28

2.8K 372 13
                                    

[Unicode]

ကျွန်တော်က အပြစ်ကင်းတဲ့လူ မဟုတ်ကြောင်း ကျိုးချန်ကို ပြောပြချင်ပါတယ်။

ချီရှူးက ဘယ်လိုပဲ သွေးအေးတယ်ပြောပြော၊ ကျွန်တော်က သူနဲ့ ၄နှစ်တောင် အတူနေလာခဲ့တဲ့သူပဲ။ ဘယ်လိုအမူအရာနဲ့ လေသံမျိုးက သူ့ကို အထိခိုက်လွယ်စေဆုံးလဲဆိုတာ ကျွန်တော် သိတာပေါ့။

ကျွန်တော် တမင်တကာ အစာအငတ်ခံခဲ့တယ်၊ ဆေးလည်း ဆက်မသောက်တော့ဘဲ တနေ့ထက် တနေ့ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲခဲ့တယ်။ ကျွန်တော့ရဲ့ မျက်ရည်စက်လက်နဲ့ သနားခံမှုတို့ကို ချီရှူးမှာ ခုခံနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော့မှာ သတိရှိနေတဲ့ အချိန်မှာပဲ သူ့ကို ဒီလို လုပ်ရဲပါတယ်။

ကျွန်တော့ရဲ့ မှတ်စုစာအုပ်ကို အိပ်ရာဘေးမှာ တမင်ထားပြီး၊ လေတိုက်လို့ စာရွက်လန်သွားခဲ့ရင် 'ကျိုး' ဆိုတဲ့နာမည်ကို မြင်နေရအောင် ပထမဆုံးစာရွက်မှာပဲ တမင်ရေးပစ်ထားခဲ့တယ်။

ရှပ်အင်္ကျီပွပွတွေကိုလည်း ကျွန်တော် တမင်ရည်ရွယ်ပြီး ဝတ်ခဲ့ပါတယ်။ ဒါမှသာ သူ ကျွန်တော့ကို ပွေ့ဖက်တဲ့အချိန်ကျ ညှပ်ရိုးပေါ်သွားခဲ့ရင် အဲဒီက အမာရွတ်ကို မြင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။

ကျွန်တော် ဘဝနဲ့ရင်းပြီး လောင်းကြေးထပ်ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ အောင်မြင်သွားခဲ့ပါတယ်။

ဘယ်သူကများ သူ့နှလုံးသားကို ထိခိုက်လွယ်စေမလဲ၊ သူ့ရဲ့ အားနည်းချက်ကို လှစ်ပြရင်းနဲ့လေ။

သူက လှည့်စားခံထိုက်သင့်ပါတယ်။

ကျွန်တော် ကျိုးချန်အထိပါ လှည့်စားခဲ့တယ်။

ကျွန်တော် ပိုပြီး စိတ်မချမ်းမြေ့လေ၊ ဒီလို ကျွန်တော့ကို မြင်တိုင်း သူ ချီရှူးကို မုန်းလေလေ။ ဒါမှသာ သူ ကျွန်တော့ကို လက်လွှတ်ပေးနိုင်ခြေနည်းလေလေဆိုတာ ကျွန်တော် ကောင်းကောင်းသိနေခဲ့ပါတယ်။

တကယ်တော့ ချီရှူးက ကျွန်တော့ကို လက်နဲ့တောင် မရွယ်ခဲ့ပါဘူး။ အဲဒီအစား သူက ကျွန်တော့ကို နေ့နေ့ညည စောင့်ကြည့်ပေးပြီး ကောင်းကောင်းအိပ်ပျော်ဖို့နဲ့ ကောင်းကောင်းစားဝင်ဖို့အတွက် ချော့မော့ပေးခဲ့ပါတယ်။

နွမ်းလျရွက်ဝါTempat cerita menjadi hidup. Temukan sekarang