Ep6

279 21 4
                                    

Ep6

ဒေါက် ဒေါက်....

"ငယ် မင်းအိပ်နေပြီလား ကြီးခနဝင်လာမယ်နော်" အသိပေးသလိုလေးပြောလိုက်ပြီး ငယ်ရှိရာအခန်းထဲဝင်လိုက်တော့ တစ်ကိုယ်လုံးကိုစောင်နဲ့ထွေးထားပုံများခေါင်းလေးသာပေါ်တော့သည်။ ကိုယ်လည်းကုတင်နားကိုလျောက်သွားပြီး
"ငယ် အစောကြီးအိပ်နေပါလား။ စာမကျက်‌တော့ဘူးလား"
"ငယ် ‌ခေါင်းတေကိုက်နေလို့" မျက်လုံးတောင်မဖွင့်ပဲ ပြောနေပုံထောက်ရင် ဒီကောင်လေးအတော်ခေါင်းကိုက်နေလို့များလား။ မှန်းစမ်းငယ် မင်းနေမကောင်းဘူးလား နှဖူးလေးကိုအသာယာစမ်းလိုက်ရင်း။ ဟင် ဒီကောင်လေးနေမကောင်းဖြစ်နေတာပဲ။
ကျစ်.. နေမကောင်းတာကိုမပြောဘူး။
"ခနနော် ငယ် ကြီး အောက်ထပ်ကိုဆင်းပြီးဆေးသွားယူလိုက်အုံးမယ်"ခေါင်းလေးသာညိမ့်ပြတဲ့ငယ်ရယ်ပါ ကိုယ်လည်းခပ်မြန်မြန်သာအောက်ထပ်ကိုဆင်းလာလိုက်တေု့သည်။ ကျစ်..အဖျားပြောက်ဆေးကုန်နေတာပဲ အန်တီမေမှာရှိလောက်မယ်ထင်တယ် အားနာနာနဲ့ပဲအန်တီမေကိုနိူးရအုံးမှာပဲ။ ကိုယ်လည်းအန်တီမေအခန်းတံခါးကိုခေါက်လိုက်ပြီး အိပ်နေပီလားအန်တီမေ ငယ် ဖျားနေလို့ အဖျားပြောက်ဆေးအပြင်မှာကုန်နေလို့အန်တီမေမှာရှိသေးလာလို့မေးလိုက်တော့ ကံကောင်းစွာပဲရှိတယ်တဲ့လေ။
"ရော့ သားကြီး သားငယ်လေးအတော်နေမကောင်းဖြစ်နေလား မသက်သာရင်ဆရာဝင်ခေါ်နော်"
"ဟုတ်ကဲ့ အန်တီမေ"ပြောပြီးခပ်မြန်မြန်သာ ငယ်ရှိရာ အပေါ်ထပ်သို့တက်လာခဲ့လိုက်တော့သည်။
"ငယ် ထလိုက်အုံး ဆေးသောက်ရမယ်" အိပ်ပျော်နေတဲ့ငယ်ကိုမနိုးချင်ပင်မဲ့နိူးရပြန်သည်။ ဆေးတိုက်တော့လည်းကြည်ကြည်ဖြူဖြူနဲ့သောက်တဲ့ငယ်ရယ်ပါ။စိတ်ပူနေတဲ့ကြားကပြုံးမိပြန်ပါပြီ ဒီကောင်လေးငယ်ငယ်ကဆိုတအားဆိုးတာ နေမကောင်းလို့ဆေးတိုက်ရင်ဘယ်တော့မှမသောက် ခုတော့တစ်ခါပဲပြောရတယ်။ အင်း ငယ်လည်းအရွယ်ရောက်လာပြီမဟုတ်ပါလား။
"ငယ် ခေါင်းကိုက်တာ သက်သာသွားအောင်ပြန်အိပ်လိုက်နော်"
နေမကောင်းတဲ့ကလေးငယ်လက်ကိုခပ်ဖွဖွလေးဆုပ်ကိုင်ထားမိတယ် ဒီရင်တေပူလောင်ရပါတယ် ငယ်ရယ် ကိုယ်ငယ်ငယ်တည်းကအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ကလေးမို့လို့ထင်ပါတယ် နည်းနည်းလေးမှအထိ‌ခိုက်မခံနိုင်လောက်အောင်ကိုချစ်ရပါတယ်။ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေလိုက်တာများ ချစ်ဖို့ကောင်းစွာ မျက်တောင်စိပ်စိပ်လေး‌တွေ အနည်းငယ်ပွင့်ဟနေတဲ့နှုတ်ခမ်းပါးလေးတွေဟာလည်း ချစ်ဖွယ်အတိ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကလည်း အပူရှိန်ကြောင့်ထင်ပါတယ် ခပ်ရဲရဲလေးရယ် မကျဉ်းမကျယ်နှုတ်ဖူးလေးပေါ်မှာခပ်ဝဲဝဲဖျာကြနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်တော့ ချွေးစလေးတွေစို့နေလေရဲ့ ချွေးပေါက်လေးတွေကိုသုတ်ပေးလိုက်ဖို့ရာလက်လေး‌ပြင်လိုက်တော့ အတွေးတစ်ခုပေါက်သွားရတာမို့ ခပ်ဖွဖွလေးနှုတ်ခမ်းလေးနဲ့ထိကပ်လိုက်မိတယ်။ ဒီတစ်ပါပဲအဆိုလေးရယ် နောက်ဆိုမင်းမသိအောင်ဘာမှမလုပ်တော့ပါဘူး ပိုင်ရှင်လေးမကြားမှန်းသိပင်မဲ့ တောင်းပန်စကားလေး။ ဒုတိယမိအကြည့်ရောက်သွားမိတာက ခပ်ရဲရဲ့ပါးပြင်လေးဆီ ဒီတစ်ခါလည်း ခွင့်မတောင်းပဲနမ်းရှိုက်လိုက်တယ် နှုတ်ခေါင်းချွန်ချွန်လေးတေမြုပ်ဝင်တဲ့အထိ။ထပ်ပြီးအကြည့်ရောက်မိတာက နှုတ်ခမ်းပါးပါးလေးဆီသို့ ကိုယ် ကိုယ် တောင်ပန်းပါတယ်ငယ် ဒီတစ်‌ကြိမ်တော့ခွင့်ပြုပါ နှုတ်ခမ်းလေးကိုတစ်မေ့တမောနမ်းရှိုက်လိုက်ချင်ပင်မဲ့အခွင့်မသာတာမို့ ထိကပ်ယုံမျှနမ်းရှိုက်ပြီး မချင့်မရဲနဲ့ပဲ ချိုချိုအီအီနှုတ်ခမ်းသားလေးတွေကိုလွှတ်ပေးလိုက်ရပြန်တယ်။
ကောင်းကောင်းအိပ်နော်ကလေးလေး ကိုယ်တစ်ညလုံးစောင့်နေပေးပါမို့။
"အိမ်မက်လှလှမက်ပါစေ အချစ်လေး"
___________________
Upလိုက်ပါပြီ တော်တော်လေးကြာသွားတယ်မလား စာတေအရမ်းရှည်နေလား🤣🤣
ဘာတေရေးနေမှန်းလည်းမသိပါဘူးဟယ်🤣

သူသာလျှင်Where stories live. Discover now