Ep2

339 44 6
                                    

မနက်ခင်းဟာသာယာနေခဲ့သည်။
ဒါ့ပေါ့ သာယာမှာပေါ့ တိုင်းတစ်ပါးမှာမဟုတ်ပဲ ကိုယ်ချစ်ရတဲ့မွေးရပ်မြေကိုပြန်ရောက်နေပြီလေ ။

အဝတ်အစားလဲရေမိုးချိုးပြီး အောက်ထပ်ထမင်းစားခန်းစီသို့....။
"မောနင်း အန်တီမေ"
"မောနင်း သားကြီး"
"ငယ်မနက်စာစားနေပြီလား ကြီးကိုတောင်မစောင့်ဘူး"ဆော့ဂျင်တစ်ယောက်ယွန်းဂီနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ရင်းစကားစလိုက်သည်။
"ကြီးကမနေ့ကမှခရီးကပြန်ရောက်လာတော့ နားချင်မယ်ထင်လို့ပါ"
"ငယ်ဒီနေ့အတန်းရှိတယ်မလား၊စာကြိုးစားနော်ငယ် ဘွဲ့ရပြီးသွားရင် အလုပ်တွေအကုန်ငယ်ပဲဉီးစီးပြီးလုပ်ရမှာ"
"ဟုတ်ကဲ့၊
အန်တီမေသားသွားတော့မယ်နော်၊ ကြီး တာတာ့"
ြကီးရဲ့ဆုံးမဩဝါဒတွေကြားမှလွတ်ရန်ငယ်တစ်ယောက်မြန်မြန်သာထွက်လာခဲ့တော့သည်။
ယွန်းဂီတစ်ယောက်အိမ်ပေါက်ဝမှာဖိနပ်စီးနေတုန်း...၊
"ငယ် ကြီးလိုက်ပို့မယ်လေ ကြီးကားနဲ့လိုက်ခဲ့ ညနေကြရင်လည်းကြီးလာကြိုမယ်နော်"
"ဟုတ်ကဲ့...ကြီး"
‌ကားပေါ်တက်တော့ကြီးကခါးပတ်ပတ်အုံးလေဟုဆိုတာကိုယ်တိုင်ပတ်ပေးရှာလေရဲ့။ ကြီးကတစ်‌ကယ်ကောင်းတဲ့သူပါ ။အမြဲတမ်းငါ့အနားမှာရှိနေပြီး ဂရုစိုက်ပေးနေရင်ကောင်းမှာပဲ။

"ြကီး မိန်းမယူမှာလာဟင်"
"ဟက်..စကားမဆက်ဘာတေမေးနေတာတုန်း"
"ငယ်မေးတာသာဖြေပါ ကြီးမိန်းမယူမှာလားဟင်၊ မဟုတ်ဘူးမယူရဘူးဗျာ ငယ့်အနားမှာတစ်သက်လုံးနေရမယ် ငယ့်ကိုပဲစောင့်ရှောက်ရမယ်နော်၊ ငယ်ရဲ့အကိုကြီးတစ်သက်လုံးလုပ်ပေးရမယ်နော်"
"ဒီကလေးဘာတေပြောနေတာတုန်း၊ ငယ်ရဲ့ကြီးမလုပ်လို့ဘယ်သူ့ရဲကြီးလုပ်ရမှာတုန်း၊ ငယ့်အနားမှာဟောဒီကကောင်ကြီးကတစ်သက်လုံးနေမယ်ဟုတ်ပြီလား"
"ဟုတ်..သားကအရမ်းဆိုးတယ်ဆိုပြီးကြီးထားခဲ့မှာကြောက်လို့ပါ"
'သားတဲ့လေ ချွဲတဲ့အခါကြရင်လည်း သူ့ကိုယ်သူချစ်ဖို့ကောာင်းအောင်သားဆိုတဲ့နာမ်စားလေးသုံးလေ့ရှိသေးသည်။ ငယ်ရဲ့အကိုကြီးမဟုတ်ပဲ ငယ်ရဲ့အမျိုးသားလေးလုပ်လို့ရောမရဘူးလားဟင်'ဆော့ဂျင်တစ်ယောက်စိတ်ထဲတွင်သာြကိတ်တွေးလိုက်သည်။မျက်နှာပေါ်ကအပြုံးတွေကတော့သိသာသွားလားမသိ....
"ကြီး ဘာတေတွေးပြီးပြုံးနေတာလဲ"
"ဘာလဲ ကြီးမပြုံးပါဘူးနော်"
"ပြုံးလိုက်တယ် ကြီးပြုံးလိုက်ပါတယ်ဆို မလိမ်နဲ့နော်"
"ဟားဟား မပြုံးပါဘူးဆိုကွာ"
နှစ်ယာက်သားစကားတပြောပြောနဲ့မောင်းလာတာကျောင်းရှေ့ရာက်လာပြီ၊ နှစ်ယောက်သားကားပေါ်ကအတူဆင်းလိုက်ပြီး
"တာ့တာနော် ကြီး ညနေကြရင်လာကြိုမယ်ဆိုပြီးမေ့‌မနေနဲ့နော်"
နှတ်ခမ်းလေးစူပြီးပြောနေတဲ့ငယ်ဟာသိပ်ချစ်ဖို့ကောင်းပါသည်။
"အင်းပါဗျာ အင်းပါ"

