Ep 1

982 62 13
                                    

အလုပ်ကိစနဲ့LAရောက်နေတာ တစ်လပြည့်မို့ အလုပ်တွေလည်းပြီးပြီလေ မနက်ဖြန်တော့ကိုရီးယားကိုပြန်မည်။ အင်း ကိုရီးယားမှာကျန်ခဲ့တဲ့ငယ်နဲ့ မနက်ဖြန်ဆိုတွေ့ရတော့မယ်လေ စိတ်ကူးနဲတင်minseokjinတစ်ယောက်အလွန်‌ေပျာ်‌ေနမိသည်။
ဖုန်းကိုကောက်ကိုင်လိုက်ပြီး ငယ့်စီကိုဆက်လိုက်သည်..ငယ်ဖုန်းမကိုင်သည်မို့ အန်တီမေကိုသာဖုန်းခေါ်လိုက်တော့သည်။

"ဟယ်လို အန်တီမေသားမနက်ဖြန်ပြန်လာတော့မယ်။အဲ့တာငယ့်ကို‌ေြပာပြပေးပါအုံးနော် သူဖုန်းမကိုင်လို့။"
အေးအေးသားကြီး အလုပ်တွေအကုန်ပြီးပြီလား ....."
"ဟုတ်ကဲ့ အန်တီမေ သားဒီမှာအလုပ်တွေအကုန်လက်စသတ်ပြီးပါပြီ အာ့‌ေြကာင့်ပြန်လာမှာပါ"
"အေးအေး အာ့ဆိုလည်းဒါပဲမလား အန်တီမေဖုန်းချလိုက်တော့မယ်‌ေနာ်။"
"ဟုတ်...."

အန်တီမေဆိုတာ ဆော့ဂျင်တို့မိဘ‌ေတွဆုံးသွားပြီးတည်းကသူတို့နှစ်ယောက်ကိုစောင့်ရှောက်ပေးခဲ့တာ အန်တီမေကယွန်းဂီရဲ့အ‌ဒေါ်
ဒါမဲ့နှစ်ယောက်လုံးကိုသားအရင်းလိုချစ်ရှာပါတယ်။

_________________________

မနက်ဖြန် ငယ်လေယဉ်ကွင်းကိုလာကြိုရင် လွမ်းနေခဲ့ကတဲ့နေ့ရက်တွေအတွက် ဖက်ပြီးတစ်ဝကြီးနမ်းမည်ဟုစိတ်ကူးယဉ်ရင်း Minseokjinတစ်ယောက်အိပ်ပျော်သွားသည်။

ကိုရီးယားကိုပြန်ရောက်ပြီ ငယ်တစ်ယောက်လာကြိုမလားဆိုပြီးလေယဉ်ကွင်းတွင်အချိန်တော်ကြာစောင့်ခဲ့သည်။အချိန်တွေသာကုန်သွားတယ် ငယ်ရောက်မလာပါဆက်စောင့်မနေတော့ဘဲ ကားငှားလိုက်ပြီးအိမ်ကိုပြန်လာခဲ့သည်။
အိမ်ရောက်တော့ဧည့်ခန်းထဲကဆိုဖာပေါ်မှာအခန့်သား ဂိမ်းဆော့နေတဲ့ငယ်ရယ်ပါ...။

"ငယ် ... jinလည်းခပ်ဆပ်ဆပ်ခေါ်လိုက်သည်" ။ လူတစ်ယောက်လုံးရောက်နေတာတောင်သတိမထားမိရအောင် အဲ့ဂိမ်းကအရမ်းစိတ်ဝင်စားဖို့ကောင်းနေလို့လား။

"ကြီးးး ကြီးပြန်လာပြီလား။ ငယ်ကိုတော့မပြောဘူး ငယ်လာကြိုမှာပေါ့"

