုံးပေါ်အောင်လုပ်နေတာ၊မင်းလိုလူမျိုးကငါ့သမီးစည်းစိမ်တွေဘဲ
ထိုင်ဖြုန်းနေတဲ့ကောင်'ဟုညီလေးမွေးမွေးချင်းပင်ပြောသည်။ထိုရက်ကဖေဖေလုပ်ငန်းProjectမှာအရှုံးပေါ်သွားသည်။ဖေဖေသည်မေမေကိုချစ်တဲ့စိတ်နဲ့သည်းခံခဲ့ပေမယ့်ဖေဖေသည်လည်းမာနကြီးသောလူတစ်ယောက်ဖြစ်သည်။
ညီလေးမွေးမွေးချင်းပင်မိခင်နို့ပင်မဆိုရသေးတဲ့ကလေးကိုပိုက်ပြီးရေမြေခြားအရပ်ကိုသွားလေသည်။မေမေကထိုအချိန်ကသတိမေ့နေတာကြောင့်ဖေဖေအားမတားနိုင်ခဲ့။ မေမေမသေခင်ကအထိဖေဖေနဲ့ညီလေးအား
တွေ့ချင်သည်ဟုတဖွဖွပြောနေသေးသည်။ဒါပေမဲ့မေမေဆန္ဒတွေမပြည့်ခဲ့ပါ။ဖေဖေသည်မြန်မာနိုင်ငံကိုလုံးဝပြန်မလာပါ။ဘယ်နိုင်ငံလည်းဆိုတာမသိတာကြောင့်ရှာသော်လည်းမတွေ့ခဲ့ပါ။မနေ့မှဖေဖေအားမေးတော့USမှာနေကြောင်းသိရသည်။
ESTÁS LEYENDO
Villain is Your Husband
Romance!Adult/Possessive and Asshole! full credit to the artist of the cover photo