23

2.8K 365 6
                                    

[Unicode]

ရောက်ရောက်ချင်းပဲ ကျွန်တော် အဖျားဝင်ပါတော့တယ်။ မနေ့ညက တညလုံး လေစိမ်းတွေအတိုက်ခံခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။

ကျွန်တော့ခန္ဓာကိုယ်ကို ကျိုးချန်က ဂရုစိုက်ပေးခဲ့တာပါ။ ဒါကြောင့်မို့ ဒီ ခန္ဓာကိုယ်ဟာ တောင့်ခံနိုင်တဲ့ ခံရည်ဟာ ပျောက်ကွယ်သွားခဲ့တာ ကြာပြီး ယိုစိမ့်ပြီး စုတ်ပြဲနေတဲ့ ပလတ်စတစ်အိတ် တအိတ်ထက် မပိုဘူးဆိုတာကို မေ့တော့မလို့ပါပဲ။

ကျွန်တော် အအေးမိတယ်ဆိုတာကို သူသာ သိရင် သေချာပေါက်ကို ဆူမှာပဲ။ ကံကောင်းစွာနဲ့ပဲ သူ မသိခဲ့ပါဘူး။

ကျိုးချန်အကြောင်း တွေးလိုက်ရုံနဲ့ ကျွန်တော်အရှေ့မှာ မပီပြင်ဝိုးတဝါး ပုံရိပ်တခုက ပေါ်လာပြီး မသိလိုက်ဘာနဲ့ပဲ 'လူကြီးမင်း' လို့ ရေရွတ်လိုက်မိတယ်။

ဒီအခေါ်အဝေါ်ဟာ အိမ်အကူတွေနဲ့ အိမ်တော်ထိန်းကြီးက သူ့ကို ခေါ်ကြတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။

ကျွန်တော် သူ့ကို ပထမအကြိမ် ခေါ်တုန်းက သူ့လက်ထဲက ပျားရည်မွှေနေတဲ့ ဇွန်း လွတ်ကျသွားရတယ်။ ဒုတိအကြိမ်ကျတော့ ပွင့်တော့မယ့်ဆဲဆဲ ပန်းပင်လေးကို မတော်တဆ ညှပ်မိသွားတယ်။ တတိယအကြိမ်မှာတော့ သူက ပါးစပ်ကို အုပ်ကာ ချောင်းဆိုးလိုက်ပြီး ဘာမှ မဖြစ်သလို 'အင်း' လို့ အသံပြုတယ်။

ဒီလို ခေါ်တာ မကြိုက်ဘူးလားလို့ ကျွန်တော် သူ့ကို မေးခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဘယ်လိုပဲခေါ်ခေါ် ကိစ္စမရှိဘူးလို့ သူ ပြန်ပြောခဲ့တယ်။


ကျွန်တော့အရှေ့ကလူက တောင့်တင်းသွားကာ ကျွန်တော့ပခုံးကို ဖိကိုင်လို့ အံကြိတ်ရင်း ပြောတယ်။

"သေချာကြည့်ပါဦး ငါ ဘယ်သူလဲဆိုတာ"

ခေါင်းက တဒုတ်ဒုတ်ကိုက်ခဲနေပေမဲ့ အမြင်အာရုံက တဖြည်းဖြည်း ပြန်ကြည်လင်လာတယ်။ ပြီးတော့ ချီရှူးမျက်နှာကို တွေ့ရပါတယ်။

ဪ... အဲဒါ ချီရှူးပဲ။

"စီနီယာ" ကျွန်တော် ချိနဲ့စွာ အော်လိုက်ရင်း စောင်ပုံထဲပဲ ပြန်ဝင်တိုးသွားလိုက်တော့တယ်။

နွမ်းလျရွက်ဝါTempat cerita menjadi hidup. Temukan sekarang