.......(Unicode)
တောင်ကုန်းမို့မို့ကလေးထက် လေယူရာယိမ်းရင်းလွင့်ပါနေကြတဲ့ ရွက်ဝ်ကြွေနုနုတို့အား ငေးမောရင်းဖြင့်
အတိတ်နေ့ရက်တွေဆီသို့လွင့်ပါမြောရင်းတိတ်ဆိတ်နေတဲ့ နေ၀င်ဆည်းဆာအချိန်အခါ ....
"မောင့်ရဲ့အရိပ် ..... မောင့်ကိုစောင့်နေတာကြာသွားပြီလား "
"မကြာသေးပါဘူး မောင်ရဲ့ ရိပ်ကအခုပဲရောက်တာ "
"အခုပဲရောက်တယ်သာဆိုတယ် မောင့်အထင်တော့ ရိပ်တစ်ယောက်အတွေးတွေနဲ့ကြည်နူးနေတာခရီးအတော်ပေါက်နေပြီလို့ကို မောင်ကထင်နေတာရိပ်ရဲ့"
"အတွေးတွေခရီးပေါက်ဆ်ို ရိပ် နဲ့ မောင် ဒီကိုစရောက်တုန်းက မောင်ပြောခဲ့တဲ့ စကားတွေ မောင်နဲ့ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကိုပြန်တွေးမိရင်း ကြည်နူးလို့ပါမောင်ရယ် "
ရိပ် ကဒီလ်ိုဆိုလိုက်တော့ ရိပ် ရဲ့မောင်က ရိပ်ရဲ့ လက်နုနုကလေးကို တယုတယဆုပ်ကိုင်ရင်း
နှုတ်ခမ်းသားထူထူတို့ဖြင့်ဖိကပ်နမ်းရှိုက်ကာ ....
"မောင် ကလေ ရိပ်ကို သိပ်ချစ်တာ သိလားဟင်"
"ရိပ် ကလဲ မောင့်ကိုအရက်ကထပ် အများကြီးပိုချစ်ရပါတယ် မောင်ရယ် "
" မောင့် ရဲ့ ရိပ်ကလေးကလေ မောင့်အတွက်ခိုလှုံရာ အရိပ် မောင့်အတွက်မရှိမဖြစ်လိုအပ်တဲ့အရိပ် မောင့်ဘ၀က်ိုလုံခြုံစေတဲ့အရိပ်ဆိုတာ ရိပ် သိလားဟင်"
"မောင့် ကိုသိပ်ချစ်တဲ့ သွေးရိပ်ကလဲ မောင့်ရဲ့အရိပ်မှာမှ နွေးထွေးပြီး ရှင်သန်မယ့် အရိပ်ပါမောင် "
"၁၀ နှစ်ပြည့်မင်္ဂလာနှစ်ပါတ်လည်ပါမောင့်ရဲ့ရိပ် ... မောင့်လိုယောကျာ်းတစ်ယောက်အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လက်ထပ်ပေးခဲ့သည့်အတွက်ကော မောင့်ကို ရိပ်ဘ၀အတွက်လက်တွဲဖော်အဖြစ်ရွေးချယ်ပေးခဲ့တဲ့အတွက်ကော မောင်က ကျေးဇူးတင်တယ် "
"ရိပ် ကလဲ ရိပ်လိုမပြည့်စုံပဲ အားနည်းချက်တွေနဲ့လူသားကိုမှရွေးချယ်ပြီး ဘ၀တစ်ခုလုံးနဲ့ရင်းပြီး မြတ်နိုးပေးခဲ့တယ် တန်ဖိုးထားပေးခဲ့တယ် သိပ်ချစ်ပေးခဲ့တဲ့ မောင့်လိုလူမျိုးကိုပိုင်ဆ်ိုင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်မောင် "

ESTÁS LEYENDO
{R E F U G E }
FanficOngoing မို့ ကွန်ပလိ့မှဖတ်ချင်သူတွေမဖတ်ပါနဲ့ဦးရှင့် 🔞🔞🔞လဲပါမှာမို့ အမှောင်မကြိုက်ရင်မဖတ်ပါနဲ့ရှင့် သွိုင်းဇူး