"မင်ယွန်းဂီ မင်းအပိုတေပြောမနေနဲ့မနေ့ကငါအန်တီ‌ေမနဲ့ဖုန်းပြောတော့မင်းကို‌ေပြာခိုင်းလိုက်သားပဲ ခုမှအပိုတေပြောမနေနဲ့"
"ဟာ ကြီးကလည်းငယ်တစ်ကယ်မသိတာပါ ကြီးစိတ်မဆိုး‌နဲ့နော်"ဆိုပြီး..... ကိုယ့်ရင်ခွင်ထဲကိုဝင်လာတဲ့အကောင်ပေါက် ပါးကိုလည်းတစ်ချက်နမ်းလိုက်သေးသည် ။ပြန်လာတည်းကနှတ်ခမ်းလေးထော်ပြီး ပါးစပ်ကလည်းပွစိပွစိနဲ့ဘာတေပြောမှန်းမသိတဲ့အကောင်ပေါက်လေးကိုမြင်ပီးတည်းကတစ်လမ်းလံုးစိတ်ဆိုးလာခဲ့သမျှဘယ်‌ေရာက်ကုန်မှန်းမသိ။ ကိုယ့်ကိုလာမကြိုတဲ့အကောင်ပေါက်လေးကိုနည်းနည်းလောက်တော့စိတ်ဆိုးပြမှရမည်။

"နော်လို့ နော်" ။
"ဖယ်ကွာ ငါပင်ပန်းလာလို့သွားနားတော့မယ်" ။ကိုယ့်ကိုဖက်ထားတဲ့သူ့လက်ကိုဖြတ်ခြလိုက်ပီး ဧည့်ခန်းမှထွက်လာခဲ့သည်။

"ြကီး..."နောက်ကခေါ်သံသေးသေးလေး‌ေကြာင့်ဘာလဲဟူသောအကြည့်မျိုးနဲ့လှည့်ကြည့်လိုက်သည်။
ထိုအကောင်ပေါက်ကမျက်ရည်တေဝဲနေပြီ။ နှာခေါင်းထိပ်ဖြားလေးလည်းနီလို့... ငါစလိုက်တာအဲ့လောက်တောင်လွန်သွားပြီလား ကိုယ့်‌ေြကာင့် သူငိုရပြန်ပြီ။

"ငယ် ငယ်ရယ် ကြီးကစလိုက်တာပါ"
"ကိုယ့်ရဲ့ငယ်ကိုစိတ်ဆိုးစရာလား မငိုနဲ့တော့နော်"
နုနုဖက်ဖက်ပါးပေါ်ကိုကြဆင်းနေတဲ့မျက်ရည်အချို့ကိုသုတ်ပေးလိုက်သည်။
ထိုအခါမှအကောင်ပေါက်လည်းပြုံးသွားပြီး......
"တကယ်နော် ကြီး ငယ့်ကိုစိတ်မဆိုးတော့ဘူးဆိုတာ"
"ဒါပေါ့ ငယ်ရဲ့" ။ ခေါင်းလေးကိုပုတ်ပေးလိုက်ပြီး ကဲ ကြီးသွားနားတော့မယ်နော် ။
"အာ့‌ေြကာင့်ငါ့ကိုကြီးကိုချစ်နေရတာကွာ"

နောက်ဆုံးသူပြောသွားတဲ့စကားတော့သဘောမကြချင်ပါ ။

ငယ်ရယ် မင်းနဲ့ငါသာညီအစ်ကိုမဟုတ်ရင်သိပ်‌ကောင်းမှာပဲ...။
ကြီးဘက်ကတော့မဖြူစင်တော့ဘူးငယ် ဘယ်အချိန်တည်းကအရောင်ဆိုးမိမှန်းမသိတဲ့အချစ်တွေက အခုချိန်မှာအဖြူရောင်မဟုတ်တော့တာတော့သေချာတယ်.....

ဟူးးးးးး အခန်းထဲရောက်တာနဲ့အထုပ်‌ေတွကိုပြစ်ချပြီး ကုတင်ပေါ်ကိုသာပြစ်လှဲမိတော့သည်။

_________________________

Sin fic လေးရေးချင်လွန်းလို့ရေးလိုက်မိတာပါ။
ပထမ fic ကို အပိုင်း၁နဲ့တင်ရပ်ထားတဲ့သာသာ့ကို အိမ်အထိသာလာလုပ်ကြပါတော့🤧
ဖတ်တဲ့သူလည်းသိပ်မရှိတဲ့ အားငယ်တာပေါ့နော် ဒါမဲ့ဆက်ရေးသွားပါမယ်လို့ အားပေးကြပါအုံးလို့ ။





သူသာလျှင်Where stories live. Discover now