ငယ်ကျောင်းထဲဝင်သွားတာလေးကိုကြည့်ပြီးပြန်မယ်လုပ်နေတုန်း....

"ဆော့ဂျင်"
သူ့နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ကျောင်းတက်တုန်းကအရမ်းခင်ခဲ့ရတဲ့ငယ်သူချင်းကြီး uni ရောက်တော့ မေဂျာမတူ တက်တဲ့ကျောင်းလည်းမတူတော့ကွဲသွားကြတာ ခုမှပြန်တွေ့တယ်ဆိုပါတော့။
"နမ်ဂျွန်းဟုတ်တယ်မလား" ၊ "ဟုတ်ပဗျာ၊ ဘယ်လိုလဲသူငယ်ချင်းကြီးအလုပ်တွေအဆင်ပြေရဲ့လား" ၊လေးနှစ်ကျော်ကြာဝေးကွာနေတဲ့သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်လိုက်ကြရင်း၊
နမ်ဂျွန်းက..
"မင်းဒီကိုဘာကိစရှိလို့လဲ တိုက်တိုက်ဆိုင်ဆိုင်ကွာ ဒီမှာလာတွေ့ရတယ်လို့"
‌ေ‌ဆာ့ဂျင်က...
"ငယ့်ကိုကျောင်းလာပို့တာလေ"
နမ်ဂျွန်းက
"ငယ်ဆိုတာက..."
ဆော့ဂျင်က...
"ယွန်းဂီလေ မင်းမှတ်မိတယ်မလား ငါ့ညီလေးလေ"
"ဒါနဲ့မင်းကရောဒီကိုဘာလာလုပ်တာလဲ"
နမ်ဂျွန်းက...
ငါလားအတန်းလာတက်တာပေါ့၊ ဒီကျောင်းမှာငါက chemistryသင်တဲ့ဆရာလေကွာ"
ဆော့ဂျင်က...
"အေးပါကွာ အားတဲ့တစ်နေငါ့တို့ဆုံကြတာပေါ့ "
နမ်ဂျွန်းက...
"Ok , ခုတော့ငါအတန်းနောက်ကြတော့မှာမို့ သွားလိုက်အုံးမယ်"

တစ်ဖက်မှာတော့....

"ဟေ့ကောင်ယွန်းဂီမင်းကနောက်ကြလိုက်တာကွာ ငါ့စောင့်နေတာကြာပြီ"
"ဟေ့ကောင်ဟိုဆော့ရ မင်းသာ‌ေစာရောက်နေတာ ငါကနောက်မကြဘူးနော်"
"အေးပါကွာအေးပါ ခုသွားကြတော့မလား"
ဟိုဆော့ဆိုတာယွန်းဂီရဲ့အခင်‌ဆုံးသူငယ်ချင်း ခပ်ချေချေနေတတ်တဲ့ယွန်းဂီနဲ့သူငယ်ချင်းဆိုလို့ ဟိုဆော့တစ်ယောက်သာရှိသည် ၊ သူကလည်းဟိုဆော့ကလွဲ၍ကျန်တဲ့သူတွေကိုရှိတယ်မထင် ဟိုဆော့ကလည်းသူကလွဲ၍ကျန်တဲ့သူတေကိုအပေါင်းသင်းမလုပ်...
ခုတော့နှစ်ယောက်သား အတန်းချိန်လစ်ပြီး ဂိမ်းဆိုင်သွားကြလေရဲ့။

_____________________
ပေါ့သွားလားဟင် ဒီထက်ပိုပြီးကောင်းကောင်းလေးရေးပေးနိုင်အောင်ကြိုးစားနေပါတယ်လို့

သူသာလျှင်Where stories live. Discover now