Ep.3

267 9 0
                                    

ရှောင်းကျန့် ရိပေါ်ကိုမတွေ့ရတာ တစ်ပတ်ကျော်ပြီ... ရိပေါ်နဲ့ခင်လာပြီမို့လို့ ရိပေါ်အကြောင်း သူသိသင့်သလောက်တော့သိနေပြီ... ရိပေါ်က အသက်အရွယ်နဲ့မလိုက်အောင်ရင့်ကျက်တဲ့ကလေးတစ်ယောက်... ပိုက်ဆံဆိုလည်း ပိုက်ဆံ... အရည်အချင်းဆိုလည်း အရမ်းတော်... ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီတစ်ခုလုံးကို ဦးဆောင်နိုင်နေပြီ... အက်လိုအရာရာ ပြည့်စုံတဲ့လူတိုင်း ပျော်ရွင်နေကြမယ်လို့ ရှောင်းကျန့် အရင်ကတွေးခဲ့ဖူးတယ်... အားကျခဲ့ဖူးတယ်...

ဒါမဲ့ ရိပေါ်ကအရမ်းသနားဖို့ကောင်းတယ်...
ငယ်ငယ်ထဲက အဖွားနဲ့ပဲကြီးပြင်းလာရတယ်... မိဘတွေက သူ့ကို အဖွားနဲ့ထားခဲ့ပြီး နိုင်ငံခြားကို ထွက်သွားတယ်လို့ သိခဲ့ရတယ်... သူ့ကို ထောက်ပံ့မှုတွေအကုန်ပေးကြပေမယ့် ရိပေါ်တကယ်လိုချင်တဲ့ မေတ္တာတရားကိုတော့ မပေးကြဘူး... မေတ္တာငတ်နေတဲ့ ရိပေါ်က သူမိဘတွေကဟိုမှာ အတူမနေဘဲ ကွဲနေကြတယ်ဆိုတာသိထဲက အချစ်မယုံတော့ဘူး...

ဒါကြောင့် ရည်းစားတွေ ထဲလဲတွဲပြီး ဆိုးသွမ်းနေရတဲ့အကြောင်းလို့ ရှောင်းကျန့်ထင်မိတယ်... ရိပေါ်က သူ့အကြောင်းတွေကို ပြောပြရတာကြိုက်တဲ့သူမဟုတ်ဘူး... ရှောင်းကျန့်မေးလို့သာ ပြောပြခဲ့တာတဲ့... တကယ်လည်း ရိပေါ်က သူ့ဆို အတော်အလိုလိုက်ပါတယ်... သူနဲ့ခင်ပြီးနောက်ပိုင်း သူမကြိုက်ဘူး မလုပ်နဲ့လို့ ပြောလိုက်တဲ့စကားတိုင်းကို တသွေမသိမ်း လိုက်နာတယ်... အရင်ကထက်အများကြီး လိမ္မာလာတယ်...

တစ်ယောက်ထဲ ရိပေါ်က သူ့ကိုအလေးထားမှန်း တွေးမိတော့ အပြုံးနုနုက မျက်နှာထက် ဖြစ်ထွန်းလာတယ်...

ဒါမဲ့ ဘာလို့ ရိပေါ်က မလာရတာလဲ... တစ်ပတ်တောင်ကျော်နေပြီ... ရိပေါ်ကို မတွေ့ရတော့ သူ့မှာ တစ်ခုခုလိုနေသလို... ဆိုင်မှာလည်း ပျင်းစရာကောင်းလွန်းတယ်...  ရိပေါ်လာမလားလို့ သူထိုင်နေကြခုံလေးကို မျက်လုံးလေးလှန်ပြီး ကြည့်မိတော့ ခုံအလွတ်ကြီးကိုသာ မြင်ရတော့ ပြုံးနေရာကနေ နှုတ်ခမ်းက အလိုလို ဆူထွက်လာရပြန်တယ်....

" ဟဲ့ ရှောင်းကျန့်!! မျက်နှာက ပြုံးလိုက် မဲ့လိုက်နဲ့ ဘာဖြစ်နေတာလဲ... ငါ ပြောနေတာတွေကို နဲနဲပါးပါး အဖတ်လုပ်ပါအုန်း..!!"

💚Into The Unknown 💚(Complete)Where stories live. Discover now