24

2.7K 377 7
                                    

[Unicode]

ချီရှူးက ကျွန်တော့ကို တကယ်ပဲ လက်ထပ်ချင်တာ ဖြစ်ပုံရပါမယ်။

ကျွန်တော် ပထမတန်းစားအင်္ကျီဆိုင်ရဲ့ လယ်သာဆိုဖာပေါ်မှာ ထိုင်ကာ ဆိုင်ထဲ ခင်းကျင်းပြသထားတဲ့ လက်ရာမြောက်ပြီး တန်ဖိုးကြီးတဲ့ ဝတ်စုံတွေနဲ့ မင်္ဂလာဝတ်စုံတွေကို လိုက်ကြည့်နေမိတယ်။ ဒါက တကယ့်ကို အိပ်မက်ဆန်လွန်းလှတယ်။

ပြီးခဲ့တဲ့လကတည်းက ကျွန်တော့ ခန္ဓာကိုယ်အတိုင်းကို ရပြီးပြီလို့ ဆိုင်တာဝန်ခံက ပြောတယ်။ ပညာသည်တွေကို ဖိတ်ခေါ်ပြီး ဝတ်စုံ လေးစုံတောင် ချုပ်ခိုင်းခဲ့တယ် တဲ့။ ဒါကြောင့် ဒီနေ့ ကျွန်တော်က ဝတ်စုံနဲ့ တော်မတော်၊ ပြင်စရာနေရာရှိမရှိ စမ်းဝတ်ကြည့်ရုံပါပဲ။

ဝတ်စုံ လေးစုံ၊ အဖြူနဲ့ အမည်း နှစ်စုံစီ။ အင်္ကျီတွေက လိုက်ဖက်ညီနေပြီး ဖဲပြားပုံလည်စည်းတွေကလည်း အရောင်အသွေးအမျိုးစုံတွေပဲ ဖြစ်တယ်။

ချီရှူးက အဖြူရောင်ဝတ်စုံကို ညွှန်ပြပြီး ပြောတယ်။

"အဲ့တထည် စမ်းဝတ်ကြည့်"

ကျွန်တော် ဝတ်စုံပြန်လဲလိုက်တယ်။ သူကတော့ အမည်းရောင်တထည်ကို ဝတ်ကြည့်နေတယ်။

မှန်ရှေ့မှာ လူနှစ်ယောက်။ တယောက်က ချောမောကာ၊ အရပ်ရှည်ပြီး ပုံပန်းသွင်ပြင်က စူးရှတောက်ပနေတယ်။ နောက်တယောက်ကတော့ ဖျော့တော့ပြီး နဖူးပေါ်မှာ ရုပ်ဆိုးဆိုးအမာရွတ်ရှိတဲ့ လူပဲ ဖြစ်တယ်။

ချီရှူးက ဘယ်လိုလူပဲ ဖြစ်နေပါစေ၊ သူ့ရဲ့ သွင်ပြင်ဟာ ပြစ်မျိုးမှဲ့မထင်ပါပဲ။

ဒါကြောင့် ဘယ်လိုပဲ ကြည့်ပါစေ ကျွန်တော်ဟာ သူနဲ့ မလိုက်ဖက်ပါဘူး။


သူက ဆိုင်တာဝန်ခံရဲ့ လက်ထဲကနေ ဖဲပြားကို ယူလိုက်ပြီး ကျွန်တော့ကို တပ်ပေးတယ်။ သူ့အပြုအမူတွေက ညင်သာယုယစွာ။

တပ်ပေးပြီးနောက် သူက ကျွန်တော့လည်ကုတ်အနောက်ဘက်ကို ပွတ်သပ်လိုက်ပြီး မသိလိုက်ဘာသာနဲ့ သက်ပြင်းချတယ်။

ဘာလို့လဲ... ကျွန်တော့မှာ ဂလင်းမရှိတော့လို့လား။

ဘီတာတယောက်နဲ့ အတူမနေချင်ဘူးဆိုရင် ဘာလို့များ ကျွန်တော်နဲ့ လက်ထပ်ချင်နေသေးတာလဲ။

နွမ်းလျရွက်ဝါWhere stories live. Discover now