Ep5

188 25 8
                                    


ဆော့ဂျင်တစ်ယောက် ရုံးစောစောဆင်းပြီး ငယ်ကိုကျောင်းသွားကြိုရန်ခပ်မြန်မြန်ပင်ထွက်လာခဲ့သည်။
ကျောင်းရှေ့ရောက်တော့စောနေသေးတာမို့ခနရပ်စောင့်နေလိုက်သည်။ မကြာပါကျောင်းဆင်းလာကြပြီ သူလည်း အကောင်ပေါက်လေးကိုရှာလိုက်၏ ဟော တွေ့ပါပြီကျောင်းသားတွေကြထဲကသူ့အကောင်ပေါက်လေး ဘေးမှာလည်းလူတစ်ယောက်နဲ့ ထိုလူကသူ့စက်ဘီးလေးကိုတွန်းလာပေးသေးတာ၊ ပြုံးရယ်နေလိုက်တာများသွားသေးသေးလေတောင်ပေါ်လို့.....

ကိုယ်မကြိုက်ဘူး ကိုယ်မဟုတ်တဲ့အခြားတစ်‌ယောက်နဲ့မင်းအပြုံးတွေကိုဖောဖောသီသီသုံးနေတာကိုယ်မကြိုက်ဘူး ငယ်.....

သူလည်းသေချာကြည့်လိုက်တော့ ငယ်ဘေးကတစ်ယောက်က သူ့သူငယ်ချင်းနမ်ဂျွန်းမဟုတ်ပါလား
ဂျင်လည်းသူတို့နားကိုခပ်သွက်သွက်ရှောက်သွားလိုက်သည်။ ငယ်ကသူ့မြင်တော့ အနားကိုပြေးလာကာ လာဖက်၏။ အင်း ဒီလိုကြတော့လည်း ကိုယ့်အပေါ်မှာသူများတွေထက်ပိုသားဟုတွေးမိပြန်တော့ အပြုံးတေကရပ်တန့်မတော့။
"ကြီး ငယ်ကို့ကျောင်းလာကြိုတာလား " အပြုံးစစနဲ့မေးလာတဲ့ထိုအကောင်ပေါက်လေး
ဆော့ဂျင်လည်း စချင်တာကြောင့် "မဟုတ်ဘူး"အဲ့လိုပြောလိုက်တော့
"ဟွန့် ကြီးကိုမခေါ်တော့ဘူး"လို့ပြောပြီးနမ်ဂျွန်းနားကိုပြန်သွားကာ၊လာအကိုနမ်ဂျွန်း အဲ့ကြီးကိုထားခဲ့တဲ့‌ေလ။
ငယ်ကသိပ်ချွဲတာ လူကအထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီ ခုထိကိုယ့်အပေါ်မှာကလေးဆန်တုန်း ကိုယ်နဲ့စကားပြောရင်ကလေးတစ်ယောက်လိုပင်ချွဲနွဲ့နေသေးတာ ကျောင်းမှာသာရင့်ကျက်ချင်ယောင်ဆောင်နေတဲ့အဆိုးလေး...
ဟောကြည့် မနာလိုရအောင်နမ်ဂျွန်းလက်မောင်းကိုဖက်ပြီး သူ့ကိုထားခဲ့တဲ့လေ...
နမ်ဂျွန်းတစ်ယောက်တော့ ထိုနှစ်ယောက်ကိုကြည့်ကာပြုံးနေလိုက်သည်။
"နမ်ဂျွန်း မင်းနဲ့ငယ်ဘယ်လိုတွေ့တာလဲ"ဆော့ဂျင်မေးလိုက်တော့
"နမ်ဂျွန်းက မင်းမေ့နေပြီလား ငါကဒီကျောင်းမှာဆရာဆိုတာ"
အဲ့တော့မှသူလည်း "ဆောတီးကွာ ရုတ်တရက်ဆိုတော့"
နှစ်ယောက်ကစကားစနေတုန်းရှိသေးတယ် အလယ်ကအကောင်ပေါက်က "မသွားကြသေးဘူးလား ညောင်းနေပြီနော်"ဟုဆူပုတ်ပုတ်နဲ့ဆိုလာ၏...
"ကဲ ငါသွားတော့မယ် ကျောင်းသားတစ်ယောက်ကိုစာပြစရာရှိသေးလို့"
"ခန အကိုနမ်ဂျွန်း မနက်ဖြန်ကျောင်းလာရင် ဝင်ခေါ်ပါလားဟင်"ချွဲနွဲ့သလိုလေး ယွန်းဂီစကားဆိုလိုက်၏
နမ်ဂျွန်းက....
" အရူးလေး မင်းရဲ့ကြီးကလိုက်မပို့လို့လား" ဆော့ဂျင်တစ်ယောက် ယွန်းဂီစကား‌ကြောင့်ဒေါသထွက်နေရတဲ့ကြားထဲ နမ်ဂျွန်းပြောလိုက်သောစကားကြောင့် ဒေါသတွေကထိန်းမရတော့....
မင်ယွန်းဂီ... မင်းမဆိုးနဲ့ သူများကိုဒုက္ခမပေးနဲ့ငါတစ်ယောက်လုံးရှိ‌ေိတာကို နမ်ဂျွန်းလည်းအားမှာမဟုတ်ဘူး"ေဒါသထွက်နေသည်မို့အသံခပ်မာမာနဲ့သာပြောလိုက်သည်။
ငယ်က ခေါင်းကိုငုံ့ကာ "တောင်းပန်ပါတယ်အကိုနမ်ဂျွန်း အကိုအားမယ်ထင်လို့ပါ " အသံတိမ်တိမ်နဲ့နမ်ဂျွန်းကိုပြန်တောင်းပန်လေရဲ့....
နမ်ဂျွန်းက ....
"ရပါတယ်ကွာ မင်းတို့အိမ်ကငါနေတဲ့တိုက်ခန်းသိပ်မှမဝေးတာ ငါလာခေါ်နိုင်ပါတယ် မင်းလည်းရုံးစောစောသွားလို့ရတာပေါ့ဂျင်  ညနေလည်းငါပဲလိုက်ပို့ပါမယ်"
ဆော့ဂျင်တစ်ယောက်ငြင်းမ‌ရတော့ တစ်ဖက်ကအဆင်ပြေပါတယ်လို့ပြောနေတာ ဘယ်လိုငြင်းလို့ရမှာလဲ "မင်းအဆင်ပြေရင်းပြီးတာပါပဲကွာ" ဟန်ဆောင်ပြုံး‌တွေနဲ့သာ ပြန်ပြောလိုက်ရတော့သည်။
ငယ်ကတော့ ငုံနေတဲ့ခေါင်းလေးကပြန်မော့လာကာ "တကယ်လားဟင် ကျေးဇူးပါအကိုနမ်ဂျွန်း"
ထိုနေ့ကရင်ထဲမှာပန်း‌တွေပွင့်နေတဲ့ကောင်လေးရယ်၊ ရင်ထဲမှာဒူးရင်းသီးတေသီးနေတဲ့ကောင်လေးရယ် ကောင်လေးနှစ်ယောက်ရှိသတဲ့။

____________________
ပေါ့ရွတ်ရွတ်နဲ့🤣

သူသာလျှင်Where stories live. Discover now