2Tan

14.8K 1K 50
                                    

Zawgyi

ငါးနှစ်ကွာတဲ့ညီအကိုနှစ်ယောက်

"ကောင်လေးတစ်ယောက်ကမိခင်နို့ရည်ကိုသုံးနှစ်တိတိဝအောင်သာက်ရသော်လည်းကျန်တစ်ယောက်မှာမူတစ်စက်မှမသောက်ခဲ့ရပေ။"

"7နှစ်အရွယ်ကောင်လေးဟာအခန်းမှောင်ထဲတစ်ယောက်ထဲအဖျားတက်နေချိန်12နှစ်အရွယ်ကောင်လေးကတော့မိခင်ရင်ခွင်ထဲနွေးထွေးစွာအိပ်ပျော်နေသည်။"

"ပိုက်ဆံအထပ်လိုက်ပေးပြီးကြိုက်တာဝယ်စားလို့ပြောတဲ့ဖခင်နဲ့သားကြီးအကြိုက်ကိုမေမေချက်ထားတယ်လို့ပြောတဲ့မိခင်"

"ကျောင်းမှာဆုရလို့ဖခင်အားပျော်ရွှင်စွာလာပြောတဲ့ကလေးငယ်အားဖခင်ကအလုပ်တွေမအားတာကြောင့်သေချာမနားထောင်ဘဲ"အင်း"တစ်လုံးသာပြောသည့်နှင့်မေမေသားကြီးကတော်လိုက်တာဆိုပြီးဖက်ထားတဲ့မိခင်"

"အဖျားကြီးကာ10နှစ်အရွယ်ကလေးငယ်ဟာမျက်လုံးအရောင်တွေပါပြောင်းသွားတဲ့အထိဖြစ်သွားပေမယ့်အလုပ်ကိစ္စကြောင့်ဂျပန်မှာသုံးရက်ကြာသွားတဲ့ဖခင်သည်သူရဲ့သားမျက်လုံးအရောင်အစစ်ကိုခုချိန်ထိမမြင်ဖူးသလိုဖျားနာတာကိုလည်းမမြင်ဖူးပေ။မဟုတ်ဘူးထိုကလေးငယ်ကဟန်ဆောင်ကောင်းခဲ့တာ"

"ကလေးငယ်ဟာပန်းချီဆွဲတာဝါသနာပါတယ်လို့မိခင်ကိုပြောပြချိန်တစ်ဖက်ကကလေးငယ်ကအလုပ်ကိုဘဲဦးစားပေးတဲ့ဖခင်ကြောင့်ဝါသနာဟာဘာလည်းဆိုတာမသိခဲ့ဘူး"

"မေမေသားကြီးဆိုပြီးတစ်ဖွဖွခေါ်ကာဂုဏ်ယူနေတဲ့မိခင်နဲ့လူမှန်းစသိထဲကသားလို့ပင်တစ်ခါမှမခေါ်ဘူးတဲ့ဖခင်"

ထိုဖခင်ကသူသားငယ်အားမချစ်လို့မဟုတ်ပါ။အရှေ့မှာပေါ်တင်မချစ်ပြခဲ့တဲ့ဖခင်ဟာနောက်ကွယ်မှာတော့သားငယ်ဖြစ်သူကိုသိပ်ဂရုစိုက်ခဲ့ပါတယ်။ဒါပေမယ့်သူအချိန်မပေးနိုင်ခဲ့သလိုမေတ္တာလည်းမပေးနိုင်ခဲ့ဘူး။သူပေးနိုင်တဲ့အရာကငွေတစ်ခုသာရှိသည်။သူထင်ခဲ့သည်​ငွေသာပေးနိုင်ရင်သူသားငယ်ပျော်ရွှင်နိုင်မယ်ဆိုပြီးပေါ့။

မိခင်ကတော့သူမသားကြီးကိုအချိန်ပေးနိုင်တယ်။မေတ္တာပေးနိုင်သည်။သူမအမျိုးသားထွက်သွားတော့ကျန်တဲ့စီးပွားရေးတွေကိုသူဘဲဦးစီးခဲ့ရသည်။သူမအတွက်ခက်ခဲတယ်ဆိုပေမယ့်သူမသားကြီးကိုသူမတက်နိုင်သလောက်ဂရုစိုက်ပေးခဲ့သည်။ပျော်ရွှင်မှုတွေပေးခဲ့သည်။

Villain is Your HusbandTempat cerita menjadi hidup. Temukan sekarang