Ep.9(Final)

391 13 0
                                    

အက်နေ့... အတိအကျပြောရရင် accident ဖြစ်တဲ့နေ့...

အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်လာပီးတော့ လမ်းမှားတဲ့ ကားကိုလည်း အရေးယူဖို့ ဖမ်းထား‌တယ်...

‌သိပ်ချစ်ရတဲ့ကောကို အခုလိုဖြစ်အောင်လုပ်တဲ့ တရားခံကို ရိပေါ် သေချာပေါက်ခွင့်မလွှတ်ဘူးပေါ့...

ရိပေါ် သတိရချင်းး ကောကို သွားတွေ့ပြီးး သူလုပ်စရာရှိတဲ့အလုပ်ကို လုပ်ဖို့ ရဲစခန်းကိုသွားခဲ့တယ်...

အက်တုန်းက အချိန်က ဝေလီဝေလင်းအချိန်ဖြစ်တာကတစ်ကြောင်းး လမ်းကြောင်းကလည်း highway ဖြစ်နေတဲ့အတွက် တစ်‌ယောက်ထဲ ကားမောင်းတဲ့သူတွေအတွက် အိပ်ငိုက်တာတွေဖြစ်နိုင်တာမှန်ပေမယ့် အက်ပေါ့ဆမှုကြောင့် ကောထိခိုက်သွားတာကို ရိပေါ်လက်မခံနိုင်ပေ..

အာ့ကြောင့် သူ့ကိုအမှုဖွင့်ပြီးး ထောင်ဒဏ် နှစ်၅၀ထိ ချပလိုက်တယ်...

ပုံမှန်ဆိုရင် အက်လောက်မကျနိုင်ပေမယ့် ရိပေါ်က ပိုက်ဆံနဲ့ ပိုကျအောင်လုပ်ပေးလိုက်တာ.. ဖြစ်နိုင်ရင် တစ်သက်တစ်ကျွန်းကျအောင်လုပ်ပလိုက်ချင်တာ.. မဟုတ်ဘူး ကောနေရာမှာ အက်ကောင်ကိုအစားထိုးပလိုက်ချင်တာ...

ကိုယ်သိပ်မြတ်နိုးတန်ဖိုးထားရတဲ့သူ ဒီလို အဖြစ်ဆိုးမျိုးကြုံရတဲ့အခါ အခုလိုလက်တုံ့ပြန်မိတာ မောင်မလွန်ဘူးမလား ကော...

အက်နေ့က နစ်နာသူဟာ ကောတစ်ယောက်ထဲမဟုတ်ခဲ့... ဟိုဘက်က ကားမောင်းသမား ရှောင်လိုက်တဲ့အခြမ်းမှာ ကောင်မလေးတစ်ယောက်လည်းရှိနေခဲ့တယ်...

တစ်နည်းအားဖြင့် ကိုယ်ဝန်သည်မိန်းကလေးတစ်ယောက်... သူ့နာမည်က မေဟွားတဲ့... ကိုယ်ဝန်က ၅လ ရှိနေပီဖြစ်ပေမယ့် အပျိုဗိုက်မို့လို့ ဗိုက်ကသိပ်မထွက်သေးပေ...

ကလေးမလေးက ပြီးခဲ့တဲ့၃လကမှ ၁၈နှစ်ပြည့်ပြီးတာလို့သိရတယ်... မိသားစုစီးပွားရေးအခြေအနေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ထွက်လုပ်ရပြီး ကောင်းရာမွန်ရာ ငွေရှာနေပေမယ့် ..  လူမဆန်တဲ့လူတစ်ယောက်ကြောင့် သူ့ဘဝပျက်စီးခဲ့ရတယ်..

ဒါပေမယ့် အသက်နဲ့မလိုက်စွာ သတိရှိတဲ့ကောင်မလေးက ဘယ်သူ့အကူအညီမှမယူဘဲ သူ့ဘဝကိုကောင်းကောင်းရှေ့ဆက်တယ်...

💚Into The Unknown 💚(Complete)Where stories live. Discover now