Ep.5

253 8 0
                                    

ရှောင်းကျန့်တစ်ယောက် Marketထဲမရောက်လောက် လက်ထဲမှာလည်း ဘာမှမပါလာပေ..

အိမ်တောင် ဘယ်လိုပြန်ရောက်လာမှန်း သူကိုယ်တိုင်တောင်မသိ...

ရှောင်းကျန့်ရဲ့ စိတ်အစဉ်ဟာ မောင်နဲ့ ဘယ်လိုပတ်သက်နေမှန်းမသိတဲ့ကောင်မလေးတို့စီပါသွားလေပြီ...

" မောင် ငါတို့ရပ်လိုက်ကြရအောင် ဒီမှာတင်ပဲ... ငါမင်းကို လက်လွတ်လိုက်တော့မယ်... ငါထပ်ပြီးလူတစ်ယောက်ကြောင့် မနာကျင်နိုင်တော့ဘူး... "

ရှောင်းကျန့် နားကြည်းစွာနဲ့ ကျဆင်းနေတဲ့မျက်ရည်များကိုသုတ်ခါ အိပ်ခန်းဆီသို့...

အိပ်ရာပေါ်မှာ မျက်လုံးမှတ်ပြီး လှဲနေပေမယ့် သူအိပ်မပျော်နိုင်သေးပါ...

အမြဲတမ်းခိုင်မာတဲ့အကြောင်းပြချက်ရှိမှအလုပ်လုပ်တတ်တဲ့မောင်..
အကြောင်းအရင်းကို သေချာရှင်းပြတတ်တဲ့မောင်..

မောင့်အကြောင်းကိုသေချာသိတဲ့သူပီသစွာ မောင်သူ့ကိုရှင်းပြမှာလို့ ယုံကြည်နေမိသေးတယ်...

သူထွက်သွားရမယ်ဆိုရင်တောင် တကယ့်အကြောင်းအရင်းအမှန်ကိုသိချင်သေးတယ်.. တစ်နည်းပြောရရင် မောင်ရှင်းပြမှာကိုနားထောင်ချင်သေးတယ်...

ဘယ်အရာတွေက ‌သူ့ဆီကမောင့်အချစ်တွေကို သိမ်းပိုက်နိုင်သွားတာလဲဆိုတာကိုသိချင်သေးတယ်...

အာ့မို့ သူဒီတိုင်းလက်လွတ်စဖယ် ထွက်မသွားဘဲစောင့်နေတာ...
.........................

ရှောင်းကျန့် အိပ်ပျော်ခံနီးမှာ ခံစားလိုက်ရတဲ့မောင့်အထိအတွေ့....

မောင်က သူ့လက်ကိုကိုင်ပြီး မောင့်ပါးမှာအပ်ထားတယ်...

မောင့်ရဲ့ လက်တစ်ဖက်ကလည်း သူ့ရဲ့ဆံပင်လေးတွေကို ဖွပေးနေတယ်...

ပြီးတော့ မောင်က သူ့ရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကိုလည်း နူးညံ့စွာသုတ်ပေးနေသေးတယ်...

သူငိုနေမိတာလား... ဟုတ်တယ် အက်တာမောင့်ကြောင့်.. မောင်မင်းငါ့ကို သေချာရှင်းပြပီးချော့မယ်မလား...

ထို့နောက် သူ့နှုတ်ခမ်းကို ဖွဖွလာထိမိတဲ့မောင့်ရဲ့ နှုတ်ခမ်းနုနု..

💚Into The Unknown 💚(Complete)Where stories live. Discover now