39

2.1K 298 14
                                    

[Unicode]

အခုလို ပြောပြီးတော့ ဝမ်းကျစ်ချင်က ပြန်ထွက်သွားတယ်။ သူက ဒီ ပြဇာတ်လေးကို စောင့်ကြည့်ဖို့ လုံခြုံတဲ့ တနေရာရာလေးမှာ ရှိနေမှာပေါ့။

ဒါပေမဲ့ ကျွန်တော် သူ့ပြဇာတ်ထဲ ဝင်မပါချင်ဘူး။

အောက်ကြမ်းပြင်မှာ ကျောက်စရစ်ခဲတွေ ပြန့်ကျဲနေတယ်။ ကျွန်တော့လက်နှစ်ဖက်ကို ရစ်ပတ်ထားတဲ့ ကြိုး ကြားထဲကနေ တြိဂံပုံစံ ခဲအသေးလေးကို ကောက်ယူဖို့ ကြိုးစားလိုက်တယ်။

ဒီပုံစံအနေအထားက အားအင်ဆုတ်ယုတ်စေတယ်။ ဒါက ဘယ်လောက်ထိကြာမှာလဲ ကျွန်တော် မသိဘူး။ ကျွန်တော့ရဲ့ လှုပ်ရှားမှုတွေက ဦးနှောက်က ထိန်းချုပ်နေတာမဟုတ်ဘဲ စက်ပစ္စည်းတွေလို ထပ်ခါတလဲလဲ ဖြစ်နေတယ်။ ကျွန်တော့ခေါင်းထဲ တခုတည်း ရှိနေတဲ့အတွးကတော့ ဒီနေရာကနေ မြန်မြန်ထွက်သွားရမယ် ဆိုတာပါပဲ။

ကျိုးချန် လာကယ်တဲ့အထိ ကျွန်တော် မစောင့်နေနိုင်ဘူး။

အချိန်တွေကုန်သွားတာနဲ့အမျှ ကျွန်တော့တကိုယ်လုံးက ကိုင်ရိုက်ထားသလို နာကျင်နေပြီး ခေါင်းကလည်း မူးဝေနေတယ်။ ညလေအေးတွေ အကြာကြီး အတိုက်ခံထားရတဲ့အပြင် အင်္ကျီက မခြောက်ဘဲ ချွေးတွေနဲ့ နစ်နေတယ်။

ကျွန်တော့အထင် ကျွန်တော် အဖျားဝင်နေပြီ။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် ကျွန်တော် ကြာကြာမတောင့်ခံနိုင်လောက်တော့ဘူး။

လူက အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့အချိန်မှာပဲ ထူးဆန်းတဲ့အနံ့က နှာခေါင်းထဲ ဝင်လာတာကို ခံစားလိုက်ရတယ်။ အဲဒီအနံ့က ပို ပြင်းသထက် ပြင်းလာတယ်။ ကျွန်တော် ကြိုးကြိုးစားစား အနံ့ရှူကြည့်လိုက်ပြီးတဲ့အချိန်မှာတော့ အဲဒီအနံ့ဟာ လောင်စာဆီအနံ့မှန်း သေချာသွားရတော့ပါတယ်။

ဝမ်းကျစ်ချင် ဘာလုပ်ဖို့စိတ်ကူးနေတာလဲ... ရူးသွားပြီလား သူ။

ကြောက်ရွံ့စိတ်တွေက တကိုယ်လုံး စိမ့်တက်လာပြီးတော့ ကျွန်တော် လက်အရှိန်ကို ပို မြှင့်လိုက်တယ်။

အင်္ဂတေက လက်ကို ရှပြီး သွေးတွေ ပန်းထွက်လာတယ်။ ဒါပေမဲ့လည်း ရှင်သန်လိုစိတ်က နာကျင်မှုကို အလိုအလျောက် လျစ်လျူရှုစေပါတယ်။ ကျွန်တော် အာရုံစိုက်ထားသမျှကတော့ တစထက်တစ ပိုပါးလာတဲ့ ကြိုးကိုပါပဲ။

နွမ်းလျရွက်ဝါWhere stories live. Discover now