Ep.7

238 7 0
                                    

၃နာရီကြာခွဲစိတ်ပြီးတဲ့နောက်မှာတော့... ဆရာဝန်ထွက်လာတာကို မြင်မြင်ချင်း ရိပေါ်အပြေးသွားမေးမိတယ်..

" Dr!! Dr!! ကော ကော အဆင်ပြေရဲ့လား အဆင်ပြေတယ်မလားဟင်.. ကောဘာမှမဖြစ်ဘူးမလား.. ကျွန်တော်ကိုပြောပါဗျာ.. ကောအဆင်ပြေသွားပြီမလားဟင်... ကောမနာတော့ဘူးမလားဟင်..."

ဆရာဝန်ကိုစကားပြောချိန်မပေးဘဲ တရစပ်မေးနေတဲ့ရိပေါ်က ဘယ်လောက်ထိ‌စိတ်ပူနေကြောင်း.. ဒီလူသားဟာသူ့အတွက် ဘယ်လောက်အရေးပါကြောင်းကို ပါးစပ်ကထုတ်ပြောစရာပင်မလိုတော့ပေ..

ဆရာဝန်မှာ သူ့ကိုပြောချိန်မပေးတဲ့ လူနာရှင်ကို ဖြတ်ပြောမှရတော့မယ်... မဟုတ်ရင် ဒီလူစိတ်ပူပြီးသေတော့မယ်..

" ခနလေး ခနလေး စိတ်အေးအေးထားပါဗျာ.. လူနာက ခွဲစိတ်မှု အောင်မြင်ပါတယ်ဗျာ.. အသက်အန္တရာယ်ကတော့ စိတ်ချရတဲ့အခြေအနေရောက်ပါပြီ.. အော် လူနာရှင်ဝင်ကြည့်ချင်လည်း ကြည့်လို့ရပြီနော်..ဒါမဲ့..."

ရိပေါ် ကြည့်ချင်ရင် ဝင်ကြည့်လို့ရပြီဆိုတာကြားတာနဲ့ ဆရာဝန်နောက်ပြောတာတွေကို မနားထောင်တော့ ကောဆီ တန်းပြေးလာတော့တယ်...

သူကော မျက်နှာလေးကိုအရမ်းကြည့်ချင်နေပြီ.. ကောအရမ်းပင်ပန်းနေရှာမှာ..

ကုတင်ပေါ်မှာ ဖျော့တော့စွာလှဲနေတဲ့ကောက သူ့ကို ရင်နာစေပေမယ့် ကောအခုလိုအသက်ရှင်နေတာပဲ သူ့အတွက် ဆုလာဘ်ကောင်းကြီးတစ်ခုဖြစ်နေတယ်..

ရိပေါ် ရှောင်းကျန့်နားကိုဖြေးဖြေးသွားလိုက်ရင်း...

" ကော ပင်ပန်း‌သွားပြီ... ကော အခုလို မောင့်ကိုထားမသွားတာ အရမ်းကျေးဇူးတင်ပါတယ်... မောင် ကောကိုအရမ်းအရမ်းကိုကျေးဇူးတင်ပါတယ်... ကောက မောင့်ကြောင့် မောင့်ကြောင့် အခုလို ဖြစ်နေရတာ... မောင်သာ မောင်သာ သတိထားခဲ့ရင် ကောအခုလိုဖြစ်မှာမဟုတ်ဘူး... ကော မောင့်ကြောင့် အခုလို နာနေရတာ... ကော မောင့်ကိုစိတ်ဆိုးပါအုန်းးနော်... ကော မြန်မြန်ထလာတော့နော်... ကောက ကောက မောင့်ကြောင့် မောင့်ကြောင့်..."

ပြောရင်း ငိုရင်းးနဲ့ မေ့လဲသွားတဲ့ရိပေါ်...
သူလည်းအရမ်းပင်ပန်းနေပြီ... ကောခွဲစိတ်နေတဲ့တလျောက်လုံးလည်း ဘုရားစာတွေရောပေါင်းစုံဆိုပြီး ဆုတောင်းနေခဲ့တာ...

💚Into The Unknown 💚(Complete)Where stories live. Discover now